လူအများစု သတိမထားမိတဲ့ ကိုယ်ဝန်ရှိစ လက္ခဏာ (၈) ခု

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဖြစ်သူဟာ ခန္ဓာကိုယ်ရော စိတ်ရော ပြောင်းလဲသွားတတ်ပါတယ်။ ပြောင်းလဲမှုတွေများစွာ ဖြစ်ပေါ်တာကြောင့်လည်း အရမ်းကို စိတ်ရှည်ဖို့ လိုအပ်သလို အထူးဂရုစိုက် ကြည့်နေမှပဲ အဆင်ပြေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး တစ်ယောက်အတွက် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့အရာအားလုံးကို ယူဆောင်လာပေးတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ဘယ်အရာတွေ ပြောင်းလဲသွားလည်း ဆိုတာကို တူတူလေ့လာကြည့် လိုက်ရအောင်။

၁။ အသားပိုတွေ ထွက်လာမယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ထွက်လာရခြင်းပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း ကိုယ်အလေးချိန် တက်လာခြင်းကြောင့် ပေါက်လာတာလည်း ရှိပေမယ့် ရှားပါတယ်။ ဒီလိုအသားပိုတွေ ပေါက်လာတာဟာ စိုးရိမ်စရာမလိုပဲ ကလေးမွေးပြီးရင် ပြန်ပျောက်သွားတတ်ပါတယ်။

၂။ တံတွေးတွေ အများကြီး ထွက်လာမယ်

Ptyalism gravidarum လို့ ခေါ်တဲ့ တံတွေးတွေ အများကြီး ထွက်တာဟာ ပျို့အန်တာနဲ့ သက်ဆိုင်နေပါတယ်။ ဒီလို အဖြစ်အပျက်ကို အဖြေရှာဖို့ ခက်ပေမယ့်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုဟာ တံတွေးတော်တော် ထွက်ကြပါတယ်။ ပျို့အန်တာတွေလည်း ဖြစ်တာကြောင့် ခွက်လေးတစ်ခု ဆောင်ထားဖို့ လိုပါတယ်။

၃။ အစားအစာတွေက အရသာ မရှိတော့ဘူး

ကိုယ်ဝန်စဆောင်ချိန်မှာ အစားအစာ အများစုဟာ အရသာ မရှိတော့ပါဘူး။ သတ္ထုတွေကို စားသလိုမျိူး အရသာတွေသာ ရရှိပါတော့တယ်။ အချဉ်ဓာတ်ပါတဲ့ အစာတွေစားတာတွေ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ပေးတာတွေက မိခင်ကို အစားစားချင်စိတ် ပျောက်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။

၄။ သွားဖုံးတွေ နာကျင်နေပါလိမ့်မယ်

အစားအသောက် ရွေးချယ်မှုတွေနဲ့ ဟော်မုန်း အပြောင်းအလဲဓာတ်များကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးတွေ နာကျင်ပါတယ်။ ဒီလို သွားဖုံးပေါက်တာကို သက်သာစေဖို့ အတွက်ကတော့ နူးညံ့တဲ့ သွားပွတ်တံကို အသုံးပြုခြင်းပါပဲ။

၅။ နှာစေးလာမယ်

ကိုယ်ဝန်ဆောင်ချိန် နှာချေခြင်းနှင့် နှာရည်ယိုခြင်းတို့ဟာ ၂၀% နှုန်းသော အမျိူးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီလို နှာစေးတာကတော့ ပုံမှန်ဖြစ်ပြီး ​​လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်း စတာတွေကို လုပ်ပေးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။

၆။ အသက်ရှူကြပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းအဆင့်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေ ရှိတာကြောင့် အသက်ရှူ ကြပ်တတ်ပါတယ်။ ဒီလို အသက်ရှူကြပ်တာကို သက်သာဖို့အတွက် ဆိုရင်တော့ ခန္ဒာကိုယ်ကို အသက်သာဆုံး ဖြစ်အောင်နေပြီးတော့ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းပါပဲ။

၇။ အနံ့အသက်တွေကို မခံနိုင်တော့ဘူး

ကိုယ်အရင်က ဘယ်လောက်ပဲ ကြိုက်နှစ်သက်တဲ့ ရေမွှေးဖြစ်နေပါစေ ကိုယ်ဝန် ရှိလာချိန်မှာတော့ ဒီလိုအနံ့တွေကို မခံနိုင်တော့ပါဘူး။ အစားအစာ ဆိုရင်လည်း အနံ့တွေမခံချင်နိုင်အောင် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် အစပိုင်းမှာပဲ ခံစားရတာဖြစ်ပြီး ပထမ (၃) လအပတ်ထဲမှာပဲ ပျောက်ကင်းသွားပါလိမ့်မယ်။

၈။ ပုံမှန်မဟုတ်တဲ့ အရာတွေကို ချဉ်ခြင်းတက်မယ်

ကိုယ်ဝန်ဆောင် အမျိူးသမီး အများစုရဲ့ စိတ်ဟာခန့်မှန်းလို့ မရတဲ့အပြင် စားနေကျအရာ မဟုတ်တဲ့ တခြားဟာတွေကို စားချင်လာတတ် ကြပါတယ်။ ပြောင်းဖူးအစိမ်းတွေ၊ မချက်ရသေးတဲ့ ဆန်ကြမ်းတွေ၊ ဆပ်ပြာတွေ စတဲ့ဟာတွေကို စားချင်လာ တတ်ကြပါတယ်။ ဒါဟာပုံမှန်ပဲ ဖြစ်ပါတယ်။ ကျောက်တုံးကို စားချင်လာတယ်ပြောရင်တော့ ဆရာဝန်နဲ့ပြတာ အကောင်းဆုံးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments