ထူးထူးဆန်းဆန်း ကွန်တိန်နာအဟောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဟာဝိုင်အီကျွန်းက shopping mall အသစ်

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်း၊ Kapaaမှာ shopping mall တစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ shopping mall က လူအများ မျှော်လင့်ထားသလို အထပ်အများကြီးပါတဲ့ ဧရာမ အဆောက်အအုံကြီး တစ်ခုတော့ မဟုတ်ပါဘူး။

Shopping mall ကို ကွန်တိန်နာအဟောင်း ၁၉ လုံးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကွန်တိန်နာ တစ်လုံးစီကို အရောင်ဖျော့ဖျော့လေးတွေ ဆေးခြယ်ထားပြီး ပြင်သစ်တံခါးတွေကို တပ်ဆင်ထားပါတယ်။ ရိုးရှင်းလှပပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်စေတဲ့ shopping mall ပါပဲ။

" အဆောက်အအုံသစ်ကို ထပ်မဆောက်ဘဲနဲ့ shopping mall တည်ဆောက်လို့ ရတယ် ဆိုတာကို ပြသချင်တာပါ " ဆိုပြီး shopping mall ရဲ့ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Jimmy Jasper က ပြောပါတယ်။

ပုံမှန်အားဖြင့် shopping mall တစ်ခု တည်ဆောက်တော့မယ်ဆိုရင် မြေကို သန့်ရှင်းရေးလုပ်ရတာ၊ မြေတူးရတာ၊ အုတ်မြစ်ချရတာ စတဲ့လုပ်ငန်းတွေ အများကြီး လုပ်ရပါတယ်။ အဲဒီအခါ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာပါတယ်။

Shopping mall တစ်ခု တည်ဆောက်မယ်ဆိုရင် သဲတွေ အများကြီး ကုန်ပါတယ်။ အမေရိကန်ကနေစလို့ အာရပ်စော်ဘွားများ နိုင်ငံတော်အထိ သဲနည်းပါးလာမှုကို ကြုံတွေ့နေရပါတယ်။ အခုလို သုံးပြီးသား ကွန်တိန်နာပုံးနဲ့ shopping mall တည်ဆောက်လိုက်တာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်စေပါတယ်။

ဟာဝိုင်အီကျွန်းက shopping mall က နောက်ထပ် ပေါ်ထွက်လာတော့မယ့် shopping mall တွေအတွက် စံပြဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Zombie (Lovemedia)

for zawgyi

ထူးထူးဆန္းဆန္း ကြန္တိန္နာအေဟာင္းေတြနဲ႔ တည္ေဆာက္ထားတဲ့ ဟာဝိုင္အီကြၽန္းက shopping mall အသစ္

အေမရိကန္ႏိုင္ငံ၊ ဟာဝိုင္အီကြၽန္း၊ Kapaaမွာ shopping mall တစ္ခု ဖြင့္လွစ္လိုက္ပါတယ္။ ဒါေပမယ့္ အဲဒီ shopping mall က လူအမ်ား ေမွ်ာ္လင့္ထားသလို အထပ္အမ်ားႀကီးပါတဲ့၊ ဧရာမ အေဆာက္အအုံႀကီး တစ္ခုေတာ့ မဟုတ္ပါဘူး။

Shopping mall ကို ကြန္တိန္နာအေဟာင္း ၁၉ လုံးနဲ႔ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ကြန္တိန္နာ တစ္လုံးစီကို အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ေဆးျခယ္ထားၿပီး ျပင္သစ္တံခါးေတြကို တပ္ဆင္ထားပါတယ္။ ႐ိုးရွင္းလွပၿပီး သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းၿပီးသားျဖစ္ေစတဲ့ shopping mall ပါပဲ။

" အေဆာက္အအုံသစ္ကို ထပ္မေဆာက္ဘဲနဲ႔ shopping mall တည္ေဆာက္လို႔ ရတယ္ ဆိုတာကို ျပသခ်င္တာပါ " ဆိုၿပီး shopping mallရဲ႕ပိုင္ရွင္တစ္ဦးျဖစ္တဲ့ Jimmy Jasper က ေျပာပါတယ္။ ပုံမွန္အားျဖင့္ shopping mall တစ္ခု တည္ေဆာက္ေတာ့မယ္ဆိုရင္ ေျမကို သန႔္ရွင္းေရးလုပ္ရတာ၊ ေျမတူးရတာ၊ အုတ္ျမစ္ခ်ရတာ စတဲ့လုပ္ငန္းေတြ အမ်ားႀကီး လုပ္ရပါတယ္။ အဲဒီအခါ သဘာဝပတ္ဝန္းက်င္လည္း ထိခိုက္လာပါတယ္။

Shopping mall တစ္ခု တည္ေဆာက္မယ္ဆိုရင္ သဲေတြ အမ်ားႀကီး ကုန္ပါတယ္။ အေမရိကန္ကေနစလို႔ အာရပ္ေစာ္ဘြားမ်ား ႏိုင္ငံေတာ္အထိ သဲနည္းပါးလာမႈကို ႀကဳံေတြ႕ေနရပါတယ္။ အခုလို သုံးၿပီးသား ကြန္တိန္နာပုံးနဲ႔ shopping mall တည္ေဆာက္လိုက္တာက သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းရာလည္း ေရာက္ေစပါတယ္။

ဟာဝိုင္အီကြၽန္းက shopping mall က ေနာက္ထပ္ ေပၚထြက္လာေတာ့မယ့္ shopping mall ေတြအတြက္ စံျပျဖစ္လာလိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ေနၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments