အကာကွယ် ၂ ခုသုံးပေမယ့် ကလေးရသွားလို့ ကုမ္ပဏီကို တရားစွဲ

တရုတ်နိုင်ငံ၊ Haining မြို့က အမျိုးသား တစ်ယောက်ံဟာ ကွန်ဒုံး နှစ်ခုကို သုံးခဲ့ပေမယ့် သူ့ရဲ့ဇနီးမှာ ကိုယ်ဝန် ရသွားခဲ့ပါတယ် ။ အဲဒါကြောင့် သူက Durex ကွန်ဒုံး ကုမ္ပဏီကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ Wang လို့ ခေါ်တဲ့ အဲဒီအမျိုးသားမှာ ကလေးနှစ်ယောက် ရှိတာကြောင့် နောက်ထပ်ကလေးကို မလိုချင်တော့ပါဘူး။

အဲဒါကြောင့် Wang က ကွန်ဒုံးကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဒုံးမှာ အပေါက်တွေ ပါတာကို အသုံးပြုပြီးမှ သိလိုက်ရပါတယ်။ အဲဒါကြောင့် Wang က ဇနီးဖြစ်သူကို သန္ဓေတားဆေးတွေ ဝယ်ပေးလိုက်ပါတယ်။ နောက်တစ်ရက်မှာ ကွန်ဒုံးကို ထပ်သုံးတော့လည်း အပေါက်ပါနေတာကို တွေ့လိုက်ရပါတယ်။

Source:Sina

ကံမကောင်းချင်တော့ သူတို့သုံးတဲ့ သန္ဓေတားဆေးတွေက အာနိသင်မပြတော့ဘဲ Wang ရဲ့ ဇနီးက ကလေးရသွားပါတယ်။ Wang ဇနီးရဲ့ ကျန်းမာရေးမှာလည်း ပြဿနာ ရှိတာကြောင့် ကိုယ်ဝန်ကို ဖျက်ချမှဖြစ်မှာပါ။ ဖျက်ချလိုက်ရင်လည်း နောက်ထပ်ကလေး မရနိုင်တော့ပါဘူး။ Wang က အတော်ကို ဒေါသထွက်ပြီး ဆေးကုမ္ပဏီကို သွားပြောပါတယ်။

Source:Sina

ကုမ္ပဏီက သူတို့ပစ္စည်းက အစစ်အမှန်ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် Wang က လျော်ကြေးရဖို့အတွက် Durex ကုမ္ပဏီကို တရားစွဲတော့မှာပါ။ Durex ကုမ္ပဏီက ကွန်ဒုံးဖိုးနဲ့ သန္ဓေတားဆေးဖိုးကို Wang ကို ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ထုတ်ကုန်မှာ ဘာပြဿနာမှ မရှိကြောင်း ကုမ္ပဏီက အလေးအနက်ပြောပါတယ်။

Source:Sina

Wang က သူ့ရဲ့အမျိုးသမီး ကိုယ်ဝန်ပျက်ကျပြီး စိတ်ထိခိုက်ခဲ့ရတဲ့အတွက် Durex ရဲ့ ကမ်းလှမ်းမှုကို သဘောမတူပါဘူး။ Wang က စားသုံးသူ ကာကွယ်ရေးကော်မရှင်ကို အကူအညီ တောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ကလည်း Wang က ကွန်ဒုံးကို ဘယ်လို အသုံးပြုခဲ့လဲဆိုတာ သက်သေပြရမယ်လို့ ပြောပါတယ်။ အဲဒါကြောင့် Wang ခမျာ ဘေးကျပ်နံကျပ် ဖြစ်သွားရရှာပါတယ်။

Source:Very Well Health

Wang ဝယ်ခဲ့တဲ့ ကွန်ဒုံးနဲ့ အတူတူ ထွက်ခဲ့တဲ့ တခြားကွန်ဒုံးတွေကို စစ်ဆေးပေးမယ်လို့ ကော်မရှင်က ပြောပါတယ်။ ဒါပေမယ့် အဲဒီကွန်ဒုံးအမျိုးအစားတွေက ၂၀၁၈ နိုဝင်ဘာလကတည်းက ရောင်းကုန်သွားပြီလို့ Durex က ပြောပါတယ်။ စားသုံးသူ ကာကွယ်ရေးကော်မရှင်က မကူညီပေးနိုင်ရင် Wang က တရားစွဲမယ်လို့ ပြောပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments