သွားဂျိုးတွေကို အလွယ်တကူ ဖယ်ရှားနိုင်မယ့်နည်း (၅) မျိုး

အစားအသောက်တွေ စားတဲ့အခါမှာ ခံတွင်းထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေနဲ့ ပေါင်းစပ်ပြီး အက်ဆစ်ဓာတ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီလိုအက်ဆစ်က တံတွေးနဲ့ ရောသွားပြီးတော့ သွားနဲ့ သွားဖုံးပေါ်မှာ ဂျိုးတွေ ဖြစ်ပေါ်လာစေပါတယ်။ သွားဂျိုးတွေက ရေရှည်မှာ သွားဖုံးကို ထိခိုက်လာနိုင်ပြီးတော့ သွားဖုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် love media ကနေ သွားဂျိုးတွေကို ဘယ်လို ဖယ်ရှားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်နော်။

၁။ သွားကို ပုံမှန်တိုက်ပါ

သွားတွေ ဖြူဖွေးပြီး ဂျိုးတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သွားပုံမှန် တိုက်တာပါ။

- သွားပွတ်ကြိုးကို အသုံးပြုလို့လည်း ရပါတယ်။ အစာအကြွင်းအကျန်တွေကို သွားကြားထဲထိ သေချာဖယ်ရှား ပေးပါတယ်။

- သွားတိုက်တံ ကောင်းကောင်းနဲ့ ပွတ်ပါ။ အရည်အသွေးမှီတဲ့ သွားတိုက်တံကို သုံးပြီးတော့ (၂) မိနစ်လောက် အချိန်ပေး တိုက်သင့်ပါတယ်။ ၄၅ ဒီဂရီလောက် စောင်းပြီးတော့ တိုက်တာ ပိုကောင်းပါတယ်။ သွားဖုံးတွေနဲ့ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။

- ပလုတ်ကျင်းဆေးကို အသုံးပြုပါ။ သွားကြိုသွားကြားမှာ ကပ်နေတဲ့ အစာတွေကို သေချာဖယ်ထုတ်ပေး နိုင်ပါတယ်။

၂။ သွားတိုက်ဆေး အကောင်းစားကိုသာ အသုံးပြုပါ။

သွားတိုက်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်နေကြတာကြောင့် သွားတိုက်ဆေးကို အမျိုးအစား စုံလင်အောင် ထုတ်လုပ်ကြပါတယ်။ အဲ့ဒီထဲကမှ sodium pyrophosphate, zinc citrate (ဒါမှမဟုတ်) sodium hexametaphosphate ပါဝင်တဲ့ သွားတိုက်ဆေးကိုသာ အသုံးပြုပါ။ ဒီလိုသုံးတာက သွားတွေကိုခိုင်မာစေပြီး ဂျိူးတွေ တက်တာကနေလည်း ကာကွယ်ပေးပါတယ်။

၃။ ဆီနှင့်ဆေးပါ။

ပါးစပ်ကို ဆီနဲ့ဆေးတာက ခံတွင်းထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ လေ့လာမှုတွေ အရကတော့ လူ (၆၀) မှာ (၅၀) လောက်အတွက် ဒီနည်းလမ်းက ကျောက်တည်တာတွေ၊ ဂျိုးကပ်တာတွေကို ကာကွယ်ပေးပါတယ်။ အုန်းဆီကတော့ ပါးစပ်ဆေးဖို့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ အုန်းဆီမှာ ရောင်ရမ်းမှုကို ကာကွယ်ပေးတဲ့ ဓာတ်တွေ ပါဝင်ပြီးတော့ ဘတ်တီးရီးယား ပေါက်ဖွားမှုကို လျော့ကျစေပါတယ်။ ဘယ်လိုဆေးရမလဲ ဆိုတော့..

အုန်းဆီတစ်ဇွန်းလောက်ကို ပါးစပ်ထဲ ထည့်ထားပြီးတော့ ၅ မိနစ် ၁၀ မိနစ်လောက် ငုံထားရုံပါပဲ။ ပြီးရင် ထွေးထုတ်လိုက်ပါ။ အုန်းဆီ မဟုတ်လည်း သံလွင်၊ ဗာဒံနှင့် နှမ်းဆီတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။

၄။ မုန့်ဖုတ်ဆိုဒါကို အသုံးပြုပါ။

မုန့်ဖုတ်ဆိုဒါဟာ သွားကိုက်တာကို သက်သာစေပြီးတော့ သွားတွေကိုလည်း ဖြူစင်စေပါတယ်။ လေ့လာမှုတွေအရ မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး တိုက်တဲ့သူတွေက သွားဂျိူးတွေ မရှိသလောက်ဖြစ်တယ်လို့ ပြောပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ demineralization လို့ခေါ်တဲ့ သွားရဲ့ကြွေသားတွေ ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွားပိုးပေါက် ဖြစ်တာကနေလည်း ကာကွယ်ပေးပါသေးတယ်။

၅။ သွားဆရာဝန်နဲ့ တိုင်ပင်ပါ

တကယ်လို့ သွားဂျိုးတွေ မာလာပြီး ဖယ်ရှားမရတော့ဘူး ဆိုရင်တော့ သွားဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။ ဆရာဝန်တွေဟာ ဖလိုရင်းနဲ့ အထူးကိရိယာတွေကို သုံးပြီးတော့ ဂျိုးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

သွားနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

- တစ်နေ့ကို သွား (၂) ကြိမ်တိုက်ပါ။ ဖလိုရင်းပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပြီးတိုက်တာက သွားရောဂါကနေ ကာကွယ်ပေးပါတယ်။

- သွားပွတ်ကြိုးကို အသုံးပြုပါ။ ကြိုးနဲ့တိုက်တာက သွားပွတ်တံ မရောက်နိုင်တဲ့ နေရာတွေကြားထဲက အစားကြွင်းအကျန်တွေကို ဖယ်ရှားပေးပါတယ်။

- အချိုတွေ လျှော့စားပြီး ဖျော်ရည်သောက်တာတွေ လျှော့ပါ။

- (၆) လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြပါ။

Zombie (Lovemedia)

Post a Comment

0 Comments