ရဲတွေလာဖမ်းလို့ ရွှေဆွဲကြိုးကို အကုံးလိုက် မျိုချခဲ့သည့် အိန္ဒိယနိုင်ငံက အမျိူးသား

ခိုးယူလုယက်မှုတွေ များစွာရှိတဲ့ အထဲကမှ အိန္ဒိယနိုင်ငံက အမျိူးသားတစ်ဦးဟာ သူ့ကိုယ်သူ လည်လှပြီထင်ပြီး ရဲတွေကိုတောင် လှည့်စားခဲ့ပါတယ်။ ဘယ်လိုလှည့်စားလဲ ဆိုတော့ ဆွဲကြိုးကို မျိုချပြီးတော့ အရိုးတစ်ခုပါလို့တောင် လိမ်ပြောခဲ့တာပါ။

အသက် (၂၁) နှစ်အရွယ် ရှိပြီဖြစ်တဲ့ Vijay Gunda Thali ဆိုတဲ့ အမျိူးသားတစ်ဦးဟာ လမ်းလည်ခေါင်မှာ လုယက်မှုကို ပြုလုပ်ခဲ့ပါတယ်။ Vijay ဟာ အဖော်နှစ်ယောက်ဖြစ်တဲ့ Sanjay နှင့် Prem တို့နှင့်အတူ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ပါတယ်။ သူတို့ (၃) ယောက်ဟာ ည ၈ နာရီ ၅၀ မိနစ်မှာ Central Bengaluru မှာရှိတဲ့ MT လမ်းမှာ ခိုးယူခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

Hema အမည်ရှိတဲ့ အမျိူးသမီးတစ်ဦးဆီကနေ ရွှေဆွဲကြိုးကို သုံးယောက်သား ဝိုင်းလုခဲ့ကြပါတယ်။ အမျိုးသမီးကလည်း အလွယ်တကူ မပေးပဲ ရုန်းကန်နေတာကြောင့် ပတ်ဝန်းကျင်က သတိထားမိပြီး သူတို့ (၃) ယောက်ကို ဝိုင်းဖမ်းလိုက်ကြပါတယ်။ Vijay ဟာ ၇၀ ဂရမ်ရှိတဲ့ ရွှေဆွဲကြိုးကို အလျင်အမြန် ဖြုတ်ပြီးတော့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း မလွတ်ခဲ့ပါဘူး။

ပတ်ဝန်းကျင်က လူတွေကလည်း သူတို့ သုံးယောက်ကို ရိုက်နှက်နေတာကြောင့် Vijay ဟာ သူခိုးမှန်း လူမသိအောင် ဆွဲကြိုးကို မျိုချလိုက်ပါတယ်။ သဘောကတော့ သူဘာမှ မလုရသေးပါဘူးပေါ့။

နောက်ပိုင်းရဲတွေ ရောက်လာပြီးတော့ ရဲအရာရှိ BG Kumaraswamy ဟာ သူတို့ကို ဒဏ်ရာတွေ ကုသဖို့အတွက် နီးစပ်ရာဆေးရုံကို လိုက်ပို့ပါတယ်။ အဲ့ဒီမှာ ဆရာဝန်တွေက Vijay ကို X-Ray ရိုက်ရင်းနဲ့ ဗိုက်ထဲမှာ ရွှေဆွဲကြိုးကို တွေ့သွားပါတော့တယ်။

Vijay ကတော့ ဒါဟာ ရွှေဆွဲကြိုး မဟုတ်ကြောင်း၊ သူစားထားတဲ့ အရိုးတစ်ခုသာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဘယ်ရဲနဲ့ ဆရာဝန်ကမှ မယုံပါဘူး။ ဒါကြောင့် သူ့ကို ငှက်ပျောသီး စားခိုင်းလိုက်ပါတယ်။

ငှက်ပျောသီး စားလိုက်ပေမယ့်လည်း ဘာမှမထူးတာကြောင့် ဆရာဝန်တွေက Enema လို့ခေါ်တဲ့ ဝမ်းနှုတ်ဆေးကို ထပ်ကျွေးပါတယ်။ အဲ့ဒီအခါကျမှ Vijayရဲ့ ဗိုက်ထဲက ရွှေဆွဲကြိုးက ပြန်ထွက်လာပါတော့တယ်။

Zombie (Lovemedia)

for zawgyi

ရဲေတြလာဖမ္းလို႔ ေ႐ႊဆြဲႀကိဳးကို အကုံးလိုက္ မ်ိဳခ်ခဲ့သည့္ အိႏၵိယႏိုင္ငံက အမ်ိဴးသား

ခိုးယူလုယက္မႈေတြ မ်ားစြာရွိတဲ့ အထဲကမွ အိႏၵိယႏိုင္ငံက အမ်ိဴးသားတစ္ဦးဟာ သူ႔ကိုယ္သူ လည္လွၿပီထင္ၿပီး ရဲေတြကိုေတာင္ လွည့္စားခဲ့ပါတယ္။ ဘယ္လိုလွည့္စားလဲ ဆိုေတာ့ ဆြဲႀကိဳးကို မ်ိဳခ်ၿပီးေတာ့ အ႐ိုးတစ္ခုပါလို႔ေတာင္ လိမ္ေျပာခဲ့တာပါ။

အသက္ (၂၁) ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Vijay Gunda Thali ဆိုတဲ့ အမ်ိဴးသားတစ္ဦးဟာ လမ္းလည္ေခါင္မွာ လုယက္မႈကို ျပဳလုပ္ခဲ့ပါတယ္။ Vijay ဟာ အေဖာ္ႏွစ္ေယာက္ျဖစ္တဲ့ Sanjay ႏွင့္ Prem တို႔ႏွင့္အတူ ရာဇဝတ္မႈကို က်ဴးလြန္ခဲ့ပါတယ္။ သူတို႔ (၃) ေယာက္ဟာ ည ၈ နာရီ ၅၀ မိနစ္မွာ Central Bengaluru မွာရွိတဲ့ MT လမ္းမွာ ခိုးယူခဲ့ၾကျခင္းပဲ ျဖစ္ပါတယ္။

Hema အမည္ရွိတဲ့ အမ်ိဴးသမီးတစ္ဦးဆီကေန ေ႐ႊဆြဲႀကိဳးကို သုံးေယာက္သား ဝိုင္းလုခဲ့ၾကပါတယ္။ အမ်ိဳးသမီးကလည္း အလြယ္တကူ မေပးပဲ ႐ုန္းကန္ေနတာေၾကာင့္ ပတ္ဝန္းက်င္က သတိထားမိၿပီး သူတို႔ (၃) ေယာက္ကို ဝိုင္းဖမ္းလိုက္ၾကပါတယ္။ Vijay ဟာ ၇၀ ဂရမ္ရွိတဲ့ ေ႐ႊဆြဲႀကိဳးကို အလ်င္အျမန္ ျဖဳတ္ၿပီးေတာ့ ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မလြတ္ခဲ့ပါဘူး။

ပတ္ဝန္းက်င္က လူေတြကလည္း သူတို႔သုံးေယာက္ကို ႐ိုက္ႏွက္ေနတာေၾကာင့္ Vijay ဟာ သူခိုးမွန္း လူမသိေအာင္ ဆြဲႀကိဳးကို မ်ိဳခ်လိုက္ပါတယ္။ သေဘာကေတာ့ သူဘာမွ မလုရေသးပါဘူးေပါ့။

ေနာက္ပိုင္းရဲေတြ ေရာက္လာၿပီးေတာ့ ရဲအရာရွိ BG Kumaraswamy ဟာ သူတို႔ကို ဒဏ္ရာေတြ ကုသဖို႔အတြက္ နီးစပ္ရာေဆး႐ုံကို လိုက္ပို႔ပါတယ္။ အဲ့ဒီမွာ ဆရာဝန္ေတြက Vijay ကို X-Ray ႐ိုက္ရင္းနဲ႔ ဗိုက္ထဲမွာ ေ႐ႊဆြဲႀကိဳးကို ေတြ႕သြားပါေတာ့တယ္။

Vijay ကေတာ့ ဒါဟာ ေ႐ႊဆြဲႀကိဳး မဟုတ္ေၾကာင္း၊ သူစားထားတဲ့ အ႐ိုးတစ္ခုသာ ျဖစ္ေၾကာင္း ရွင္းျပပါတယ္။ ဘယ္ရဲနဲ႔ ဆရာဝန္ကမွ မယုံပါဘူး။ ဒါေၾကာင့္ သူ႔ကို ငွက္ေပ်ာသီး စားခိုင္းလိုက္ပါတယ္။ ငွက္ေပ်ာသီး စားလိုက္ေပမယ့္လည္း ဘာမွမထူးတာေၾကာင့္ ဆရာဝန္ေတြက Enema လို႔ေခၚတဲ့ ဝမ္းႏႈတ္ေဆးကို ထပ္ေကြၽးပါတယ္။ အဲ့ဒီအခါက်မွ Vijayရဲ႕ ဗိုက္ထဲက ေ႐ႊဆြဲႀကိဳးက ျပန္ထြက္လာပါေတာ့တယ္။

Zombie (Lovemedia)

Post a Comment

0 Comments