မင်္ဂလာဆောင်အတွက် နှင်းဆီပန်းတွေခိုးခဲ့တဲ့ သတိုးသမီး ဖေ့စ်ဘုတ်ပေါ်တင်မှ မိသွား

ဩစတေးလျနိုင်ငံမှ သတို့သမီးတစ်ယောက်က မင်္ဂလာဆောင်အတွက် ဈေးကြီးတဲ့ နှင်းဆီပန်းတွေကို ခြံပိုင်ရှင်မသိအောင် ခိုးသွားပါတယ်။ ခြံပိုင်ရှင်ရဲ့ အိမ်နီးနားချင်းက Facebook မှာ မင်္ဂလာပွဲတစ်ခုကို တွေ့လိုက်ကြောင်း၊ ၎င်းမင်္ဂလာပွဲမှာ ခြံပိုင်ရှင်ရဲ့ နှင်းဆီပန်းတွေ တွေ့လိုက်ကြောင်း ခြံပိုင်ရှင်ကို ပြောပြာပါတယ်။

ဝမ်းနည်းသွားတဲ့ ခြံပိုင်ရှင်က သူ့ရဲ့အဖြစ်အပျက်လေးကို Facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ခြံပိုင်ရှင်ကသောကြာနေ့မှာ စိုက်ပျိုးထားတဲ့ နှင်းဆီပန်းတွေ ကြည့်ဖို့ရောက်လာကြောင်း၊ နှင်းဆီပန်းတွေ ရစရာမရှိအောင် ပျက်ဆီးသွားတာ တွေ့ရကြောင်း၊ အဲဒီနောက် ရဲကို အကြောင်းကြားကြောင်း၊ ပန်းပင်တွေကို ပြန်လည်ပြုပြင် စိုက်ပျိူးခဲ့ရကြောင်း တင်ခဲ့ပါတယ်။

ရက်သတ္တပတ် အနည်းငယ် အကြာမှာတော့ အိမ်နီးနားချင်း တစ်ယောက်က Facebook မှာ တွေ့လိုက်ရတဲ့ ပန်းတွေက ခြံပိုင်ရှင်ရဲ့ ပန်းတွေနဲ့တူကြောင်း ပြောပြလာပါတယ်။ အဲဒီနယ်တစ်ဝိုက် မှာတော့ ပန်းစိုက်တဲ့သူဟာ သူတစ်ယောက်တည်း ရှိပါတယ် ။

အဲဒီအဖြစ်အပျက် မတိုင်ခင်တုန်းက သတို့သမီးနဲ့ သတို့သမီးအရံနှစ်ယောက်က ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်ပန်းစည်းတွေ သယ်သွားတာကို ခြံပိုင်ရှင်အမျိူးသမီးက တွေ့လိုက်ပါတယ်။ သတို့သမီးက မင်္ဂလာမဆောင်ခင် ၂ ရက်အလို မှောင်ရီပျိုးစအချိန်မှာ ခြံနားကို လာပြီး နှင်းဆီပန်းတွေကို ခူးယူသွားပါတယ်။ ပန်းအိုးတွေကိုလည်း မင်္ဂလာဆောင်အတွက် မသွားပါတယ်။

ခြံပိုင်ရှင် အမျိုးသမီးက သတို့သမီးကို $ ၅၀ ပေးဖို့ တိုင်ကြားခဲ့ပါတယ်။ တကယ်တော့ နှင်းဆီပန်းတွေဟာ $ ၃၀၀ တန်ပါတယ်။ နိုင်ငံခြားကို တင်ပို့ဖို့ စိုက်ပျိုးထားတာတွေလို့ ပြောပါတယ် ။ ဒါပေမယ့် သတို့သမီးက မင်္ဂလာဆောင်အတွက် ပန်းတွေလိုလို့ ခူးတာဖြစ်ကြောင်း၊ တစ်ခြံလုံး ကျန်နေသေးကြောင်း ခြံပိုင်ရှင်ကို ပြောလိုက်ပါသေးတယ်။

သတို့သမီးက ပန်းတွေကို မခိုးဘဲနဲ့ ခွင့်တောင်းမယ်ဆိုရင် ခြံပိုင်ရှင်က ဝမ်းမြောက်ဝမ်းသာ ဈေးလျှော့ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။

Zombie (Lovemedia)

Ref - dailymail

Post a Comment

0 Comments