လုံ့လလဲထူ ဉာဏ်လဲကူ နောက်ချေးလဲချ နတ်လည်းမ

တစ်ခါတုန်းက မောင်တင်နဲ့ မယ်ခင် ဆိုတဲ့ သူဆင်းရဲ ဇနီးမောင်နှံတို့ဟာ ရွာစွန်က တဲလေးမှာ နေပြီး လယ်ကွက်လေး တစ်ကွက်ကို ပိုင်ဆိုင်ကြ သတဲ့ ။ သူတို့ ပိုင်ဆိုင်ထားတဲ့ လယ်မြေက ရရှိတဲ့ စပါးသီးနှံနဲ့ မလောက်မင ဖြစ်ပြီး လင်မယားနှစ်ယောက် ကြပ်တည်းနေ ကြတာပေါ့ ။

တနေ့မှာတော့ မောင်တင်က အကြံတခု ရလိုက်တယ်။

" လူမစွမ်းရင် နတ်မ သတဲ့ဟ.. ရှင်မရေ.. မနက်ဖြန် ငါတို့ လယ်ကွက်ထိပ်က သရက်ပင်ကြီးမှာ စားဖွယ်သောက်ဖွယ်နဲ့ သွားပြီး ချမ်းသာအောင် တောင်းပန်ကြစို့.. "

နောက်တနေ့မှာတော့ သရက်ပင်စောင့် ရုက္ခစိုးကြီးဟာ သူ့အပင်အောက်လာပြီး မစဖို့ ဆုတောင်းနေတဲ့ သူဆင်းရဲလင်မယားကို တွေ့လိုက်ရတယ်..

" အင်း.. ငါတော့ ဒုက္ခပါပဲ.. ရှေးကုသိုလ် မပါရင် ဘယ်လိုမှ ထောက်ပံ့လို့ မရဘူး ဆိုတာ ဒင်းတို့တွေ မသိကြဘူး. ရှေးကုသိုလ် ပါတာတောင် ခုလက်ရှိမှာ လုံ့လ ဝီရိယ မရှိသူ ၊ ဉာဏ်ပညာ ချို့တဲ့သူကို ကူညီမစဖို့ အင်မတန် ခက်တယ်.. အင်းလေ.. ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရ မှာပဲ.. "

ဒီလိုနဲ့ တနေ့မှာ မယ်ခင်ဟာ ဆွမ်းခံလာတဲ့ ဘုန်းကြီးတပါးကို ဆွမ်းလောင်းလိုက်တာ တွေ့ရတယ် ။

" ဟုတ်ပြီ.. ဒင်းတို့ကို မ စဖို့ရာ အခွင့်အရေးတော့ ရလာပြီ.. "

ရုက္ခစိုးကြီးဟာ မယ်ခင် ဟင်းရွက် ခူးသွားတဲ့လမ်းမှာ ရွှေစတချို့ ချထား လိုက်တယ် ။ ဒါပေမယ့် မယ်ခင်က ဟင်းရွက် ရှာဖွေရင်း အပေါ်ကို မော်ကြည့် သွားတဲ့ အတွက် မမြင်ဘူးတဲ့ကွယ် ။ ဒါနဲ့ အတော် ကြာလာတဲ့ တနေ့မှာ မောင်တင်က သူတောင်းစား တယောက်ကို ဆန်နည်းနည်းပေးတာကို ရုက္ခစိုးကြီး တွေ့ရတယ် ။

" ဟုတ်ပြီ.. ဒီတခါတော့ လမ်းမှာ ချထားပြီး ပေးလို့ မဖြစ်ဘူး.. သစ်ပင်မှာ ချိတ်ဆွဲပြရင်တော့ မြင်မှာပဲ.. "

အဲဒီနေ့ မှာတော့ မယ်ခင်ဟာ တောထဲကို သွားပေမယ့် အသွားရော ၊ အပြန်မှာပါ အပေါ်ကို မော့မကြည့်မိပဲ လမ်းကိုသာ ကြည့်သွားနေ သတဲ့ ။ အဲသည်နှစ်မှာ မိုးလေဝသကလည်း မကောင်းတော့ သူဆင်းရဲ လင်မယားဟာ ဆန်စပါးလည်း အရင်ကလောက် မရကြဘူးတဲ့ ။

" မိန်းမရယ်.. ငါတို့ အရိုအသေ ပေးကြတဲ့ သစ်ပင်က ရုက္ခစိုးကြီးက တန်ခိုးမကြီးဘူးလား မသိဘူးနော် ငါတို့ကိုလည်း မ မစပါလားကွာ.. "

