တဖက်သက် အချစ်ဆိုတာ အရမ်းခံစားရတယ်

ကိုယ့်ဆီကို မလာချင်တဲ့ လူတယောက်ကို အတင်း ဆွဲခေါ်ရတာ ပင်ပန်းလွန်းပါတယ်။ မာနနဲ့ အရှက် သိက္ခာတွေ အောက်ကျ နောက်ကျ ဖြစ်ပြီး တွယ်ကပ်နေ ရတဲ့ ကိုယ့်အဖြစ်ကိုယ် တခါ တခါ တော်တော်လည်း ရှက်မိတယ် ။

သူ့ကို သိပ်ချစ်လွန်းလို့သာ သူ့ အချစ်ကို ရဖို့ ကြိုးစားနေရတာ ။ သူ့ဘက်ကတော့ အသိမှတ်ပြု ဖို့ နေနေသာသာ မသိချင်ယောင်တောင် ဆောင်လို့။ သူ့ကို ချစ်နေရတာ စိတ်ပင်ပန်း ရပါတယ် ။ သူ့စိတ်က ကိုယ့်ဆီမှာမှ မရှိတာပဲ ။

သူ့ကို ကိုယ့်ဘက်က ဘယ်လောက် ထိတောင် တစ်ဖက်သတ်ကြီး ချစ်နေလည်း ကိုယ့်ရဲ့ အချစ်က သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံထက် ပိုမယ် မထင်ပါဘူး ။ နော်ကဆုံး သူနဲ့ အဝေးဆုံး အရပ်မှာပဲ ကျန်နေခဲ့ဖို့ စဉ်းစားပါတယ် ။ ကိုယ့်အပေါ် စိတ်မရှိတဲ့ သူတယောက်အတွက် အတင်း လုပ်ယူနေလဲ အရာမှထင်မှာ မဟုတ်တာ ။

အဝေးက ချစ်နေရလည်း အချစ်ပဲဆိုတာကို ကိုယ် သိနေပါပြီ ။ ( ဒီအတိုင်းလေး သူ့ဘေးနားမှာ ရှိချင်ခဲ့တာ ကိုယ့်ရဲ့ လောဘပါ ) ။ အရမ်းကြီး ဖက်တွယ်ထားတာတွေ ၊ ပေးဆပ်နေ တာတွေ ရပ်ပစ်လိုက်ဖို့ သင့်ပြီလို့ ထင်ပါတယ် ။

ကိုယ်ပဲ နာကျင်နေ ရတယ် ။ ကိုယ်ပဲ လျစ်လျူ ရှု ခံရတယ်။ နာကျင် အချိန်ပိုတွေကို ဆက်ပီး မခံစားချင် တော့ဘူး ။ ဒါကြောင့် ဒီနေ့ကစလို့ မင်း အကောင့်လေးကို unfollow လုပ်ပေးလိုက် ပါတော့မယ် ။ သတိရတဲ့ အခါတိုင်း wall ထဲကို အရင်လို ခိုးကြောင်ခိုးဝှက်ပဲ လာခဲ့ပါ့မယ် ။

ဒီအတိုင်းလေး ဝင်ကြည့်ပြီး ဒီအတိုင်းလေးပဲ ပြန်သွားမှာပါ ။ block လိုက်ဖို့ ဆိုတာကြီးကတော့ ခက်ခဲပါသေးတယ် ။

မင်း သိဖို့က... ဟင့်အင်း မင်း မသိလည်း ရပါတယ် ။ ကိုယ်မင်းကို ချစ်လွန်းလို့ unfollow လုပ်ခဲ့တာပါ။

ခဲတံ

Post a Comment

0 Comments