ကျောက်တုံးကြီးနဲ့ အခွင့်အလမ်း

တခါတုန်းက အလွန် ချမ်းသာ ကြွယ်ဝပြီး စူးစမ်း လေ့လာလိုစိတ် ပြင်းပြတဲ့ ဘုရင်ကြီး တစ်ပါး ရှိခဲ့ဖူးတယ် ။ တနေ့မှာတော့ သူဟာ ကျောက်တုံးကြီး တတုံးကို လမ်းမအလယ်မှာ ချထားပြီး မလှမ်းမကမ်းမှာ သွားရောက် ပုန်းအောင်းနေကာ မည်သူများ အဲဒီ ကျောက်တုံးကြီးအား လမ်းမပေါ်မှ ဖယ်မလဲ ဆိုတာ သိလိုစိတ်ဖြင့် စောင့်ကြည့်နေ လေသည် ။

မကြာခင်တွင် ပထမဆုံး ဖြတ်သန်း သွားလာသည့် သူများမှာ ဘုရင်ကြီး၏ လက်စွဲတော် မှုးမတ်များနှင့် အလွန် ချမ်းသာသော ကုန်သည်ကြီးများ ဖြစ်ကြလေသည် ။ ထိုသူတို့သည် ကျောက်တုံးကြီးအား ဖယ်ရှားမည့်အစား ရှောင်ကွင်း၍ သွားကြလေသည် ။

တချို့လူများဆိုလျင် လမ်းအား ကောင်းကောင်း မပြင်ရ ကောင်းလား ဆိုကာ ဘုရင်ကြီးအား ကျယ်လောင်စွာပင် ပြစ်တင် ဝေဖန် ဆဲဆို ကြလေသည် ။ သို့သော် တစုံတဦး တယောက်မှ ကျောက်တုံးကြီးအား လမ်းမပေါ်မှ ဖယ်မသွားကြပေ ။

နောက်ဆုံး သစ်သီးဝလံများ ထမ်းပိုးလာသည့် တောင်ယာလယ်သမား တဦးသည် ထိုကျောက်တုံးကြီးအနား ရောက်ရှိလာလေသည် ။ အခြားသူများ ကဲ့သို့ ထိုကျောက်တုံးကြီးအား ရှောင်ကွင်းသွားမည့်အစား သူသည် ထမ်းပိုးလာသည့် အလေးအပင်များအား ချကာ ကျောက်တုံးကြီးအား လမ်းဘေးသို့ တွန်းပို့လေတော့သည် ။

လယ်သမား ဦးကြီးမှာ အချိန်အတန်ကြာ ခက်ခဲပင်ပန်းစွာ လုပ်ဆောင် ရသော်လည်း နောက်ဆုံးတွင် ကျောက်တုံးကြီးအား လမ်းမပေါ်မှ အောင်မြင်စွာ ဖယ်ရှားနိုင်လိုက် လေသည် ။

ထို့နောက် လယ်သမား ဦးကြီးလည်း သူ၏ အထုပ်အပိုးများအား ပြန်လည် ထမ်းပိုးလိုက်ပြီး ရှေ့သို့ ခရီးဆက်ရန် ပြင်နေစဉ် ကျောက်တုံးကြီး တည်ရှိခဲ့သည့် နေရာ လမ်းမပေါ်တွင် အထုပ်တထုပ်ကို အမှတ်မထင် တွေ့ရှိလိုက်သည် ။

လယ်သမား ဦးကြီးလည်း ထိုအထုပ်အား ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ရွေဒင်္ဂါးပေါင်းမြောက်များစွားနှင့် ဘုရင့်ဆီမှ သဝဏ်လွှာ တစောင်အား တွေ့ရှိလိုက်လေသည် ။

သဝဏ်လွှာထဲတွင် ဘုရင်ကြီး ရေးသားထားသည်မှာ ထိုရွေဒင်္ဂါးထုပ်သည် လမ်းမပေါ်မှ ကျောက်တုံးကြီးအား ဖယ်ရှားပေးသူအတွက် ဆုလာဘ်တော်အဖြစ် ပေးသနားခြင်းဖြစ်ကြောင်း ဖေါ်ပြထားလေသည် ။

စကားချပ် ။ ဘုရင်ကြီးက လယ်သမားဦးကြီးအား ဥပမာပြပေးလိုက်သည်မှာ တချို့သူတွေ နားမလည်နိုင်တဲ့ အရာပဲ ဖြစ်ပါတယ် ။ အဲဒါကတော့ ကျနော်တို့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေဟာ ကျနော်တို့ကို ပိုမို တိုးတက်လာစေဖို့၊ ပိုမို ရင့်သန်လာစေဖို့၊ ပိုမို ကောင်းမွန်လာစေဖို့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။

The Obstacle in out Path ကို ဆီလျော်အောင် ဘာသာပြန်သည်။

ဟိန်းထက်စံ

for zawgyi

ေက်ာက္တုံးႀကီးနဲ႔ အခြင့္အလမ္း

တခါတုန္းက အလြန္ ခ်မ္းသာ ႂကြယ္ဝၿပီး စူးစမ္းေလ့လာလိုစိတ္ ျပင္းျပတဲ့ ဘုရင္ႀကီး တစ္ပါး ရွိခဲ့ဖူးတယ္ ။ တေန႔မွာေတာ့ သူဟာ ေက်ာက္တုံးႀကီး တတုံးကို လမ္းမအလယ္မွာ ခ်ထားၿပီး မလွမ္းမကမ္းမွာ သြားေရာက္ ပုန္းေအာင္းေနကာ မည္သူမ်ား အဲဒီ ေက်ာက္တုံးႀကီးအား လမ္းမေပၚမွ ဖယ္မလဲဆိုတာ သိလိုစိတ္ျဖင့္ ေစာင့္ၾကည့္ေန ေလသည္ ။