အဲဒီညမှာပဲ လင်မယားနှစ်ယောက်လုံးကို ရုက္ခစိုးကြီးက အိပ်မက် ပေးသတဲ့ ။

" အမောင် ဆင်းရဲသား.. ကုသိုလ်ကောင်းမှု မရှိတဲ့သူ ၊ ထကြွ လုံ့လ မရှိတဲ့ ပျင်းရိသူ ၊ အသိဉာဏ် နုံနဲ့သူတို့ကို ငါတို့ နတ်များက ကူညီမစလို့ မရပါဘူး.. ဒီတော့ နောက်တနှစ်ကျရင် အသင့်ရဲ့ လယ်ကို မြေဆီသြဇာ ကောင်းမွန်အောင် နောက်ချေး ( နွားချီး ) လဲချပါ.. တမန်းညက်အောင်လဲ ထွန်ပြီး စိုက်ပါ၊ ငါလဲ ကူညီ မစ ပါ့မယ်.. "

သူဆင်းရဲ လင်မယားဟာ ရုက္ခစိုးကြီး ပြောတဲ့အတိုင်း ကြိုးစားပြီး လုပ်ကိုင် ကြတဲ့အခါ မကြာခင်ပဲ ချမ်းသာသွားကြသတဲ့.. ။

လုံ့လမထူ ဉာဏ်မကူဘဲ ၊ အယူ တစောင်း ကံတကြောင်းမျှ ၊ မကောင်းလည်း ကံ ကောင်းလည်း ကံ ဟု ကံကိုချည်းသား မကိုးရာဘူး ။ ပညာဉာဏ်ဖြင့် ၊ သင့် မသင့်ကို အခွင့်ရှု၍ ၊ အပြုလုံ့လ ရှိအပ်စွတည့် ။ (မဃဒေဝ)

ဖိုးဖိုးဦးဇဝန

for zawgyi

လုံ႔လလဲထူ ဥာဏ္လဲကူ ေနာက္ေခ်းလဲခ် နတ္လည္းမ

တစ္ခါတုန္းက ေမာင္တင္နဲ႔ မယ္ခင္ ဆိုတဲ့ သူဆင္းရဲ ဇနီးေမာင္ႏွံတို႔ဟာ ႐ြာစြန္က တဲေလးမွာ ေနၿပီး လယ္ကြက္ေလး တစ္ကြက္ကို ပိုင္ဆိုင္ၾက သတဲ့ ။ သူတို႔ ပိုင္ဆိုင္ထားတဲ့ လယ္ေျမက ရရွိတဲ့ စပါးသီးႏွံနဲ႔ မေလာက္မင ျဖစ္ၿပီး လင္မယားႏွစ္ေယာက္ ၾကပ္တည္းေန ၾကတာေပါ့ ။

တေန႔မွာေတာ့ ေမာင္တင္က အႀကံတခု ရလိုက္တယ္ ။

" လူမစြမ္းရင္ နတ္မ သတဲ့ဟ.. ရွင္မေရ.. မနက္ျဖန္ ငါတို႔ လယ္ကြက္ထိပ္က သရက္ပင္ႀကီးမွာ စားဖြယ္ေသာက္ဖြယ္နဲ႔ သြားၿပီး ခ်မ္းသာေအာင္ ေတာင္းပန္ၾကစို႔.. "

ေနာက္တေန႔မွာေတာ့ သရက္ပင္ေစာင့္ ႐ုကၡစိုးႀကီးဟာ သူ႔အပင္ေအာက္လာၿပီး မစဖို႔ ဆုေတာင္းေနတဲ့ သူဆင္းရဲလင္မယားကို ေတြ႕လိုက္ရတယ္..

" အင္း.. ငါေတာ့ ဒုကၡပါပဲ.. ေရွးကုသိုလ္ မပါရင္ ဘယ္လိုမွ ေထာက္ပံ့လို႔ မရဘူး ဆိုတာ ဒင္းတို႔ေတြ မသိၾကဘူး. ေရွးကုသိုလ္ ပါတာေတာင္ ခုလက္ရွိမွာ လုံ႔လ ဝီရိယ မရွိသူ ၊ ဉာဏ္ပညာ ခ်ိဳ႕တဲ့သူကို ကူညီမစဖို႔ အင္မတန္ ခက္တယ္.. အင္းေလ.. ဘာပဲျဖစ္ျဖစ္ ေစာင့္ၾကည့္ရ မွာပဲ.. "

ဒီလိုနဲ႔ တေန႔မွာ မယ္ခင္ဟာ ဆြမ္းခံလာတဲ့ ဘုန္းႀကီးတပါးကို ဆြမ္းေလာင္းလိုက္တာ ေတြ႕ရတယ္ ။

" ဟုတ္ၿပီ.. ဒင္းတို႔ကို မ စဖို႔ရာ အခြင့္အေရးေတာ့ ရလာၿပီ.. "

႐ုကၡစိုးႀကီးဟာ မယ္ခင္ ဟင္း႐ြက္ ခူးသြားတဲ့လမ္းမွာ ေ႐ႊစတခ်ိဳ႕ ခ်ထား လိုက္တယ္ ။ ဒါေပမယ့္ မယ္ခင္က ဟင္း႐ြက္ ရွာေဖြရင္း အေပၚကို ေမာ္ၾကည့္ သြားတဲ့ အတြက္ မျမင္ဘူးတဲ့ကြယ္ ။ ဒါနဲ႔ အေတာ္ ၾကာလာတဲ့ တေန႔မွာ ေမာင္တင္က သူေတာင္းစား တေယာက္ကို ဆန္နည္းနည္းေပးတာကို ႐ုကၡစိုးႀကီး ေတြ႕ရတယ္ ။

" ဟုတ္ၿပီ.. ဒီတခါေတာ့ လမ္းမွာ ခ်ထားၿပီး ေပးလို႔ မျဖစ္ဘူး.. သစ္ပင္မွာ ခ်ိတ္ဆြဲျပရင္ေတာ့ ျမင္မွာပဲ.. "

အဲဒီေန႔ မွာေတာ့ မယ္ခင္ဟာ ေတာထဲကို သြားေပမယ့္ အသြားေရာ ၊ အျပန္မွာပါ အေပၚကို ေမာ့မၾကည့္မိပဲ လမ္းကိုသာ ၾကည့္သြားေန သတဲ့ ။ အဲသည္ႏွစ္မွာ မိုးေလဝသကလည္း မေကာင္းေတာ့ သူဆင္းရဲ လင္မယားဟာ ဆန္စပါးလည္း အရင္ကေလာက္ မရၾကဘူးတဲ့ ။

" မိန္းမရယ္.. ငါတို႔ အ႐ိုအေသ ေပးၾကတဲ့ သစ္ပင္က ႐ုကၡစိုးႀကီးက တန္ခိုးမႀကီးဘူးလား မသိဘူးေနာ္ ငါတို႔ကိုလည္း မ မစပါလားကြာ.. "

အဲဒီညမွာပဲ လင္မယားႏွစ္ေယာက္လုံးကို ႐ုကၡစိုးႀကီးက အိပ္မက္ ေပးသတဲ့ ။

" အေမာင္ ဆင္းရဲသား.. ကုသိုလ္ေကာင္းမႈ မရွိတဲ့သူ ၊ ထႂကြ လုံ႔လ မရွိတဲ့ ပ်င္းရိသူ ၊ အသိဉာဏ္ ႏုံနဲ႔သူတို႔ကို ငါတို႔ နတ္မ်ားက ကူညီမစလို႔ မရပါဘူး.. ဒီေတာ့ ေနာက္တႏွစ္က်ရင္ အသင့္ရဲ႕ လယ္ကို ေျမဆီၾသဇာ ေကာင္းမြန္ေအာင္ ေနာက္ေခ်း ( ႏြားခ်ီး ) လဲခ်ပါ.. တမန္းညက္ေအာင္လဲ ထြန္ၿပီး စိုက္ပါ၊ ငါလဲ ကူညီ မစ ပါ့မယ္.. "

သူဆင္းရဲ လင္မယားဟာ ႐ုကၡစိုးႀကီး ေျပာတဲ့အတိုင္း ႀကိဳးစားၿပီး လုပ္ကိုင္ ၾကတဲ့အခါ မၾကာခင္ပဲ ခ်မ္းသာသြားၾကသတဲ့.. ။

လုံ႔လမထူ ဉာဏ္မကူဘဲ ၊ အယူ တေစာင္း ကံတေၾကာင္းမွ် ၊ မေကာင္းလည္း ကံ ေကာင္းလည္း ကံ ဟု ကံကိုခ်ည္းသား မကိုးရာဘူး ။ ပညာဉာဏ္ျဖင့္ ၊ သင့္ မသင့္ကို အခြင့္ရႈ၍ ၊ အျပဳလုံ႔လ ရွိအပ္စြတည့္ ။ (မဃေဒဝ)

ဖိုးဖိုးဦးဇဝန

Post a Comment

0 Comments