တစ်ခါတုန်းက ရွာတစ်ရွာမှာ သူခိုး တစ်ယောက်ဟာ တစ်ညလုံး ခိုးပြီး မနက် မိုးလင်းခါနီး ကြတော့ ရွာအပြင်နားက ဇရပ်မှာ အိပ်နေ ပါ တယ်။ ဒီလိုပဲ သူတော်စင် တစ်ဦးလည်း တစ်ညလုံး ကုသိုလ် ဘာဝနာ အလုပ်လုပ်ပြီး မနက်မိုး လင်းချိန် ရောက်တော့မှ ရွာရဲ့ အပြင် ဇရပ်ကို လမ်းလျှေက်ရင်း ရောက်လာခဲ့ ပါတယ် ။
အဲဒီမှာ အိပ်ပျော်နေတဲ့ သူခိုးကို တွေ့ပြီး သူတော်စင်က မှတ်ချက်တစ်ခု ချတယ် ။ အော် သူလည်း ငါ့လို တစ်ညလုံး အလုပ်လုပ်ပြီး အိပ်ပျော်နေတာ ဖြစ်မယ်ဟု မှတ်ယူကာ ပါလာတဲ့ သူ့ ရဲ့ ခြုံစောင်ကို သူခိုးကို ခြုံပေးပြီး အနားမှာ ခေတ္တလှဲလျှောင်း အိပ်စက်နေ လိုက်ပါတယ် ။
ခဏကြာတော့ သူခိုးက နိုးလာတော့ အနားမှာ အိပ်နေတဲ့ သူတော်စင်ကို မြင်တော့ သူလည်း မှတ်ချက် တစ်ခု ချပြန်တယ် ။ အော် သူလည်း ညက ငါ့လို တညလုံး ခိုးပြီး အိပ်နေတာ ဖြစ်မယ်တဲ့ ။
သူငယ်ချင်း တို့ကို ပြောချင်တဲ့ စကားက ပေးချင်တဲ့ Messages က အဲဒါ ပါဘဲ ။
လူဟာ မိမိ စိတ်ထဲ ရှိတဲ့အတိုင်း သူတစ်ပါးကို စဉ်းစား တွေးတောပြီး ကိုယ့်အတွေး အတိမ် အနက်နဲ့ ခန့်မှန်းခြေတွေနဲ့ ပြုမူ ပြောဆို တတ်ကြပါတယ် ။
ကိုယ်တိုင် သူခိုး ဆိုရင် သူဟာ တစ်ပါးသူကိုလည်း သူခိုးလို့ပဲ ထင်တတ်တာ ဖြစ်တတ်တဲ့ သဘောတရား ပါ ။ ကိုယ်တိုင် လူကောင်းဆို သူတစ်ပါး ကိုလည်း လူကောင်းလို့ ထင်မှာပါ ။
မိဘတွေ ဆုံးမခဲ့တဲ့ စကားကို သတိရ လာတယ်။ မျက်စေ့ ၂ လုံးက တစ်လုံးသည် ကိုယ့်အပြစ်ကို ကြည့်ဖို့ ဖြစ်တယ် ။ ကျန် တစ်လုံးက အပြင်လောက ကို အကောင်း တရားဘက်က မြင်တတ်ဖို့ အရေးကြီး ပါတယ်တဲ့ ။ အဲလောက် ပါဘဲ.. ။
DarLi
for zawgyi
သူတို့ရဲ့အထင်နဲ့ သူတို့ရဲ့စရိုက်
DarLi
0 Comments