တစ်ခါတုန်းက ရွာလေးတရွာမှာ ရေအထမ်းသမား တစ်ယောက် ရှိသတဲ့ ။ ကြီးမားတဲ့ ရေအိုးနှစ်လုံးကို သူ့ပုခုံးရဲ့ တဖက်တချက်ဆီမှာ ချိတ်ပီး ရေသယ်လေ့ ရှိတယ် ။ အဲ့ဒီ အိုးနှစ်လုံးထဲက တစ်လုံးက ရေမလုံးပဲ နည်းနည်းအက်နေတယ် ။ ရေတွင်းကနေပီး သူ့ရဲ့အိမ်ဘက်ကို သယ်လာတဲ့ အခါတိုင်း စိမ့်ကျနေတာပေါ့ ။ အဲ့ဒီတော့ အိမ်ကိုရောက်တဲ့အခါ ရေက တဝက်ပဲ ပါပါတယ်တဲ့ ။
ကျန်တဲ့ ရေအိုးတစ်လုံးကတော့ ဘာအပြစ် အနာအဆာမှ မရှိလေတော့ ရေတွင်းကနေ ရေထမ်း ပြန်လာတိုင်း ရေအပြည့် ပါလာတာပေါ့ ။ ဒီလိုနဲ့ပဲ နှစ်နှစ်ကြာတဲ့အထိ အိုးတစ်လုံးနဲ့ ရေတဝက်ကို နေ့စဉ် သယ်ပါတယ်တဲ့ ။
အဲ့ဒီအခါမှာ အိုးအကောင်းလေးဟာ သူ့ကိုယ်သူ သိပ်ပီး ဂုဏ်ယူရှာသတဲ့ ။ ငါက ဘာအပြစ် အနာအဆာမှ မရှိလို့ ရေအပြည့် အမြဲတမ်းသယ် နိုင်တယ် ဆိုပီး အထင်ကြီးနေသတဲ့ ။
အက်နေတဲ့ အိုးကလေးကတော့ စိတ်ထဲမှာ ဝမ်းနည်းပီး တော်တော် သိမ်ငယ်နေရှာတယ်။ အော်.. ငါ့မှာ အားနည်းချက်ရှိတော့ သူများတွေလို အပြည့်မသယ်နိုင်ပဲ တဝက်ပဲ သယ်နိုင်တယ် ဆိုပီးတော့ စိတ်ညစ်နေတာပေါ့ ။ တရက်မှာတော့ အက်နေတဲ့ အိုးကလေးဟာ သူ့သခင် ရေထမ်းသမားကို ရင်ဖွင့်ရှာတယ် ။
" သခင်ရယ်.. ကျွန်တော် သခင့်ကို တောင်းပန်ပါရစေ ။ ကျနော် ကိုယ့်ကိုကိုယ်လည်း ရှက်ရွံ့မိပါတယ် ။ သခင့်အနေနဲ့တော့ အပြည့်အဝ အားစိုက်ပီး ရေသယ်ရပေမယ့် ကျနော့် ဘေးဘက်က အက်ကြောင်းလေးကြောင့် သခင် သယ်သမျ ရေတွေ အပြည့်မရပဲ တဝက်က အလကား ဖြစ်ရတယ်.. " ဆိုပီး ဝမ်းနည်းပက်လက်နဲ့ ပြောပြလိုက်တယ် ။
အဲ့ဒီအခါ ရေထမ်းသမား ပြန်ပြောလိုက်တာကတော့...
" ဒီမှာ အိုးကလေး.. မင်းကြည့်လိုက်စမ်းပါ.. ရေခပ်လမ်းတလျှောက်မှာ မင်းရှိနေတဲ့ဘက် တစ်လျှောက်လုံး ပန်းတွေပွင့်နေတာ မင်းမှ သတိမထားမိပဲကိုး.. "
" ငါက မင်း ရေစိမ့်နေတယ် ဆိုတာ သိထားတာပေါ့ ။ ဒါ့ကြောင့် မင်းရှိတဲ့ဘက်မှာ ပန်းမျိုးစေ့တွေ ချထားခဲ့တာ.. မင်းက နှစ်နှစ်လုံးလုံး ရေခပ်လမ်းက အပြန် ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တာ ခုဆို အရမ်းလှတဲ့ ပန်းလေးတွေတောင် ပွင့်နေပီလေ.. "
" အိမ်က ပန်းအိုးလေးတွေမှာလည်း ပန်းတွေနဲ့ အလှဆင်နိုင်ပီ.. မင်းသာ မရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ လှပကျက်သရေ ရှိတဲ့အိမ် ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်စမ်းပါအုံး.. "
သင်ခန်းစာ ။ လူသားတိုင်းမှာလည်း အားနည်းချက်လေးတွေ ကိုယ်စီရှိကြပါတယ် ။ ဒါပေမယ့် အဲ့ဒီ အားနည်းချက်လေးတွေ ရှိနေတာကြောင့်ပဲ ပိုပီး unique ဖြစ်လာတယ်။။ ပိုပီး ချစ်စရာလည်း ကောင်းလာပါတယ် ။
အဲ့ဒီ အားနည်းချက်အတွက် သဘာဝတရားကြီးက တခုခု ပြန်ပီး ပေးတတ်ပါတယ် ။ ဒါပေမယ့် သင့်အနေနဲ့ မြင်ချင်မှလည်း မြင်နိုင်မယ် ။ ချက်ချင်းလည်း ရချင်မှ ရပါလိမ့်မယ် ။
0 Comments