ရထားတစ်စင်း ပေါ်မှာပေါ့.. ။ ၂၄ နှစ် အရွယ် ကောင်လေးတစ်ယောက်ဟာ ရထားပြူတင်းပေါက် ကနေ အပြင်ကို ကြည့်နေရင်း အော်ပြောလိုက်တယ် ။
“ အဖေ… ကြည့်ပါဦး… သစ်ပင်တွေက နောက်မှာ ကျန်ခဲ့တယ်နော်… ဝေး.. ဟေး… ”
သူ့အဖေ ကတော့ ပြုံးပီးနေပါတယ်… ။
သူတို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံက လင်မယား နှစ်ယောက် ကတော့ ကောင်လေးရဲ့ ကလေးကလား အပြုအမူ အပြောအဆိုတွေကို ကြည့်ပြီး မျက်စောင်း ထိုးနေတာပေါ့… ။ ကောင်လေးက ရုတ်တရက် ထအော်ပြော လိုက်ပြန်ပါတယ်… ။
“ ဟာ… အဖေ… ကြည့်ပါဦးဗျ… တိမ်တွေက ကျနော်တို့ နောက်မှာ လိုက်လာတယ် နော်… ”
ဟိုလင်မယား နှစ်ယောက်လည်း သည်းမခံနိုင်တော့ဘဲ ကောင်လေးရဲ့ အဖေ အဖိုးကြီးကို ပြောလိုက်တယ်… ။
“ ကောင်လေးကို… ဆရာဝန် ပြဖို့တော့ လိုပြီ ထင်တယ်နော် … ”
အဖိုးကြီး ကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်ပါတယ်…
“ ဆရာဝန် ပြပြီး ပါပြီ … ခုတင်ပဲ ကျုပ်တို့ ဆေးရုံက ပြန်လာ ကြတာ…
ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ…
ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံး မြင်တွေ့ခွင့် ရရှိတဲ့ နေ့လေးမို့ပါ… ”
လောကမှာ ရှိသမျှ လူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြ ပါတယ် ။ သူတို့ အကြောင်းကို သေချာ မသိဘဲ သူတို့ကို ဆုံးဖြတ်တာ မစောလိုက် ပါနဲ့… ။
Crd
0 Comments