ကြုံတောင့်ကြုံခဲ နှစ်လခြားပီး မွေးခဲ့တဲ့ အမြွှာလေးနှစ်ယောက်

အမြွှာတွေက အချင်းကစလို့ မွေးနေ့၊ အကြိုက်၊ မကြိုက်တာတွေကအစ အကုန်တူကြပါတယ်။ ဒီအမြွာ နှစ်ယောက်ကတော့ မတူပါဘူး။ အီတလီနိုင်ငံက အမြွှာနှစ်ယောက်ဖြစ်တဲ့ Alessandra နဲ့ Andrea တို့ဟာ ဝမ်းဗိုက် တစ်ခုတည်းမှာ သန္ဓေတည်ခဲ့ပေမယ့် နှစ်လခြားပြီး မွေးခဲ့ကြ ပါတယ်။

ဒါပေမယ့် မွေးနေ့ မတူတော့ အသက်လည်း မတူတော့ပါဘူး။ အီတလီလူမျိူး အမြွှာကိုယ်ဝန်ဆောင်သည် အမျိူးသမီးတစ်ယောက်က 2018 ခုနှစ် ဒီဇင်ဘာ 24 ရက်နေ့မှာ သားဖွားဆေးရုံကို ရောက်လာတယ်လို့ ကလေးဖောင်ဒေးရှင်း ဥက္ကဋ္ဌကပြောပါတယ်။

2018 ခုနှစ် ဒီဇင်ဘာ 24 ရက်နေ့မှာ ပထမသားလေးဖြစ်တဲ့ Alessandra ကို မွေးဖွားခဲ့ ပါတယ် ။ ကလေးရဲ့ အလေးချိန်က 800 ဂရမ် ရှိပါတယ်။ Alessandra ကို ကိုယ်ဝန်ဆောင်ချိန် ၆ လတောင် မကြာပဲ မွေးခဲ့တာပါ။

အချင်းကတော့ ဗိုက်ထဲမှာ ရှိနေသေးတုန်းပါပဲ။ အဲဒီ အချင်းကြိုးကြောင့် ဗိုက်ထဲမှာ ကျန်ခဲ့တဲ့ကလေးက ဆက်လက် ဖွံ့ဖြိုးနေခဲ့တာပါ။ အမြွှာနှစ်ယောက်ကို မွေးတဲ့ အချိန်က အလွန်ကို ကွာဟနေပါတယ်။

Alessandra ကို မွေးပြီးရက် ၆၀ အကြာမှာတော့ Andrea ကို မွေးဖွားခဲ့ပါတယ်။ Andrea ရဲ့ အလေးချိန်က 3 ကီလို ရှိပါတယ်။ ဆေးရုံရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ ကလေးရော မိခင်ပါ ကျန်းမာတယ်လို့ ပြောပါတယ်။

ဆေးပညာလောက မှာတော့ ကြုံတောင့်ကြုံခဲပါပဲ။ မိဘတွေကတော့ ကလေးတွေ ကျန်းမာလို့ ပျော်ရွှင်နေကြပါတယ်။

Zombie (Lovemedia)

Ref - mambee

Post a Comment

0 Comments