ဥရောပအလည်ခရီးကို မလိုက်ဖြစ်တဲ့ သူငယ်ချင်းတွေအစား သူတို့ဓါတ်ပုံတွေနဲ့ အတူတူခရီးထွက်ခဲ့တဲ့ ကိုရီးယားသူလေး

သူငယ်ချင်းတွေနဲ့ အတူ ခရီးထွက်ဖို့ စီစဉ်ထားပြီး တကယ် ခရီးထွက်ဖြစ်တယ်ဆိုတာ ရယ်စရာ အကောင်းဆုံး ဟာသထဲက ဟာသတစ်ခု ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ခြင်းက မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးပေးပါတယ်။ ဒါပေမယ့် ခရီးထွက်ဖို့ စီစဉ်လိုက်တိုင်း မသွားဖြစ်တာ များပါတယ်။

တောင်ကိုရီးယားနိုင်ငံက Soo Yeon ဆိုတဲ့ မိန်းကလေးက ဥရောပကို အချစ်ဆုံး သူငယ်ချင်း ၃ ယောက်နဲ့ ခရီးထွက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေက မလိုက်ဖြစ်ကြပါဘူး။ သူငယ်ချင်းတွေက လိုက်တော့ လိုက်ချင်ကြ ပါတယ်။


အဲဒါနဲ့ Soo Yeon က အကြာကြီး စဉ်းစားပြီးနောက် အတွေးတစ်ခု ရလာပါတယ်။ သူမရဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ဓါတ်ပုံတွေကို print ထုတ်ပြီး ဥရောပကို ယူသွားပါတယ်။ အဲဒါကြောင့် သူတို့သူငယ်ချင်းလေးယောက်က အတူတူရှိသလို ခံစားရပါတယ်။



Soo Yeon က သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေနဲ့ အတူတူ အိပ်ပြီး မနက်စာကိုလည်း Santorini မှာ အတူတူ စားပါတယ်။ Soo Yeon က လှပတဲ့ နေရာတွေ ရောက်ပြီ ဆိုရင်လည်း သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတစ်ပုံချင်းစီနဲ့ အမှတ်တရဖြစ်အောင် ရိုက်ပေးပါသေးတယ်။



အဲဒါအပြင် group photo လည်း ရိုက်ခဲ့ပါသေးတယ်။ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံကတွေကလည်း ခရီးစဉ်မှာ ပျော်ရွှင်ခဲ့ပုံပါပဲ ။ Soo Yeon က တီထွင်ဉာဏ် အလွန်ကောင်းပါတယ်။



အဲဒါကြောင့် ခရီးသွားမယ်လို့ စီစဉ်လိုက်ရင် မလိုက်ဖြစ်တဲ့ သူငယ်ချင်းအတွက် သူရဲ့ဓါတ်ပုံကို ယူသွားပြီး အတူတူ ခရီးထွက်လို့ရပါပြီနော်။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments