မိန်းကလေး တစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်

မိန်းကလေး တစ်ယောက်ကို တကယ်ချစ်တယ် ဆိုရင် သူမရဲ့ အတိတ်ကို မကြည့်ပါနဲ့ ၊ အနာဂတ်ကိုပဲ ကြည့်ပါ ။ ဟိုအရင်တုန်းက သူမ ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်ရဲ့ရင်ခွင်ထဲ ရောက်ပီဆို သူမက ဘုရင်မပဲ ။

မိန်းကလေး တစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် သူမကို အပျိုစစ်မစစ် ဘယ်သောအခါမှ မတွေးပါနဲ့ ။ အဲ့ဒီလို တွေးနေတဲ့ ကောင်တွေဟာ အိပ်စား ကာမဘက်ကို အလေးပေးနေတဲ့ သူတွေပါ ။

ဥပမာပြောရရင် သူများ မကြိုက်လို့ စွန့်ပစ်ခဲ့တဲ့ စာအုပ် ဖြစ်နေအုံးတော့ စုတ်ပြတ်သတ် နေပေမယ့်လည်း ကိုယ် မဖတ်ရသေးဘူး ဆိုရင်တော့ အသစ်ပါပဲလေ ။ ကိုယ့်လက်ထဲ ရောက်ရင်သာ ထပ်မပြဲအောင် ဂရုစိုက် ။

မိန်းကလေး တစ်ယောက်ကို တကယ်ချစ်တယ် ဆိုရင် ရည်းစားဘဝမှာ ဘယ်သောအခါမှ မကျူးလွန် မိစေနဲ့ ။ တကယ်လို့ မတော်တဆ အကြောင်း မတိုက်ဆိုင်လို့ သူမနဲ့သင် မညားခဲ့ရင် မိန်းကလေးအနေနဲ့ အရမ်းကို နစ်နာပါတယ် ။ ကိုယ့်မှာ အစ်မ ညီမ ရှိရင် ကိုယ်ချင်းစာကြည့်ပါ ။

မိန်းကလေး တစ်ယောက်ကို တကယ်ချစ်တယ် ဆိုရင် သင့်စိတ်ကို အာသာပြေဖို့ တစ်ခုထဲ အတွက်နဲ့ သူ့တို့ဘဝကို မကျူးလွန် မဖျက်စီးပါနဲ့ ။


မတော်တဆ ကျူးလွန်မိ ခဲ့ရင်တောင်မှ သူမကို အတည် လက်ထပ်ယူ နိုင်ရမယ် ။ ဒါဆိုရင်တော့ သင်ဟာ ယောကျ်ားကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ် ။

Post a Comment

0 Comments