တနေ့တော့ လူတယောက်ဟာ နယူးယောက်မြို့က ဘဏ်တခုထဲကို ဝင်လာပြီး ဘဏ်မန်နေဂျာကို ခရီးသွားဖို့ အရေးတကြီး ငွေလိုနေလို့ ဒေါ်လာ ၅၀၀၀ ကို နှစ်ပတ်လောက် ချေးချင်တယ် လို့ ပြောလိုက်တယ် ။ မန်နေဂျာက သူ့ကို သူတို့ဘဏ်မှာ ငွေစာရင်း မဖွင့်ထားလို့ ငွေချေးချင်ရင် အပေါင်ပစ္စည်း ထားဖို့ လိုတယ်လို့ ပြောလိုက်တယ် ။
အဲလူက ဘဏ်ရှေ့မှာ ရပ်ထားတဲ့ သူစီးလာတဲ့ ဖာရာရီ ပြိုင်ကား အနီလေးကို လက်ညိုး ထိုးပြပြီး သူက မန်နေဂျာကို ပြောလိုက်တယ် ။ " အဲဒါ ငါ့ကားပဲ ။ အဲဒီကားကို ငါ အပေါင် ထားခဲ့မယ် ။ ကားကို မထိခိုက်အောင်တော့ ဂရုစိုက်ပေါ့ကွာ ။ ရော့ ဒီမှာ၊ ကားသော့ ယူထားပါ "
ဖာရာရီ ကားတစီးရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ တသိန်းလောက် တန်တာမို့ ဘဏ်မန်နေဂျာလည်း ကျေကျေနပ်နပ်နဲ့ပဲ သူ့ကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေး လိုက်တယ် ။ အဲဒီလူဟာ သူ့ကားကို ဘဏ်မှာထားခဲ့ပြီး တခြားမြို့ကို လေယာဉ်နဲ့ ခရီးထွက် သွားတယ် ။
နှစ်ပတ်လောက် အကြာမှာ နယူးယောက်မြို့ကို ပြန်ရောက်လာတယ် ။ ဘဏ်ကို ရောက်လာပြီး သူချေးထားတဲ့ငွေ ဒေါ်လာ ၅၀၀၀ ကို ပြန်လာဆပ်တယ် ။ နှစ်ပတ်စာ အတိုးအတွက် ဒေါ်လာ ၂၀ ပေးလိုက်တယ် ။ ဘဏ်မန်နေဂျာက သူ့ကို သူ့ဖာရာရီ ကားသော့ကို ပြန်ပေးရင်း ခုလို မေးလိုက်ပါတယ် ။
" ဆရာခင်ဗျား.. ဆရာ ထွက်သွားပြီးတော့ ကျွန်တော်တို့ ဘဏ်က ဆရာ့အကြောင်းကို စုံစမ်း ကြည့်တယ် ။ ဆရာဟာ မီလျံနာ သူဌေးတယောက် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ် ။"
" ဆရာဟာ ချမ်းသာသူ တယောက် ဖြစ်နေလျက်နဲ့ ကျွန်တော်တို့ ဆီက ဒေါ်လာ ၅၀၀၀ ချေးရတာလဲ ဆိုတာကို ကျွန်တော် သိချင်လို့ ပြောပြနိုင်ရင် ပြောပြပေး ပါလား "
ဖာရာရီ ကားပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ် ။
" ဒေါ်လာ ၂၀ နဲ့ နှစ်ပတ်ကြာအောင် ငါ့ကားကို စိတ်ချ လက်ချ ပါကင် ထိုးလို့ရတာ ဘယ်မှာရှိလဲကွ " တဲ့ ။
သူ့ပိုက်ဆံ အကုန်သက်သာအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိလို့ ချမ်းသာနေတာကိုး ။
Crd
for zawgyi
ခ်မ္းသာေနရတဲ့ အေၾကာင္းအရင္း
တေန႔ေတာ့ လူတေယာက္ဟာ နယူးေယာက္ၿမိဳ႕က ဘဏ္တခုထဲကို ဝင္လာၿပီး ဘဏ္မန္ေနဂ်ာကို ခရီးသြားဖို႔ အေရးတႀကီး ေငြလိုေနလို႔ ေဒၚလာ ၅၀၀၀ ကို ႏွစ္ပတ္ေလာက္ ေခ်းခ်င္တယ္ လို႔ ေျပာလိုက္တယ္ ။ မန္ေနဂ်ာက သူ႔ကို သူတို႔ဘဏ္မွာ ေငြစာရင္း မဖြင့္ထားလို႔ ေငြေခ်းခ်င္ရင္ အေပါင္ပစၥည္း ထားဖို႔ လိုတယ္လို႔ ေျပာလိုက္တယ္ ။
အဲလူက ဘဏ္ေရွ႕မွာ ရပ္ထားတဲ့ သူစီးလာတဲ့ ဖာရာရီ ၿပိဳင္ကား အနီေလးကို လက္ညိဳး ထိုးျပၿပီး သူက မန္ေနဂ်ာကို ေျပာလိုက္တယ္ ။ " အဲဒါ ငါ့ကားပဲ ။ အဲဒီကားကို ငါ အေပါင္ ထားခဲ့မယ္ ။ ကားကို မထိခိုက္ေအာင္ေတာ့ ဂ႐ုစိုက္ေပါ့ကြာ ။ ေရာ့ ဒီမွာ၊ ကားေသာ့ ယူထားပါ "
ဖာရာရီ ကားတစီးရဲ႕ တန္ဖိုးဟာ အနည္းဆုံး ေဒၚလာ တသိန္းေလာက္ တန္တာမို႔ ဘဏ္မန္ေနဂ်ာလည္း ေက်ေက်နပ္နပ္နဲ႔ပဲ သူ႔ကို ေဒၚလာ ၅၀၀၀ ထုတ္ေခ်းေပး လိုက္တယ္ ။ အဲဒီလူဟာ သူ႔ကားကို ဘဏ္မွာထားခဲ့ၿပီး တျခားၿမိဳ႕ကို ေလယာဥ္နဲ႔ ခရီးထြက္သြားတယ္ ။
ႏွစ္ပတ္ေလာက္ အၾကာမွာ နယူးေယာက္ၿမိဳ႕ကို ျပန္ေရာက္လာတယ္ ။ ဘဏ္ကို ေရာက္လာၿပီး သူေခ်းထားတဲ့ေငြ ေဒၚလာ ၅၀၀၀ ကို ျပန္လာဆပ္တယ္ ။ ႏွစ္ပတ္စာ အတိုးအတြက္ ေဒၚလာ ၂၀ ေပးလိုက္တယ္ ။ ဘဏ္မန္ေနဂ်ာက သူ႔ကို သူ႔ဖာရာရီ ကားေသာ့ကို ျပန္ေပးရင္း ခုလို ေမးလိုက္ပါတယ္ ။
" ဆရာခင္ဗ်ား.. ဆရာ ထြက္သြားၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘဏ္က ဆရာ့အေၾကာင္းကို စုံစမ္း ၾကည့္တယ္ ။ ဆရာဟာ မီလ်ံနာ သူေဌးတေယာက္ ျဖစ္ေနတယ္ ဆိုတာကို သိလိုက္ရတယ္ ။"
" ဆရာဟာ ခ်မ္းသာသူ တေယာက္ ျဖစ္ေနလ်က္နဲ႔ ကြၽန္ေတာ္တို႔ ဆီက ေဒၚလာ ၅၀၀၀ ေခ်းရတာလဲ ဆိုတာကို ကြၽန္ေတာ္ သိခ်င္လို႔ ေျပာျပႏိုင္ရင္ ေျပာျပေပး ပါလား "
ဖာရာရီ ကားပိုင္ရွင္က ခုလို ျပန္ေျပာလိုက္တယ္ ။
" ေဒၚလာ ၂၀ နဲ႔ ႏွစ္ပတ္ၾကာေအာင္ ငါ့ကားကို စိတ္ခ် လက္ခ် ပါကင္ ထိုးလို႔ရတာ ဘယ္မွာရွိလဲကြ " တဲ့ ။
သူ႔ပိုက္ဆံ အကုန္သက္သာေအာင္ ဘယ္လို လုပ္ရမယ္ ဆိုတာကို သိလို႔ ခ်မ္းသာေနတာကိုး ။
Crd
0 Comments