မၾကာခင္တြင္ ပထမဆုံး ျဖတ္သန္း သြားလာသည့္ သူမ်ားမွာ ဘုရင္ႀကီး၏ လက္စြဲေတာ္ မႈးမတ္မ်ားႏွင့္ အလြန္ ခ်မ္းသာေသာ ကုန္သည္ႀကီးမ်ား ျဖစ္ၾကေလသည္ ။ ထိုသူတို႔သည္ ေက်ာက္တုံးႀကီးအား ဖယ္ရွားမည့္အစား ေရွာင္ကြင္း၍ သြားၾကေလသည္ ။

တခ်ိဳ႕လူမ်ားဆိုလ်င္ လမ္းအား ေကာင္းေကာင္း မျပင္ရ ေကာင္းလား ဆိုကာ ဘုရင္ႀကီးအား က်ယ္ေလာင္စြာပင္ ျပစ္တင္ ေဝဖန္ ဆဲဆို ၾကေလသည္ ။ သို႔ေသာ္ တစုံတဦး တေယာက္မွ ေက်ာက္တုံးႀကီးအား လမ္းမေပၚမွ ဖယ္မသြားၾကေပ ။

ေနာက္ဆုံး သစ္သီးဝလံမ်ား ထမ္းပိုးလာသည့္ ေတာင္ယာလယ္သမား တဦးသည္ ထိုေက်ာက္တုံးႀကီးအနား ေရာက္ရွိလာေလသည္ ။ အျခားသူမ်ား ကဲ့သို႔ ထိုေက်ာက္တုံးႀကီးအား ေရွာင္ကြင္းသြားမည့္အစား သူသည္ ထမ္းပိုးလာသည့္ အေလးအပင္မ်ားအား ခ်ကာ ေက်ာက္တုံးႀကီးအား လမ္းေဘးသို႔ တြန္းပို႔ေလေတာ့သည္ ။

လယ္သမား ဦးႀကီးမွာ အခ်ိန္အတန္ၾကာ ခက္ခဲပင္ပန္းစြာ လုပ္ေဆာင္ ရေသာ္လည္း ေနာက္ဆုံးတြင္ ေက်ာက္တုံးႀကီးအား လမ္းမေပၚမွ ေအာင္ျမင္စြာ ဖယ္ရွားႏိုင္လိုက္ ေလသည္ ။

ထို႔ေနာက္ လယ္သမား ဦးႀကီးလည္း သူ၏ အထုပ္အပိုးမ်ားအား ျပန္လည္ ထမ္းပိုးလိုက္ၿပီး ေရွ႕သို႔ ခရီးဆက္ရန္ ျပင္ေနစဥ္ ေက်ာက္တုံးႀကီး တည္ရွိခဲ့သည့္ ေနရာ လမ္းမေပၚတြင္ အထုပ္တထုပ္ကို အမွတ္မထင္ ေတြ႕ရွိလိုက္သည္ ။

လယ္သမား ဦးႀကီးလည္း ထိုအထုပ္အား ဖြင့္ၾကည့္လိုက္သည့္အခါ အထဲတြင္ ေ႐ြဒဂၤါးေပါင္းေျမာက္မ်ားစြားႏွင့္ ဘုရင့္ဆီမွ သဝဏ္လႊာ တေစာင္အား ေတြ႕ရွိလိုက္ေလသည္ ။

သဝဏ္လႊာထဲတြင္ ဘုရင္ႀကီး ေရးသားထားသည္မွာ ထိုေ႐ြဒဂၤါးထုပ္သည္ လမ္းမေပၚမွ ေက်ာက္တုံးႀကီးအား ဖယ္ရွားေပးသူအတြက္ ဆုလာဘ္ေတာ္အျဖစ္ ေပးသနားျခင္းျဖစ္ေၾကာင္း ေဖၚျပထားေလသည္ ။

စကားခ်ပ္ ။ ဘုရင္ႀကီးက လယ္သမားဦးႀကီးအား ဥပမာျပေပးလိုက္သည္မွာ တခ်ိဳ႕သူေတြ နားမလည္ႏိုင္တဲ့ အရာပဲ ျဖစ္ပါတယ္ ။ အဲဒါကေတာ့ က်ေနာ္တို႔ ဘဝမွာ ႀကဳံေတြ႕ရတဲ့ အခက္အခဲ အတားအဆီးေတြဟာ က်ေနာ္တို႔ကို ပိုမို တိုးတက္လာေစဖို႔၊ ပိုမို ရင့္သန္လာေစဖို႔၊ ပိုမို ေကာင္းမြန္လာေစဖို႔ အခြင့္အလမ္းေတြပဲ ျဖစ္ပါတယ္။

The Obstacle in out Path ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္သည္။

ဟိန္းထက္စံ

Post a Comment

0 Comments