မိမိတို့ကလေးတွေရဲ့ ဓာတ်ပုံနဲ့ နာမည်တွေကို social media မှာ တင်ခြင်းရဲ့ အန္တရာယ်

မလေးရှားနိုင်ငံမှာ မနေ့က ကလေးဖခင် တစ်ယောက်ဖြစ်တဲ့ Ihsan ဟာ သူကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့ပါတယ်။ သူ့ရဲ့ကလေး ပြန်ပေးဆွဲ ခံရလုနီးပါး ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။ ကလေးကို ပြန်ပေးဆွဲတဲ့ အချိန်ကလည်း တခြားတော့ မဟုတ်ပါဘူး။ သူတို့ဇနီးမောင်နှံက ကလေးကို ကျောင်းသွားကြိုတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။

မိဘတွေက ကလေးတွေရဲ့ဓါတ်ပုံကို social media တွေမှာ တင်တာဟာ သာမန်ကိစ္စလို ဖြစ်နေပါပြီ။ အဝေးက မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ကြည့်နိုင်ဖို့ ကိုယ့်မိသားစုရဲ့ ပုံတွေ၊ နေ့စဉ်လှုပ်ရှားမှု ပုံတွေကို social media မှာ တင်တတ်ကြပါတယ် ။

အဲဒီလို social media မှာ တင်တာဟာ အလွန်အန္တရာယ်များကြောင်း ကလေးရဲ့ မိဘတွေက မသိရှာခဲ့ပါဘူး။ Ihsan က ကလေးကို သွားကြိုတဲ့ အချိန်မှာ လူတစ်ယောက်က Ihsan ရဲ့ သမီးနာမည်ကို ခေါ်ပြီး ဆရာမဆီ ချဉ်းကပ်နေတာကို တွေ့လိုက်ရပါတယ်။ ဆရာမက Ihsan ရဲ့ အမျိုးသမီးကို မှတ်မိနေလို့ ကံကောင်းသွားတာပါ ။

ဆရာမက လူစိမ်းကို သူဟာ ကလေးရဲ့အဖေ မဟုတ်ကြောင်း ချက်ချင်း ပြောလိုက်ပါတယ်။ အဲဒီအခါ လူစိမ်းက ကျောင်းမှားပြီး ဝင်လာတာဖြစ်ကြောင်း ပြောပြီး မြန်မြန် ထွက်သွားပါတယ်။ ကျောင်းက ဒီအဖြစ်အပျက် ပြီးတဲ့နောက်မှာတော့ ကျောင်းသူကျောင်းသားတွေရဲ့ လုံခြုံရေးကို တင်းကြပ်ထားပါတယ်။

ကလေးတွေရဲ့ နာမည် အပြည့်အစုံ၊ ကျောင်းတည်နေရာ၊ ဓါတ်ပုံတွေကို social media တွေမှာ တင်တဲ့အခါ သတိကြီးကြီး ထားသင့်ကြောင်း Ihsan က အကြံပေးထားပါတယ်။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments