ပင်လယ်ရေတွေကို ရေချိုအဖြစ် ပြောင်းလဲနိုင်ကြောင်းတွေ့ရှိ

ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၂.၂ ဘီလီယံဟာ သောက်သုံးရေကို လုံလုံလောက်လောက် မရရှိကြပါဘူး။ ကမ္ဘာကြီးရဲ့ ၇ ရာခိုင်နှုန်းက ရေထုဖြစ်နေပေမယ့် ရေရှားပါးမှုဒဏ်ကို ခံစားနေရတဲ့ ဒေသတွေ အများကြီးပါ ။ သောက်သုံးရေ လုံလောက်ဖို့အတွက် ပင်လယ်ထဲကရေကို ရေချိုအဖြစ် ပြောင်းနိုင်မလား ဆိုတဲ့ မေးခွန်းကို ဆိုမာလီနိုင်ငံ နယ်စပ်နားမှာရှိတဲ့ ကင်ညာနိုင်ငံက မြို့ငယ်လေးတစ်မြို့က သက်သေပြနိုင် ခဲ့ပါတယ်။

ဒီရှေ့ပြေး စမ်းသပ်မှုက ကင်ညာနိုင်ငံ၊ Kiunga မြို့မှာ နေထိုင်သူတွေအတွက် များစွာ အကျိုးရှိစေ ခဲ့ပါတယ်။ ကမ္ဘာပေါ်က တခြားဒေသတွေမှာလည်း ဒီနည်းပညာကို အသုံးချဖို့ ကြံဆနေကြပါတယ်။ ကမ္ဘာပေါ်က လူသုံးယောက်မှာ တစ်ယောက်က သောက်ရေ မရရှိကြကြောင်း Unicef နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကကြီးက လွန်ခဲ့တဲ့လေးလက ဖော်ပြခဲ့ပါတယ်။

ဆာဟာရသဲကန္တာရ တောင်ပိုင်းမှာရှိတဲ့ နိုင်ငံတွေဟာ ရေရှားပါးမှုဒဏ်ကို ပိုခံစားရပါတယ်။ နေစွမ်းအင်သုံးစနစ်နဲ့ အိန္ဒိယသမုဒ္ဒရာထဲက ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ Kiunga မြို့ကို ရွေးချယ်လိုက်ပါတယ် ။ ပင်လယ်ထဲကရေကို ရေချိုအဖြစ် ပြောင်းလဲဖို့ GivePower က ရံပုံငွေတည်ထောင်ပေးခဲ့ပါတယ်။ GivePower အဖွဲ့က ကိုလံဘံယာနိုင်ငံနဲ့ ဟေတီနိုင်ငံမှာလည်း ဒီအစီအစဉ် ပြုလုပ်ဖို့ စီမံထားပါတယ်။

ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲနိုင်ခြင်းက လူပေါင်း ၃၅၀၀၀ ကို နေ့စဉ် ရေရရှိအောင် ဖန်တီးပေးပါတယ်။ ဒီနည်းကို အသုံးပြုဖို့အတွက် စွမ်းအင်အများကြီး ကုန်ဆုံးပြီး ငွေကုန်ကြေးကျလည်း များပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို နေစွမ်းအင်သုံးနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ် ။ ဆိုလာပြားတွေက ၅၀ ကီလိုဝပ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ လုပ်ဆောင်ရည်မြင့်တဲ့ Tesla ဘက်ထရီကို သိုလှောင်နိုင်ပြီး ၂၄ နာရီလုံး ရေစုပ်ပေးနိုင်ပါတယ်။ ရေရဲ့အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။

ပင်လယ်ရေကို ရေချိုအဖြစ် ထုတ်ယူတဲ့အတွက် အကြွင်းအကျန်အနေနဲ့ ဆားကို ရရှိပြီး အပင်နဲ့ တိရစ္ဆာန်တွေကို အန္တရာယ်မဖြစ်စေပါဘူး။ အရင်ကဆိုရင် Kiunga မြို့မှာ နေထိုင်သူတွေက ရေရရှိတဲ့နေရာကို ရောက်ဖို့အတွက် တစ်နာရီကြာ သွားရပါတယ်။ ရရှိတဲ့ရေကလည်း မသန့်ပါဘူး။ Kiunga မြို့မှာ မုတ်သုံမိုးလာပြီးရင်တော့ မိုးခေါင်ခြင်းနဲ့ ကြုံရပါတယ်။

အဲဒါကြောင့် လူပေါင်း ၃၅၀၀၀ ဟာ ရေရဖို့နေရာကို တစ်နာရီ ကြာသွားရတာပါ။ အဲဒီရေတွေကို တိရစ္ဆာန်တွေလည်း ချိုးတာကြောင့် အဲဒီဒေသက လူတွေဟာ သေဆုံးနိုင်တဲ့ ရောဂါတွေကိုပါ ခံစားရပါတယ်။ မသန့်တဲ့ရေတွေနဲ့ အဝတ်အစားလျှော်တာ၊ ရေချိုးတာတွေ လုပ်ရတာကြောင့် ကလေးတွေမှာ ယားနာရောဂါတွေဖြစ်တယ်လို့ GivePower ရဲ့ ဥက္ကဌ Hayes Barnard က ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်က ရေချိုရှားပါးမှုနဲ့ ကြုံတွေ့ရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ NGO က နိုင်ငံပေါင်း ၁၇ နိုင်ငံက ကျောင်းပေါင်း ၂၅၀၀ နဲ့ အရေးပေါ် ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ဆိုလာပြားတွေကို တပ်ဆင်ပြီးပါပြီ။ ပင်လယ်ရေကနေ ရေချိုအဖြစ်ပြောင်းလဲနိုင်မှု နည်းစဉ်က ကမ္ဘာတစ်ဝှမ်းလုံးမှာ အောင်မြင်လာတဲ့အခါ ကမ္ဘာ့လူဦးရေရဲ့ ကျန်းမာရေကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

Zombie (Lovemedia)

Ref - brightside

Post a Comment

0 Comments