အချစ်ကြီးတဲ့ ဦးဆိုတာ

တကယ်တော့ ဦးဆိုတာ အသက်က အနည်းဆုံး ၃၀ ဖြစ်ရမယ် ။ အရပ်က အနည်းဆုံး ၅ ပေ ၇ လက်မ ၊ ကိုယ်လုံး တောင့်တောင့်နဲ့ ဗိုက်ကလေးလည်း နည်းနည်းဖြစ်ဖြစ် ထွက်နေရမယ် ။

ဆံပင် အနက်ရောင်ကိုမှ အဖြူ တချို့တဝက် ရောရင်ရောမယ် ။ သပ်သပ်ရပ်ရပ် ညှပ်ထားရမယ် ၊ အပေါစားအရောင်တွေ မဆိုးရဘူး ။

အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တတ်ပြီး တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ရင်တောင် ကလက်တက်တက် အရွယ် ဖြစ်မနေရဘူး ။ ပုဆိုး ဒါမှမဟုတ် စတိုင်ပင်နဲ့ ရှပ်အင်္ကျီကို စမတ်ကျကျ ဝတ်ရင် ကြွေဆင်းနေရမယ် ။

စကားပြောရင် တည်တည်တံ့တံ့နဲ့ လေသံကအစ ပြတ်သားတည်ကြည် နေရမယ် ။ အများကြီး ဆူစရာမလို.. " ဦး မကြိုက်ဘူးနော် " ဆိုတာနဲ့ အရာအားလုံး အငြိမ်း.. ၊ ဦး စကားဆို မြေဝယ်မကျ နားထောင်ချင်စရာ ဖြစ်နေရမယ် ။

တည်ကြည်မှု၊ ဆွဲဆောင်မူ ၊ ပြတ်သားမှုတွေနဲ့ " ဦး"ဆိုတာ လွှမ်းမိုးနိုင်စွမ်း အပြည့် ရှိရမယ် ။ ဦး မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင် မနေတတ် မထိုင်တတ်တာနဲ့တင် ရူးသွားရမယ် ။

တကယ်တော့ ' ဦး ' ဆိုတာ.. ဉာဏ်ပညာ ၊ အတွေ့အကြုံ၊ အနေအထိုင်၊ အလုပ်အကိုင် ဘာဆိုဘာမှ လိုအပ်ချက်ဆိုတာ မရှိတဲ့ တည်ငြိမ်နေပြီ ဖြစ်ပေမယ့် အချစ်ကြီးတတ်ကြတဲ့ သူတွေပါလေ ။

crd

Post a Comment

0 Comments