အစ်မ (or) ညီမတယောက် ရှိခြင်းက သင့်ကိုပျော်ရွှင်စေပြီး အသက်လည်းရှည်စေ

သင့်မှာ ညီမ သို့မဟုတ် အစ်မ တစ်ယောက် ရှိနေခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုသလို အသက်လည်း ရှည်စေပါတယ်။ ဒါတင် မကသေးပါဘူး။ အစ်မ သို့မဟုတ် ညီမက မွေးတဲ့ သားသမီးတွေ ကလည်း သင့်ဘဝကို ပိုပြီး ပျော်ရွှင်စေဦးမှာပါ။

၁။ သူငယ်ချင်းအသစ် ရခြင်း

ငယ်ငယ်တုန်းကတော့ ညီမတွေ၊ အစ်မတွေဆိုတာ ကိုယ့်ရဲ့သူငယ်ချင်းကောင်း ပါပဲ။ သူတို့ အိမ်ထောင်ကျသွားလို့ ကလေးတွေ မွေးလာတဲ့အခါ ကိုယ်က အန်တီဖြစ်သွားပါပြီ။ တကယ်တော့ တူတွေ၊ တူမတွေဟာ ဘဝမှု ခရီးတွေများစွာ ထွက်နိုင်ဖို့ သူငယ်ချင်းကောင်းတွေ လိုပါ။

၂။ သင့်ရဲ့ တီထွင်ဖန်တီးမှုတွေက ပိုပြီး တောက်ပလာတယ်။

ဘဝမှာ သင်စိတ်ဝင်စားတဲ့ အရာတွေက များစွာ ရှိပါလိမ့်မယ်။ သင်တီထွင်ဖန်တီးထားတဲ့ အရာတွေကို စပ်စုတတ်တဲ့ တူလေး၊ တူမလေးတွေက မေးမြန်းတဲ့အခါ သူတို့ကို ဖြေရင်းနဲ့ ကိုယ့်မှာ အတွေးအသစ်တွေပါ ပေါ်လာစေပါတယ်။

၃။ တာဝန်ယူ တတ်လာတယ်။

သင့်ရဲ့အစ်မက ကလေးမွေးတဲ့အခါ သူတစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မအားတဲ့အခါ သင်ကပါ ကူညီပြီး ကလေးထိန်းပေးဖို့ လိုအပ်လာပါတယ်။ အဲဒီအခါ ဘဝမှာ ရင့်ကျက်ဖို့ အလင်းရောင်တွေ စတွေ့ရတော့တာပါပဲ။

၄။ မိသားစုနဲ့ ပိုပြီး ရင်းနှီးလာတယ်။

သင့်ရဲ့တူလေး၊ တူမလေးတွေကို ထိန်းရတဲ့အခါ သင်ကိုယ်တိုင် ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရမှာပါ။ အဲဒီအခါ မိသားစုဝင်တွေနဲ့လည်း ပိုပြီး ရင်းနှီးမှုတွေ ရလာစေပါတယ်။

၅။ ဘာမဆို အောင်မြင်နိုင်တယ်လို့ ခံစားလာရစေတယ်။

ချစ်စရာကောင်းတဲ့ တူမလေးက သင့်တို့မိသားစုထဲကို ဝင်ရောက်လာတဲ့အခါ တူမလေးက သင့်ကို အလုံးစုံယုံ ကြည်အားကိုးလာ ပါတော့တယ်။ အဲဒါကြောင့် တူလေး၊ တူမလေးတွေအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာစေပါတယ်။

၆။ အကြွင်းမဲ့ မေတ္တာကို ခံစားရလာစေတယ်။

အချိန်တိုတိုလေး အတွင်းမှာ တူလေး၊ တူမလေးတွေက သင့်ဘဝရဲ့ အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတော့တယ်။ တခြားကိစ္စတွေနဲ့ ယှဉ်လာရင် တူ၊ တူမတွေကို ဦးစားပေးတတ်လာပြီး သူတို့အတွက် ထည့်စဉ်းစားတတ် လာပါတယ်။ သူတို့ရဲ့ အပြစ်ကင်းတဲ့ အပြုံးတွေကြောင့် သင့်ဘဝမှာ အကြွင်းမဲ့မေတ္တာကို စတင်ခံစားလာရမှာပါ။

Zombie (Lovemedia)

Post a Comment

0 Comments