ဆရာငြိမ်း၏ ၁၂.၈.၂၀၂၁ မှ ၁၈.၈.၂၀၂၁ ထိ ၇ရက်သားသမီး ဟောစာတမ်း

၁၂.၈.၂၀၂၁ မှ ၁၈.၈.၂၀၂၁ ထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းမှာ စိတ်ထဲလိုချင်တာတွေ ပြည့်ဝလာတတ်ပါတယ်။ မိမိတို့တောင်းဆုတွေ ပြည့်လာတတ်ပါ တယ်။ ကူညီမဲ့သူ၊ မစမဲ့သူတွေ ပေါ်လာတတ်ပါတယ်။ အကြီးအကဲတွေနဲ့ အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ မကျန်းမာသူတွေ၊ ဝေဒနာပြင်းထန်စွာခံစားရသူတွေ ကောင်းစွာ နေပြန်ကောင်းလာတတ်ပါတယ်။

ကျန်းမာရေး အထူးစိတ်ပူဖို့ မလိုသေးပါဘူး။ အလုပ်ဟောင်းတွေ အလုပ်ပြန်ခေါ်တာမျိုး၊ မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံပြီး မိမိအခက်အခဲကို ဖြေရှင်းပေးသွားတာမျိုးတွေ ကြုံဆုံရတတ်ပါတယ်။ ဒီကာလတွေမှာ သတိထားရမှာက အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေးနဲ့ သူစိတ်နဲ့ကိုယ်စိတ်မတိုက်ဆိုင်တာများနေတာကို သတိထားကိုင်တွယ်တတ်ဖို့ပါ။ ငွေရှာရလွယ်ပေ မဲ့ ငွေမမြဲတဲ့ကာလတွေပါပဲ။ တစ်ခုသတိထားရမှာက လောင်းကစားလုပ်မိရင် အရှုံးကြီး ရှုံးတတ်ပါတယ်။

ကျန်းမာရေး အားနည်းသူတွေ ကိုယ့်အိမ်လာတည်းပြီး ဆေးလာကုရင် ရောဂါက ပိုသည်းသွား တတ်ပါတယ်။ ရပ်ဝေးသွားတဲ့ကိစ္စတွေ ရပ်ဝေးကနေ ချိတ်ဆက်လုပ်တဲ့အလုပ်တွေ နိုင်ငံခြားသားနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့ အလုပ်တွေ အဆင်မပြေ ဖြစ်ရတတ်ပါ တယ်။ အချစ်ရေးမှာတော့ ချစ်သူဟောင်းနဲ့ပြတ်သွားပြီး ချစ်သူသစ်ရတာမျိုးတွေ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာရတတ်ပါတယ်။ ပညာရေးအတွက် ကြိုးစားသမျှ အရာမထင်သေးပါဘူး။

အကျိုးပေးဂဏန်း ၁၊ ၄ ၊၈

အထူးဟော တောင်းဆုတွေပြည့်မည်။

ယတြာ ငါးကြော်နှင့် ဘုရားရှင်ကို ဆွမ်းကပ်ပါ

တနင်္လာ

စိတ်ပူစရာ၊ ကြောင့်ကြစရာလေးတွေတော့ များနေတတ်ပါတယ်။ သံယောဇဉ်နဲ့ပတ်သက်ပြီး ခံစားရတဲ့ကိစ္စ တွေက ဒီကာလမှာ ပြင်းထန်တတ်ပါတယ်။ ငွေကိုလွယ်လွယ် မသုံးမိပါစေနဲ့။ မလိုအပ်ဘဲ အပိုကုန်တာတွေလဲ များနေရ တတ်ပါတယ်။ အပြီးမသတ်သေးတဲ့ ကိစ္စတွေ၊ အဆုံးမသတ်ရသေးတဲ့ အလုပ်ကြွေးတွေ ပြီးသွားနိုင်တဲ့ကာလပါပဲ။ ကတိစကား လွယ်လွယ် မပေးမိပါစေနဲ့။ ပေးတဲ့ကတိတည်ဖို့ လွန်စွာမှခက်ခဲပါလိမ့်မယ်။ စက်ပစ္စည်း လျှပ်စစ်ပစ္စည်းဝယ်မယ် ဆိုရင် တစ်ခါတည်းစမ်းသပ်ပြီး ကောင်းမကောင်းစစ်ပါ။ အလွယ်မစစ်ဘဲ မဝယ်မိပါစေနဲ့။ အကြံအစည်၊ ဘဝတိုးတတ် ရေးကိစ္စတွေအတွက် ကြီးကြီးမားမား တွေးခေါ်ကြံစည်လို့ မကောင်းသေးပါဘူး။ လက်တလော လုပ်ရမဲ့အလုပ်တွေ အတွက်ပဲ စိတ်နှစ်ထားလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ပူဖို့မလိုပေမဲ့ လည်းချောင်းနာတာ အာသီးရောင်တာ အပူအားကြီးတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စိတ်ထဲမှာ ထားသင့်တဲ့မာန၊ မထားသင့်တဲ့မာနတွေကို ခွဲခြားသိဖို့လိုပါတယ်။ တလွဲမာနတွေကြောင့် အိမ်ထောင်ရေးမှာ အဆိုးဆုံးအခြေအနေတွေ ဖြစ်လာရတတ်ပါတယ်။ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အလိုလိုက်မှုကို သိပ်လိုချင်တဲ့ ချစ်သူမျိုးကို ရထားသူတွေကတော့ ဒီကာလ မှာချစ်သူရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာမို့ ပြဿနာလေးတွေ ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂၊ ၅၊ ၄

အထူးဟော အလုပ်တွေ များနေတတ်သည်။

ယတြာ ငါးစာ၊ ငှက်စာကျွေးပါ

အင်္ဂါ

ရှေ့တိုးဆောင်ရွက်ပြီး အရာရာကို ပြင်းပြင်းထန်ထန် လုပ်ချင်စိတ်ရှိပေမဲ့… ငွေအား လူအား မလိုက်နိုင်တာမျိုးတွေ ဖြစ်နေရတတ်ပါတယ်။ ဒါကြောင့် ချင့်ချင့်ချိန်ချိန်သာ လုပ်ပါ။ မနိုင်ဝန်တွေ မထမ်းမိအောင်လို့ သတိထားဆောင်ရွက်ပါ။ မိမိမှာရှိတဲ့ စက်၊ ကား၊ ကွန်ပျူတာ၊ ဖုန်းစတာတွေ ခြူခြာနိုင်တာကို တွေ့ရတယ်။ ပျက်ရင်တောင်ပြင်ဖို့ အခက်အခဲတွေရှိ နေတတ်တာကို တွေ့ရပါတယ်။ ကျန်းမာရေးကတော့ လွယ်လွယ်ကူကူ မဟုတ်ပေမဲ့ နေကောင်း၊ ကျန်းမာလာပြီလို့ ပြောလို့ ရတဲ့ ကာလပါပဲ။

ကျန်းမာရေးအတွက် ဝေဒနာတွေခံစားနေရလဲ နလန်ပြန်ထလာပြီလို့ ပြောချင်ပါတယ်။ ငွေကတော့ အလွန်အထွက်များတဲ့ ကာလပါပဲ။ လူမှုရေး၊ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ များနေရတတ်ပါတယ်။ ငွေကြေးနဲ့ ကံ တစ်ခုကောင်းတာက ဝင်စရာရှိတဲ့ငွေတွေလဲ ဝင်လာတတ်ပါတယ်။ လူမှုရေးကိစ္စ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာ ကိုယ့်ဘက်ပါအောင် ကိုယ်ပြောသမျှ နားလည်လက်ခံနိုင်အောင် စည်းရုံးနိုင်မဲ့ ကာလပါပဲ။

အချစ်ရေးအတွက် စိတ်ချမ်းသာ ရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူသစ် ရတတ်ပါတယ်။ အချစ်ရေးအတွက် ကူညီမဲ့သူတွေလဲ ရှိလာတတ်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာ ထင်သလောက် အဆင်မပြေပါ။ အိမ်ထောင်ဘက်နဲ့ အလုပ်ကြောင့်ဖြစ်စေ အခြားကိစ္စကြောင့် ဖြစ်စေခွဲနေရတတ်ပါတယ်။ ပညာရေးမှာတော့ စိတ်ရှည်ဖို့လိုပါတယ်။

အကျိုးပေးဂဏန်း ၃၊ ၆ ၊၉

အထူးဟော ငွေကံအားနည်းမယ်။

ယတြာ ငွေ၂၀၀ ခန့် ပံ့သကူပစ်ပါ

ဗုဒ္ဓဟူး၊ ရာဟု

ဒီကာလအတွင်း မိမိလုပ်ငန်းတွေ ပြန်လည်ဦးမော့ လာတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာ တတ်ပါတယ်။ အလုပ်ရှာနေသူများ အလုပ်သစ်၊ စီးပွားသစ်ရနိုင်ပါတယ်။ တစ်ခု သတိထားရမှာကကြီးမားတဲ့ ရင်းနှီးမြုပ် နှံမှုတွေကိုတော့ မလုပ်မိဖို့ လိုပါအပ်တယ်။ ကုန်တွေလှောင်လို့ မကောင်းသေးပါ။ ကျန်းမာရေးကတော့ ထင်ထားသည် ထက်ပိုမိုအားနည်းစွာ ရပ်တည်နေပါတယ်။

ကျန်းမာရေးကို အထူးဂရုစိုက်ပေးစေချင်ပါတယ်။ သွေးပေါင်ကျတာ၊ ရုတ်တရက် သွေးတိုးတာတွေကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ကျန်းမာရေးအတွက် စိတ်ဖိစီးမှုတွေ လျှော့ချထားဖို့ လိုပါလိမ့်မယ်။ လူအများနဲ့ တွဲဖက်လုပ်ရတဲ့ အလုပ်တွေ၊စပ်တူအလုပ်တွေ အကျိုးမပေးသေးပါဘူး။ ကိုယ့်စိတ်ကူး၊ ကိုယ့်အကြံနဲ့ ကိုယ်ထူကိုယ်ထသာ ဆောင်ရွက်လုပ်ကိုင်ပါ။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူခင်သူတွေ ပေါများပါလိမ့်မယ်။ ဒါပေမဲ့ တကယ်ကိုယ်ချစ်သူနဲ့ကတော့ ပဋိပက္ခလေး အနည်းငယ် ရှိနေနိုင်ပါတယ်။ အိမ်ထောင်ရေးကတော့ ငွေကြေးနဲ့ဆက်နွယ် ပြီး အိမ်ထောင်ဘက်နဲ့ စကားများ ပြဿနာ ဖြစ်ရတတ်ပါတယ်။ အပေါင်းအသင်း မိတ်ဆွေတွေဆီကဖြစ်စေ၊ ဆွေမျိုးသား ချင်းတွေဆီကဖြစ်စေ အကူအညီကောင်းတွေ ရလာတတ်ပါတယ်။ ပညာရေးမှာတော့ ကျောင်းပညာထက် အလုပ်တိုး တက်စေဖို့ အထောက်အကူဖြစ်စေမဲ့ ပညာရေးကံ အားကောင်းပါတယ်။

အကျိုးပေးဂဏန်း ၈၊ ၇၊ ဝ

အထူးဟော ကံမြင့်မားနေမယ်။

ယတြာ ကိတ်ခြောက်ဝယ်ပြီး လူကြီးသူမ တစ်ဦးဦးကို လှူလိုက်ပါ။

ကြာသပတေး

ဘာဖြစ်ချင်နေလဲ။ ဘာလုပ်ချင်နေတာလဲ ဆိုတာကို ဦးစားမပေးဘဲ လုပ်သင့်တာတွေကို ဦးစားပေးလိုက်ပါ။ ဒီကာလကအချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်မှ တော်ကာကျပါလိမ့်မယ်။ အလုပ်တွေကို မနိုင်ဝန် မဖြစ်ပါစေနဲ့။ တစ်နေ့ အလုပ်တစ်နေ့ပြီးအောင် လုပ်ပါ။ ပစ္စည်းအော်ဒါများ အချိန်မှီမပို့နိုင်တာကြောင့် နာမည်ပျက်တတ်ပါတယ်။ အကြီး အကဲဆရာသမားတွေ ကျန်းမာရေး ညံ့နေတတ်ပါတယ်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အလုပ်မှာ မိမိက ငွေကိုင်လုပ်ရသူများ ငွေအပေးအယူကိစ္စတွေမှာ အငြင်းပွားဖွယ်ရာ ကြုံရတတ်ပါတယ်။ သတိထားစေချင်ပါတယ်။ ခရီးသွားဖို့ ကြုံပါက ယရလ၀ နဲ့စတဲ့ မြို့တွေသွားရမယ်ဆိုရင်တော့ အလွန်မှအခက်အခဲများတတ်ပါတယ်။ စပ်တူ လုပ်ကိုင်တဲ့အလုပ်ရှင်များ ငွေကြေးစာရင်းဇယားကို ရှင်းလင်းစွာလုပ်ထားစေချင်ပါတယ်။

ကျန်းမာရေးကတော့အညံ့ ကတော့ များနေတတ်ပါတယ်။ ရောဂါနာမည်တပ်မရပေမဲ့ တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ အချစ်ရေးကံ မြင့်မားနေပါတယ်။ ချစ်သူမရှိသေးသူများလဲ ချစ်သူသစ် ရလွယ်နေတာကို တွေ့ရပါတယ်။ အိမ်ထောင်ရေးလဲ အညံ့အဆိုး မရှိသလောက် နည်းပါတယ်။ ပညာရေးကတော့ အညံ့ဆုံးအချိန်ပါ။ ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့ကာလပါ။

အကျိုးပေးဂဏန်း ၂၊ ၇၊ ဝ

အထူးဟော အရာရာ တွက်ဆပြီးမှ လုပ်ကိုင်ဆောင်ရွက်ပါ။

ယတြာ ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကို လောင်းလှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အနည်းငယ် စိတ်တိုဒေါသထွက်စရာတွေ ကြုံနေရတတ်ပါတယ်။ မျက်စိရှေ့ မြင်သမျှလဲ စိတ် တိုင်း မကျစရာတွေ ဖြစ်နေတတ်တယ်။ စက်ကားမောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုကြောင့် အရေး ယူခံရတတ်ပါတယ်။ ရွှေဝယ်ဖို့မသင့်ပေမဲ့ ရွှေရောင်း ချင်တယ်ဆိုရင်တော့ ဒီကာလသင့်ပါတယ်။ အလုပ်လျှောက် ထားသူများ အလုပ်ရ လွယ်ပါတယ်။ ကုန်သည်အလုပ်များ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့သိပ် မတွေ့ပါဘူး။

ဝမ်း မကောင်းသလိုတော့ဖြစ်တတ်ပါတယ်။ လုပ်ချင်နေတဲ့ကိစ္စတွေက လုပ်ခွင့်မရဘဲ နှောင့်နှေးကြန့် ကြာမှုတွေ ဖြစ်နေတတ် ပါတယ်။ ရှောင်လွှဲလို့မရတဲ့ လူမှုရေးကိစ္စတွေကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များ တတ်နိုင်သမျှအသွား အလာသတိထားပါ။ မိုးတွင်းကာလမို့ချော်လဲ တတ်လို့ပါပဲ။ ရပ်ဝေးကဧည့်ဆိုးတွေ ရောက်လာ တတ်ပါတယ်။

မိမိအတွက် အိမ်မကပ် ရသလို အလုပ်ထဲလဲ စိတ်နှစ်လို့မရတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ အလုပ်မှာ တော့ အထက်လူကြီးကို ကလန်ကဆန် မလုပ်မိပါစေနဲ့။ တတ်နိုင် သမျှ သူပြောတာက ငြင်းဆန်ရမဲ့ကိစ္စဆိုရင်တောင်မှ အေးဆေးပြောပြီး ငြင်းဆန်လိုက်ပါ။ အချစ်ရေးမှာတော့ ချစ်သူရဲ့ အားပေးစကားတွေ၊ ကြင်နာမှုတွေ ရပါလိမ့်မယ်။ အိမ်ထောင်ရေး ပိုမို အညံ့များနေတတ်ပါ တယ်။ ပညာရေး အခက်အခဲများပါတယ်။

အကျိုးပေးဂဏန်း ၁၊ ၈ ၊၆

အထူးဟော စိတ်အနည်း ရှုပ်ရတတ်ပါတယ်။

ယတြာ အသုပ်စုံတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

စနေ

ဘာပဲဖြစ်ဖြစ် မိမိမစဉ်းစားဘဲ လုပ်ရင်တောင်မှ လမ်းမှန်ကို ရောက်တတ်ပါတယ်။ သွားလိုတဲ့ ခရီးမျိုးတွေကို တော့ ကောင်းစွာသွားခွင့် ကြုံရတတ်ပါတယ်။ ခရီးတိုလေးတွေ နေ့ ချင်းပြန်ခရီးလေးတွေ သွားရတတ်ပါတယ်။ စီမံ အုပ်ချုပ်သူများ အောက်လက်ငယ်သားတွေကို ကောင်းစွာ စည်းရုံးသိမ်းသွင်း နိုင်ပါလိမ့် မယ်။အလုပ်ကို စနစ်တကျ လုပ်ကိုင်နိုင်တာကြောင့် အလုပ်အကြွေးတွေရှိရင် ပြီးသွားပါလိမ့်မယ်။

မီးဖိုချောင် ပစ္စည်းများ၊ ဆန်ဆီစတဲ့ စားသောက် ကုန်များ ဝယ်မယ်ဆို ဒီကာလက အထူးကောင်းပါတယ်။ မိမိစိတ်ကိုယ်က လုပ်ချင်ကိုင်ချင်စိတ် များနေတတ်ပါတယ်။ ပျင်းရိတတ်သူတောင် တတ်တတ်ကြွကြွလုပ် ကိုင်နေမိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အလုပ်များ သိသာထင်ရှား စွာတိုးတတ်နိုင်ပါတယ်။ ဝန်ထမ်းများ အချိန် မဖြုန်းဘဲ အလုပ်အပေါ်ပဲ စိတ်နှစ် လုပ်ကိုင်တာကြောင့် အများရဲ့ အသိအမှတ်ပြုခြင်း၊ အထက်လူကြီး သတိထားမိ ခြင်းကို ခံရတတ်ပါတယ်။

ကျန်းမာရေး အညံ့မရှိပါဘူး။ ဖြစ်နေတဲ့ရောဂါတွေလဲ စတင်ပြီး လျော့ပါးသက်သာလာတော့မှာ ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ စိတ်အပြောင်းအလဲ မြန်တဲ့ချစ်သူကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်ပါတယ်။ ပညာရေး အထူးကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း ဝ၊ ၃၊ ၅

အထူးဟော အလုပ်စီးပွားကောင်းမွန် တိုးတတ်ပါလိမ့်မယ်။

ယတြာ - ထမင်းသုပ် ဘုရားကပ်လှူ ဆုတောင်းပါ။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

0 Comments