Pokemon ဆော့ပြီး တနှစ်အတွင်း အလေးချိန် ၆၄.၅ ကီလိုဂရမ် လျှော့ချနိုင်ခဲ့တဲ့ အမျိုးသား

အင်္ဂလန်နိုင်ငံက တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ Tommy Monkhouse က Pokemon Go game ကို ဆော့ရင်းနဲ့ တစ်နှစ် အတွင်းမှာပဲ ကိုယ်အလေးချိန် ၆၃.၅ ကီလိုဂရမ် ကျသွားပါတယ်။

Tommy က အဝလွန်နေတဲ့ အတွက် အဝတ်အစားတွေ ဝတ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ နည်းလာခဲ့ပါတယ်။ အဲဒါကြောင့် ဝနေတဲ့ ခန္ဓါကိုယ်ကို ပိန်သွားအောင်လို့ လုပ်လို့ရမယ့် နည်းလမ်းတွေကို ရှာခဲ့ပါတယ်။

အဲဒီနောက်မှာပဲ Pokemon game ကို ဆော့ဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ လမ်းလျှောက် ဖိနပ်တစ်ရံကို ဝယ်ပြီးတော့ လမ်းစလျှောက် ပါတော့တယ်။ လမ်းမလျှောက်ခင်ကတော့ သူ့ကိုယ်သူ မိနစ် ၃၇ ခန့်သာ လျှောက်နိုင်မယ်လို့ ထင်ခဲ့တာပါ။ တကယ်တမ်းတော့ တစ်နေ့ကို သုံးနာရီ လမ်းလျှောက်နိုင်ခဲ့ပါတယ်။

တစ်နှစ်အတွင်းမှာပဲ ကိုယ်အလေးချိန် ၆၃.၅ ကီလိုဂရမ် ကျသွားပါတယ်။ တစ်ခါတလေမှာ တစ်နေ့ကို ကီလိုမီတာ ၂၀ ခန့် လမ်းလျှောက်ြ ဖစ်သွားတယ်လို့ Tommy က ပြောပါတယ်။ အရင်တုန်းကဆိုရင် Tommyဟာ ဝနေတဲ့ ခန္ဓါကိုယ်ကြီးကို ကြည့်ပြီး မပျော်နိုင်ခဲ့ပါဘူး။ နှစ်ကုန်မှာတော့ ၆၃.၅ ကီလိုဂရမ် ကျသွားလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ပြန်ရလာခဲ့ပါတယ်။

Pokemon game က သူ့ကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ပြောင်းလဲပေးခဲ့ကြောင်း Tommy က ပြောပါတယ်။ Pokemon game မဆော့ခင်က ဆိုရင် Tommy က သီးသန့် နေထိုင်တတ်ပြီး သူငယ်ချင်း များများစားစားလည်း မရှိပါဘူး။ Tommy ရဲ့ ပြောင်းလဲမှုတွေကို သူငယ်ချင်းတွေက စတင် သတိထားမိလာတဲ့အခါ သူငယ်ချင်းတွေကလည်း Pokemon ကို ဆော့လာကြ ပါတယ်။ Tommy မှာလည်း သူငယ်ချင်းတွေလည်း များလာခဲ့ပါတယ်။

video

Zombie (Lovemedia)

Ref - Worldofbuzz

for zawgyi

Pokemon ေဆာ့ၿပီး တႏွစ္အတြင္း အေလးခ်ိန္ ၆၄.၅ ကီလိုဂရမ္ ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့ အမ်ိဳးသား

အဂၤလန္ႏိုင္ငံက တကၠသိုလ္ေက်ာင္းသား တစ္ေယာက္ျဖစ္တဲ့ Tommy Monkhouse က Pokemon Go game ကို ေဆာ့ရင္းနဲ႔ တစ္ႏွစ္ အတြင္းမွာပဲ ကိုယ္အေလးခ်ိန္ ၆၃.၅ ကီလိုဂရမ္ က်သြားပါတယ္။

Tommy က အဝလြန္ေနတဲ့ အတြက္ အဝတ္အစားေတြ ဝတ္တဲ့အခါမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ နည္းလာခဲ့ပါတယ္။ အဲဒါေၾကာင့္ ဝေနတဲ့ ခႏၶါကိုယ္ကို ပိန္သြားေအာင္လို႔ လုပ္လို႔ရမယ့္ နည္းလမ္းေတြကို ရွာခဲ့ပါတယ္။

အဲဒီေနာက္မွာပဲ Pokemon game ကို ေဆာ့ဖို႔ ဆုံးျဖတ္လိုက္ ပါေတာ့တယ္။ လမ္းေလွ်ာက္ ဖိနပ္တစ္ရံကို ဝယ္ၿပီးေတာ့ လမ္းစေလွ်ာက္ ပါေတာ့တယ္။ လမ္းမေလွ်ာက္ခင္ကေတာ့ သူ႔ကိုယ္သူ မိနစ္ ၃၇ ခန႔္သာ ေလွ်ာက္ႏိုင္မယ္လို႔ ထင္ခဲ့တာပါ။ တကယ္တမ္းေတာ့ တစ္ေန႔ကို သုံးနာရီ လမ္းေလွ်ာက္ႏိုင္ခဲ့ပါတယ္။

တစ္ႏွစ္အတြင္းမွာပဲ ကိုယ္အေလးခ်ိန္ ၆၃.၅ ကီလိုဂရမ္ က်သြားပါတယ္။ တစ္ခါတေလမွာ တစ္ေန႔ကို ကီလိုမီတာ ၂၀ ခန႔္ လမ္းေလွ်ာက္ျ ဖစ္သြားတယ္လို႔ Tommy က ေျပာပါတယ္။ အရင္တုန္းကဆိုရင္ Tommyဟာ ဝေနတဲ့ ခႏၶါကိုယ္ႀကီးကို ၾကည့္ၿပီး မေပ်ာ္ႏိုင္ခဲ့ပါဘူး။ ႏွစ္ကုန္မွာေတာ့ ၆၃.၅ ကီလိုဂရမ္ က်သြားလို႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြလည္း ျပန္ရလာခဲ့ပါတယ္။

Pokemon game က သူ႔ကို ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာကိုပါ ေျပာင္းလဲေပးခဲ့ေၾကာင္း Tommy က ေျပာပါတယ္။ Pokemon game မေဆာ့ခင္က ဆိုရင္ Tommy က သီးသန႔္ ေနထိုင္တတ္ၿပီး သူငယ္ခ်င္း မ်ားမ်ားစားစားလည္း မရွိပါဘူး။ Tommy ရဲ႕ ေျပာင္းလဲမႈေတြကို သူငယ္ခ်င္းေတြက စတင္သတိထားမိလာတဲ့အခါ သူငယ္ခ်င္းေတြကလည္း Pokemon ကို ေဆာ့လာၾက ပါတယ္။ Tommy မွာလည္း သူငယ္ခ်င္းေတြလည္း မ်ားလာခဲ့ပါတယ္။

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments