အကြောသေနေတဲ့ခင်ပွန်းကို (၄) နှစ်လုံး သစ္စာရှိရှိ ပြုစုပြီး မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့တဲ့ အမျိုးသမီး

သူမရဲ့ခင်ပွန်းက လမ်းမလျှောက်နိုင်တော့တာ သိပေမယ့် မင်္ဂလာပွဲကို စီစဉ်ခဲ့ပြီး ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါတယ်။ Zhang လို့ ခေါ်တဲ့ အမျိုးသမီးက သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ ဆုံတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ Zhang ရဲ့ ခင်ပွန်းက ဆောက်လုပ်ရေးသမား တစ်ဦးဖြစ်ပြီး အိမ်တွေကို ပြန်လည်မွမ်းမံရေးလုပ်ငန်းကို လုပ်ပါတယ်။

Zhang တို့ နှစ်ယောက်ဟာ အနေဝေးပေမယ့် ဖုန်းအဆက်အသွယ်ကတော့ မပြတ်ပါဘူး။ သူတို့နှစ်ယောက်ဟာ တရားဝင် လက်ထပ်ခဲ့ကြပေမယ့် မင်္ဂလာပွဲနဲ့ ဓာတ်ပုံရိုက်ဖို့ ငွေကြေး မလုံလောက်လို့ မင်္ဂလာပွဲကိုတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာမင်္ဂလာပွဲ လုပ်နိုင်ရမယ်လို့ နှစ်ယောက်လုံးက သန္ဒိဋ္ဌာန်ချပြီး အလုပ်ကြိုးစားကာ ငွေစုကြပါတယ်။

ခင်ပွန်းဖြစ်သူက ဇာတိမြို့မှာ ဈေးသက်သာတဲ့ အိမ်လေးဆောက်နိုင်အောင် ကြိုးစားပါတယ်။ အိမ်အတွက် 200000 ယွမ်သုံးခဲ့ပြီး ကျန်ရှိတဲ့ 50000 ယွမ်ကို မင်္ဂလာဆောင်ဖို့ စီစဉ်ထားပါတယ်။ စိတ်မကောင်းစရာကတော့ မင်္ဂလာမဆောင်ခင် အချိန်လေးမှာ Zhong ရဲ့ ခင်ပွန်းက ဓာတ်လိုက်ခံရပြီး အကြောသေသွားပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်ရုံတစ်မယ်သာ ရှိတော့ပြီး ဘာမှလုပ်ကိုင်နိုင်စွမ်း မရှိတော့ပါဘူး။ စကားလည်း မပြောနိုင်တော့ပါဘူး။

Zhang က တတ်နိုင်သမျှ ကုသချင်သေးပေမယ့်လည်း ဆရာဝန်က လက်လျှော့ဖို့ ပြောလိုက်ပါတယ်။ Zhang က လက်မလျှော့ဘဲ ခင်ပွန်းဖြစ်သူကို အိမ်ပြန်ခေါ်လာပါတယ်။ အဲဒီနောက် အနားက မခွာဘဲ တစ်နေကုန်လုံး ပြုစုပေးပါတယ်။ Zhang က ကြွက်သားတွေကို နှိပ်နှယ်ပေးတာဟာ တစ်နေ့ကို အကြိမ်ပေါင်း မနည်းပါဘူး။ Zhang အတွက် ပင်ပန်းပေမယ့်လည်း လက်လျှော့ဖို့ တစ်ခါမှမစဉ်းစားခဲ့ဖူးပါဘူး။

Zhangက ၄ နှစ်လုံးလုံး ခင်ပွန်းသည်ကို ပြုစုရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းခဲ့ ပါတယ်။ ဆေးကုသဖို့ အတွက်လည်း မိတ်ဆွေတွေ၊ မိသားစုဝင်တွေဆီ ကနေလည်း ပိုက်ဆံတွေ ချေးခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ်သူ ပြန်လည်နေကောင်းလာတဲ့ အချိန်မှာတော့ အားတက်ပျော်ရွှင်လာဖို့ အချိန်ကြာမြင့်စွာ ဆွဲထားခဲ့တဲ့ မင်္ဂလာဆောင်ပုံကို ပြန်လည် စီစဉ်ခဲ့ပါတယ်။

Zhang တို့ နှစ်ယောက်လုံး မင်္ဂလာဝတ်စုံတွေဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ Zhang တို့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို သူတို့ရဲ့ဇာတိမြို့လေးမှာပဲ ကျင်းပမှာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူ လုံးဝပြန်ကောင်းလာပြီး မတ်တပ်ရပ်နိုင်မယ်လို့ Zang ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။

Zombie (Lovemedia)

Ref - worldofbuzz

for zawgyi

အေၾကာေသေနတဲ့ခင္ပြန္းကို (၄) ႏွစ္လုံး သစၥာရွိရွိ ျပဳစုၿပီး မဂၤလာေဆာင္ဖို႔ စီစဥ္ခဲ့တဲ့ အမ်ိဳးသမီး

သူမရဲ႕ခင္ပြန္းက လမ္းမေလွ်ာက္ႏိုင္ေတာ့တာ သိေပမယ့္ မဂၤလာပြဲကို စီစဥ္ခဲ့ၿပီး ဓာတ္ပုံေတြလည္း ႐ိုက္ခဲ့ပါတယ္။ Zhang လို႔ ေခၚတဲ့ အမ်ိဳးသမီးက သူမရဲ႕ခင္ပြန္းျဖစ္သူနဲ႔ ဆုံေတြ႕ခဲ့ၿပီး ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ Zhang ရဲ႕ ခင္ပြန္းက ေဆာက္လုပ္ေရးသမားတစ္ဦးျဖစ္ၿပီး အိမ္ေတြကို ျပန္လည္မြမ္းမံေရးလုပ္ငန္းကို လုပ္ပါတယ္။

Zhang တို႔ ႏွစ္ေယာက္ဟာ အေနေဝးေပမယ့္ ဖုန္းအဆက္အသြယ္ကေတာ့ မျပတ္ပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ တရားဝင္ လက္ထပ္ခဲ့ၾကေပမယ့္ မဂၤလာပြဲနဲ႔ ဓာတ္ပုံ႐ိုက္ဖို႔ ေငြေၾကး မလုံေလာက္လို႔ မဂၤလာပြဲကိုေတာ့ မလုပ္ျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္ တစ္ေန႔မွာမဂၤလာပြဲ လုပ္ႏိုင္ရမယ္လို႔ ႏွစ္ေယာက္လုံးက သႏၵိ႒ာန္ခ်ၿပီး အလုပ္ႀကိဳးစားကာ ေငြစုၾကပါတယ္။

ခင္ပြန္းျဖစ္သူက ဇာတိၿမိဳ႕မွာ ေဈးသက္သာတဲ့ အိမ္ေလးေဆာက္ႏိုင္ေအာင္ ႀကိဳးစားပါတယ္။ အိမ္အတြက္ 200000 ယြမ္သုံးခဲ့ၿပီး က်န္ရွိတဲ့ 50000 ယြမ္ကို မဂၤလာေဆာင္ဖို႔ စီစဥ္ထားပါတယ္။ စိတ္မေကာင္းစရာကေတာ့ မဂၤလာမေဆာင္ခင္ အခ်ိန္ေလးမွာ Zhong ရဲ႕ ခင္ပြန္းက ဓာတ္လိုက္ခံရၿပီး အေၾကာေသသြားပါတယ္။ အဲဒီေနာက္မွာေတာ့ အသက္ရွင္႐ုံတစ္မယ္သာ ရွိေတာ့ၿပီး ဘာမွလုပ္ကိုင္ႏိုင္စြမ္း မရွိေတာ့ပါဘူး။ စကားလည္း မေျပာႏိုင္ေတာ့ပါဘူး။

Zhang က တတ္ႏိုင္သမွ် ကုသခ်င္ေသးေပမယ့္လည္း ဆရာဝန္က လက္ေလွ်ာ့ဖို႔ ေျပာလိုက္ပါတယ္။ Zhang က လက္မေလွ်ာ့ဘဲ ခင္ပြန္းျဖစ္သူကို အိမ္ျပန္ေခၚလာပါတယ္။ အဲဒီေနာက္ အနားက မခြာဘဲ တစ္ေနကုန္လုံး ျပဳစုေပးပါတယ္။ Zhang က ႂကြက္သားေတြကို ႏွိပ္ႏွယ္ေပးတာဟာ တစ္ေန႔ကို အႀကိမ္ေပါင္း မနည္းပါဘူး။ Zhang အတြက္ ပင္ပန္းေပမယ့္လည္း လက္ေလွ်ာ့ဖို႔ တစ္ခါမွမစဥ္းစားခဲ့ဖူးပါဘူး။

Zhangက ၄ ႏွစ္လုံးလုံး ခင္ပြန္းသည္ကို ျပဳစုရင္းနဲ႔ပဲ ဘဝကိုျဖတ္သန္းခဲ့ ပါတယ္။ ေဆးကုသဖို႔အတြက္လည္း မိတ္ေဆြေတြ၊ မိသားစုဝင္ေတြဆီ ကေနလည္း ပိုက္ဆံေတြ ေခ်းခဲ့ပါေသးတယ္။ ခင္ပြန္းျဖစ္သူ ျပန္လည္ေနေကာင္းလာတဲ့ အခ်ိန္မွာေတာ့ အားတက္ေပ်ာ္႐ႊင္လာဖို႔ အခ်ိန္ၾကာျမင့္စြာ ဆြဲထားခဲ့တဲ့ မဂၤလာေဆာင္ပုံကို ျပန္လည္ စီစဥ္ခဲ့ပါတယ္။

Zhang တို႔ ႏွစ္ေယာက္လုံး မဂၤလာဝတ္စုံေတြဝတ္ၿပီး ဓာတ္ပုံ႐ိုက္ခဲ့ၾကပါတယ္။ Zhang တို႔ ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲကို သူတို႔ရဲ႕ဇာတိၿမိဳ႕ေလးမွာပဲ က်င္းပမွာျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ ခင္ပြန္းျဖစ္သူ လုံးဝျပန္ေကာင္းလာၿပီး မတ္တပ္ရပ္ႏိုင္မယ္လို႔ Zang ခိုင္ခိုင္မာမာ ယုံၾကည္ေနပါတယ္။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments