တနေကုန် ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေထောက်ကို သက်သာစေမယ့် နည်းလမ်းများ

သွားစရာ မင်္ဂလာဆောင်တွေ၊ ပွဲတွေက ပေါများလာပါပြီ ။ ပွဲတက်တဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အဝတ်အစားတွေ၊ ဒေါက်ဖိနပ်တွေ လိုအပ်လာပါတယ်။ ဒေါက်မြင့်ဖိနပ်တွေက စီးလိုက်ရင် လှပေမယ့် ညဘက်ရောက်ရင်တော့ ခြေထောက် နာလာပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကြောင့် ခြေထောက်နာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိနေပါပြီ။

1. ဒေါက်မြင့်ဖိနပ်ကို ရေခဲသေတ္တာထဲမှာ ထားခြင်း

ဒေါက်မြင့်ဖိနပ်တွေကို ရေခဲသေတ္တာထဲမှာ မိနစ် 30 လောက်ထားပါ။ အေးနေတဲ့ဖိနပ်ကို စီးလိုက်တဲ့အခါ ခြေထောက်ရဲ့အနွေး ဓာတ်နဲ့ ဖိနပ် အသားကျ သွားမှာပါ။ ဖိနပ်ထဲကို ရေခဲရေ ထည့်ထားလို့လည်း ရပါတယ်။ ရေခဲရေက ဖိနပ်ကို အနည်းငယ် ကျယ်လာစေပါတယ်။

2. ခြေအိတ်ဝတ်ခြင်း

ဒေါက်မြင့်ဖိနပ်တွေ စီးမယ်ဆိုရင် ခြေအိတ်နဲ့ တွဲပြီးစီးခြင်းက ဖိနပ်ကို ပိုကျယ်သွားစေပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။

3. နှစ်ဖက်တိပ် ကပ်ခြင်း

ဖိနပ်ခုံပေါ်မှာ နှစ်ဖက်တိပ်ကို ကပ်လိုက်ပါ။ အဲဒီလို ကပ်ခြင်းက ခြေထောက်မှာ ရေကြည်ဖုပေါက်တာတွေ၊ ခြေချောင်းနာတာတွေကို ကာကွယ်ပေးပါတယ်။

4. ဆီလီကွန်အပြားများ သုံးခြင်း

ဆီလီကွန်အပြားတွေက ခြေချော်တာတွေ၊ ရေကြည်ဖု ပေါက်တာတွေကို ကာကွယ်ပေးပါတယ်။

5. ရေဓာတ်ဖြည့်ခရင်မ် လိမ်းခြင်း

ဖိနပ်အသစ်ဆိုရင် ဒေါက်ဖိနပ်မစီးခင်မှာ ရေဓာတ်ဖြည့်ခရင်မ်ကို လိမ်းပေးပါ။ ခြေထောက်ပေါက်ခြင်း၊ ပွန်းခြင်း၊ နာကျင်ခြင်းဆွေ သက်သာသွားမှာပါ။

6. ကလေးပေါင်ဒါ

ကလေးပေါင်ဒါကို ဒေါက်မြင့်ဖိနပ်ပေါ်မှာ ဖြူးပေးရင် ခြေဆီထွက်ပြီး ခြေချော်တာတွေ မဖြစ်တော့ပါဘူး။

7. ခြေချောင်းလေးတွေကို တိပ်ဖြင့်ကပ်ခြင်း

ခြေညှိုးနဲ့ ခြေခလယ်ကို ပူးပြီး တိပ်နဲ့ကပ်လိုက်ရက် အဲဒီခြေနှစ်ချောင်းကြားက ဖိအားတွေ လျော့သွားပြီး ခြေထောက် မနာတော့ပါဘူး။

8. ဒေါက်မြင့်ဖိနပ်ကို မချွတ်ပါနဲ့။

ဒေါက်မြင့်ဖိနပ် စီးရတာ အဆင်မပြေလို့ ချွတ်ထားရင် ခဏတော့ သက်သာမှာပါ။ ပြန်စီးတဲ့အခါ ခြေထောက်က ပိုပြီးနာတတ်ပါတယ်။

9. အိမ်မှာ ဒေါက်ဖိနပ် စီးကျင့်ပါ။

ပွဲတွေသွားခါနီး တစ်ပတ် အလိုလောက်ဆိုရင် အိမ်မှာ ဒေါက်ဖိနပ် စီးကျင့်ပါ။ ဖိနပ်အသစ် ဆိုရင်ကျယ်လာပြီး ဖိနပ်စီးရတာလည်း အဆင်ပြေသွားမှာပါ။

10. ချွေးနံ့ပျောက်ဆေးကို သုံးပါ။

ဒေါက်ဖိနပ် မစီးခင်မှာ ခြေထောက်ကို ချွေးနံ့ပျောက်ဆေး လိမ်းပေးပါ။ အဲဒီအခါ ခြေထောက်နဲ့ဖိနပ် ပွတ်တိုက်မှု နည်းသွားပြီး စီးရတာ အဆင်ပြေမှာပါ။

11. ဒေါက်ဖိနပ်စီးရတာ ညောင်းရင် ထိုင်ချလိုက်ပါ။

ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်ရတာ အချိန်ကြာလာရင် တစ်နေရာမှာ ထိုင်ချလိုက်ပါ။ မတ်တပ်ရပ်နေခြင်းက ခြေထောက်ကို ပိုနာစေပါတယ်။

12. ခြေထောက်ကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။

ခြေဖနောင့်ကွဲရင်၊ အသားအရေကြမ်းရင်၊ ခြေထောက် အသားမာတက်ရင် ဒေါက်ဖိနပ် စီးတဲ့အခါ ပိုပြီး နာကျင်မှာပါ။ ခြေထောက်ကို အရင်ဂရုစိုက်ပြီးမှ ဒေါက်မြင့်ဖိနပ်စီးပါ။

13. ဒေါက်အရမ်းမြင့်တဲ့ ဖိနပ်ကို မရွေးပါနဲ့။

ဒေါက်အရမ်းမြင့်တဲ့ ဖိနပ်တွေက ခြေထောက်ကိုသာမက အာရုံကြောကိုပါ ထိခိုက်စေပါတယ်။ လက်မ အနည်းငယ်မြင့်တဲ့ ဖိနပ်က ကြည့်လို့လှပြီး ကျန်းမာရေးနဲ့လည်း သင့်တော်ပါတယ်။

14. အနာကပ်ပလာစတာ

ဒေါက်မြင့်ဖိနပ်ကို အမြဲ စီးနေကျသူဆိုရင် လက်ကိုင်အိတ်ထဲမှာ အနာကပ်ပလာစတာကို ဆောင်ထားသင့်ပါတယ်။ ခြေထောက်ပေါက်တဲ့အခါ အရေးပေါ်သုံးလို့ရလို့ အဆင်ပြေစေမှာပါ။

Zombie (Lovemedia)

for zawgyi

တေနကုန္ ေဒါက္ျမင့္ဖိနပ္စီးတဲ့အခါ ေျခေထာက္ကို သက္သာေစမယ့္ နည္းလမ္းမ်ား

သြားစရာ မဂၤလာေဆာင္ေတြ၊ ပြဲေတြက ေပါမ်ားလာပါၿပီ ။ ပြဲတက္တဲ့အခါ ေပါ့ေပါ့ပါးပါး ျဖစ္ေစမယ့္ အဝတ္အစားေတြ၊ ေဒါက္ဖိနပ္ေတြ လိုအပ္လာပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြက စီးလိုက္ရင္ လွေပမယ့္ ညဘက္ေရာက္ရင္ေတာ့ ေျခေထာက္ နာလာပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြေၾကာင့္ ေျခေထာက္နာတာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြ ရွိေနပါၿပီ။

1. ေဒါက္ျမင့္ဖိနပ္ကို ေရခဲေသတၱာထဲမွာ ထားျခင္း

ေဒါက္ျမင့္ဖိနပ္ေတြကို ေရခဲေသတၱာထဲမွာ မိနစ္ 30 ေလာက္ထားပါ။ ေအးေနတဲ့ဖိနပ္ကို စီးလိုက္တဲ့အခါ ေျခေထာက္ရဲ႕အေႏြး ဓာတ္နဲ႔ ဖိနပ္ အသားက်သြားမွာပါ။ ဖိနပ္ထဲကို ေရခဲေရ ထည့္ထားလို႔လည္း ရပါတယ္။ ေရခဲေရက ဖိနပ္ကို အနည္းငယ္ က်ယ္လာေစပါတယ္။

2. ေျခအိတ္ဝတ္ျခင္း

ေဒါက္ျမင့္ဖိနပ္ေတြ စီးမယ္ဆိုရင္ ေျခအိတ္နဲ႔ တြဲၿပီးစီးျခင္းက ဖိနပ္ကို ပိုက်ယ္သြားေစၿပီး သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။

3. ႏွစ္ဖက္တိပ္ ကပ္ျခင္း

ဖိနပ္ခုံေပၚမွာ ႏွစ္ဖက္တိပ္ကို ကပ္လိုက္ပါ။ အဲဒီလို ကပ္ျခင္းက ေျခေထာက္မွာ ေရၾကည္ဖုေပါက္တာေတြ၊ ေျခေခ်ာင္းနာတာေတြကို ကာကြယ္ေပးပါတယ္။

4. ဆီလီကြန္အျပားမ်ား သုံးျခင္း

ဆီလီကြန္အျပားေတြက ေျခေခ်ာ္တာေတြ၊ ေရၾကည္ဖု ေပါက္တာေတြကို ကာကြယ္ေပးပါတယ္။

5. ေရဓာတ္ျဖည့္ခရင္မ္ လိမ္းျခင္း

ဖိနပ္အသစ္ဆိုရင္ ေဒါက္ဖိနပ္မစီးခင္မွာ ေရဓာတ္ျဖည့္ခရင္မ္ကို လိမ္းေပးပါ။ ေျခေထာက္ေပါက္ျခင္း၊ပြန္းျခင္း၊ နာက်င္ျခင္းေဆြ သက္သာသြားမွာပါ။

6.ကေလးေပါင္ဒါ

ကေလးေပါင္ဒါကို ေဒါက္ျမင့္ဖိနပ္ေပၚမွာ ျဖဴးေပးရင္ ေျခဆီထြက္ၿပီးေျခေခ်ာ္တာေတြ မျဖစ္ေတာ့ပါဘူး။

7.ေျခေခ်ာင္းေလးေတြကို တိပ္ျဖင့္ကပ္ျခင္း

ေျခညႇိဳးနဲ႔ေျခခလယ္ကို ပူးၿပီး တိပ္နဲ႔ကပ္လိုက္ရက္ အဲဒီေျခႏွစ္ေခ်ာင္းၾကားက ဖိအားေတြ ေလ်ာ့သြားၿပီး ေျခေထာက္ မနာေတာ့ပါဘူး။

8.ေဒါက္ျမင့္ဖိနပ္ကို မခြၽတ္ပါနဲ႔။

ေဒါက္ျမင့္ဖိနပ္ စီးရတာ အဆင္မေျပလို႔ ခြၽတ္ထားရင္ ခဏေတာ့ သက္သာမွာပါ။ ျပန္စီးတဲ့အခါ ေျခေထာက္က ပိုၿပီးနာတတ္ပါတယ္။

9.အိမ္မွာ ေဒါက္ဖိနပ္ စီးက်င့္ပါ။

ပြဲေတြသြားခါနီး တစ္ပတ္ အလိုေလာက္ဆိုရင္ အိမ္မွာ ေဒါက္ဖိနပ္ စီးက်င့္ပါ။ ဖိနပ္အသစ္ ဆိုရင္က်ယ္လာၿပီး ဖိနပ္စီးရတာလည္း အဆင္ေျပသြားမွာပါ။

10. ေခြၽးနံ႔ေပ်ာက္ေဆးကို သုံးပါ။

ေဒါက္ဖိနပ္ မစီးခင္မွာ ေျခေထာက္ကို ေခြၽးနံ႔ေပ်ာက္ေဆး လိမ္းေပးပါ။ အဲဒီအခါ ေျခေထာက္နဲ႔ဖိနပ္ ပြတ္တိုက္မႈ နည္းသြားၿပီး စီးရတာ အဆင္ေျပမွာပါ။

11. ေဒါက္ဖိနပ္စီးရတာ ေညာင္းရင္ ထိုင္ခ်လိုက္ပါ။

ေဒါက္ဖိနပ္စီးၿပီး လမ္းေလွ်ာက္ရတာ အခ်ိန္ၾကာလာရင္ တစ္ေနရာမွာ ထိုင္ခ်လိုက္ပါ။ မတ္တပ္ရပ္ေနျခင္းက ေျခေထာက္ကို ပိုနာေစပါတယ္။

12. ေျခေထာက္ကို ဂ႐ုစိုက္ေပးဖို႔ မေမ့ပါနဲ႔။

ေျခဖေနာင့္ကြဲရင္၊ အသားအေရၾကမ္းရင္၊ ေျခေထာက္ အသားမာတက္ရင္ ေဒါက္ဖိနပ္ စီးတဲ့အခါ ပိုၿပီး နာက်င္မွာပါ။ ေျခေထာက္ကို အရင္ဂ႐ုစိုက္ၿပီးမွ ေဒါက္ျမင့္ဖိနပ္စီးပါ။

13. ေဒါက္အရမ္းျမင့္တဲ့ ဖိနပ္ကို မေ႐ြးပါနဲ႔။

ေဒါက္အရမ္းျမင့္တဲ့ ဖိနပ္ေတြက ေျခေထာက္ကိုသာမက အာ႐ုံေၾကာကိုပါ ထိခိုက္ေစပါတယ္။ လက္မ အနည္းငယ္ျမင့္တဲ့ ဖိနပ္က ၾကည့္လို႔လွၿပီး က်န္းမာေရးနဲ႔လည္း သင့္ေတာ္ပါတယ္။

14. အနာကပ္ပလာစတာ

ေဒါက္ျမင့္ဖိနပ္ကို အၿမဲ စီးေနက်သူဆိုရင္ လက္ကိုင္အိတ္ထဲမွာ အနာကပ္ပလာစတာကို ေဆာင္ထားသင့္ပါတယ္။ ေျခေထာက္ေပါက္တဲ့အခါ အေရးေပၚသုံးလို႔ရလို႔ အဆင္ေျပေစမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments