ဖြစ်တည်မှုနဲ့ အစွမ်းအစ

တခါတုန်းက မြို့တမြို့မှာ လက်လုပ်လက်စား မြင်းလှည်းမောင်းတဲ့ လူတစ်ယောက် ရှိတယ် ။ သူ့ရဲ့ အိမ်မှာ ကြက်ဖလေး တစ်ကောင် ၊ ဝက်ကလေး တကောင် ၊ ဘဲကလေး တကောင် ကိုလည်း မွေးထားပါသေးတယ် ။

တရက်တော့ မြင်းလှည်းသမားက မြင်းကို အနားပေးချင်တာနဲ့ လှည်းမမောင်းပဲ မြင်းကို လှန့်ထား လိုက်တယ် ။ စားကျက်ထဲမှာ မြင်းရယ် ၊ ဝက်ရယ် ၊ ဘဲရယ်၊ ကြက်ရယ် ဆုံကြတယ် ။

ကြက်ကလည်း သူ့သဘာဝ မြေတွေကိုယက်ပီး ပိုးကောင်လေးတွေကို ရှာစားတယ် ။ ဘဲကလည်း တီကောင်လေးတွေ ခရုတွေကို ရှာစားတယ် ။ ဝက်ကလည်း မြေကို တူးပြီး အစာရှာ စားနေတယ် ။ အဲ့အချိန်မှာ မြင်းက ထ ဟီးလိုက်တဲ့အခါ..

" တိုးတိုးအော်ပါ ကိုမြင်းရယ်... ဒီမှာ အစာရှာ ပျက်တယ် " ဆိုပြီး မြင်းကို ပြောတော့..

" ဘယ်တတ်နိုင်ပါ့မလဲ ကြက်ကလေးရယ်.. ငါ့ သဘာဝကိုက ဒီလိုဖြစ်လာတာ.. မနက်ခင်း မင်းတို့ တွန်သလိုပေါ့ "

" ကျွန်တော်တို့ တွန်တာက စည်းကမ်း ရှိတယ် ကိုမြင်းရဲ့။ လင်းတက်ချိန် အာရုံချိန်တွေမှာ လူတွေအတွက် အချက်ပြပေး တာပါ ။ ခင်ဗျားက အားနေ ဟီးနေတာ ဘေးလူလည်း ကြားမကောင်း လိုက်တာ "

ဘေးက ဝက်က ထရယ်တယ်.. ။

" ဟုတ်တယ် ဟုတ်တယ် ။ ကြက်ကလေး ၊ ဝက်အော်တဲ့ အသံကြတော့ရော.. မင်းတို့ အပြစ် မမြင်ကြဘူးလား "

" မြင်လို့ မရဘူး သူက ဗိုက်ဆာလို့ အော်ရင် သခင်ဖြစ်သူက အစာ လာကျွေးတယ် ကျွန်တော်တို့က ဝိုင်းစား ရတယ် "

" ဟုတ်ပါပြီကွာ ဘဲ ကလည်း အားနေ ဂတ် ဂတ် အော်နေတာ "

" သူအော်တာက ကိစ္စ မရှိပါဘူး ။ ကျွန်တော်တို့ကိုလည်း အနှောင့်အယှက် မဖြစ်စေဘူး "

ကျွန်တော်က ကုန်းပေါ်မှာ ပျော်နေချိန် သူက ရေမှာနေတယ်လေ ။ ကျွန်တော်က သစ်ပင်မှာ တက်ချိန်မှာ သူက မြေကြီးမှာ အိပ်တယ် "

တရက်ကြတော့ မြင်းလှည်းသမားကြီးက

" မြင်းကြီးရေ မင်းလည်း ငါတို့ကို ရှာဖွေကျွေးရတာ ပင်ပန်းနေရောပေါ့ ။ ဘယ်တတ်နိုင်မလဲကွာ "

အဲ့အချိန်မှာ ကြက်ကလေးက ထပြောတယ်

" သူက ဘာတွေ ကျွန်တော်တို့ကို ရှာဖွေကျွေးလို့လဲ "

မြင်းလှည်းသမားကြီးက

" သူ့ခြေထောက်ကို သံခွာတပ် စေပြီး ပြေးလွှားစေရတယ် ။ သူ့ပြေးအားနဲ့ ရတဲ့ ငွေနဲ့ ငါ ထမင်းစားရတယ် ။ မင်းတို့အတွက် ဆန်တွေ ရတယ် ။ ဝက်အတွက် ထမင်းကျန် ဟင်းကျန်ဖြစ်တယ် "

" ဒါပေမယ့် သူ့ အသံက နားထောင် မကောင်းပါဘူး သခင်ရယ် "

" ဒီမှာ ကြက်ကလေး ဘယ်တော့မှ တယူမသန်ပါနဲ့။ သူ့ရဲ့ လုပ်နိုင်စွမ်း ကိုသာ လေးစားပါ ။ သူ့ရဲ့ ပေးစွမ်းမှု ကိုသာ တန်ဖိုးထားပါ ။ သူ့ ကိုယ်ပိုင်ဖြစ်တည်မှုတွေကို တိုင်းတာနေရင် ကောင်းတဲ့သူ ဆိုတာ ရှိလာမှာ မဟုတ်ဘူး ကြက်ကလေး.. "

" သူ့ဟာ နေမကောင်းဖြစ်လို့ အာဟာရ လိုအပ်ရင် မင်းကိုလည်း ငါသတ်ပြီး ပြုတ်တိုက်နိုင်တယ် ။ သူ့အတွက် လိုအပ်ရင် ဘဲကို ရောင်းပြီလည်း အားဆေးတွေ ဝယ်တိုက် နိုင်တယ် ။ နောက်ဆုံး ဆေးဖိုးဝါးခ မတတ်နိုင်ရင် ဝက်ပါ ပေါ်ပြီး ဆေးကုသင့်ရင် ဆေးကုရ လိမ့်မယ် "

" ဘာလို့ ဒီလို ရင်းရတာလဲ လို့ မေးလိမ့်မယ် ။ သခင်က ရက်စက်တယ် လို့လည်း ထင်နိုင်ပါတယ် ။ မင်းတို့ ဖြစ်တည်မှုက လက်ရှိမှာ သူ့ကို မှီခိုနေရလို့ပဲ ကြက်ကလေး "

" ဘယ်တော့မှ သူရဲ့ ဖြစ်တည်မှုကို စိတ်မဝင်စားပါနဲ့ ။ သူရဲ့ အစွမ်းအစနဲ့ လုပ်ကိုင်နိုင်စွမ်း ကိုသာ လေးစားပါ.. "

ဘာမထီဘွား အတွေးစာစုလေးများ

for zawgyi

ျဖစ္တည္မႈနဲ႔ အစြမ္းအစ

တခါတုန္းက ၿမိဳ႕တၿမိဳ႕မွာ လက္လုပ္လက္စား ျမင္းလွည္းေမာင္းတဲ့ လူတစ္ေယာက္ ရွိတယ္ ။ သူ႔ရဲ႕ အိမ္မွာ ၾကက္ဖေလး တစ္ေကာင္ ၊ ဝက္ကေလး တေကာင္ ၊ ဘဲကေလး တေကာင္ ကိုလည္း ေမြးထားပါေသးတယ္ ။

တရက္ေတာ့ ျမင္းလွည္းသမားက ျမင္းကို အနားေပးခ်င္တာနဲ႔ လွည္းမေမာင္းပဲ ျမင္းကို လွန႔္ထား လိုက္တယ္ ။ စားက်က္ထဲမွာ ျမင္းရယ္ ၊ ဝက္ရယ္ ၊ ဘဲရယ္၊ ၾကက္ရယ္ ဆုံၾကတယ္ ။

ၾကက္ကလည္း သူ႔သဘာဝ ေျမေတြကိုယက္ပီး ပိုးေကာင္ေလးေတြကို ရွာစားတယ္ ။ ဘဲကလည္း တီေကာင္ေလးေတြ ခ႐ုေတြကို ရွာစားတယ္ ။ ဝက္ကလည္း ေျမကို တူးၿပီး အစာရွာ စားေနတယ္ ။ အဲ့အခ်ိန္မွာ ျမင္းက ထ ဟီးလိုက္တဲ့အခါ..

" တိုးတိုးေအာ္ပါ ကိုျမင္းရယ္... ဒီမွာ အစာရွာ ပ်က္တယ္ " ဆိုၿပီး ျမင္းကို ေျပာေတာ့..

" ဘယ္တတ္ႏိုင္ပါ့မလဲ ၾကက္ကေလးရယ္.. ငါ့ သဘာဝ ကိုက ဒီလိုျဖစ္လာတာ.. မနက္ခင္း မင္းတို႔ တြန္သလိုေပါ့ "

" ကြၽန္ေတာ္တို႔ တြန္တာက စည္းကမ္း ရွိတယ္ ကိုျမင္းရဲ႕။ လင္းတက္ခ်ိန္ အာ႐ုံခ်ိန္ေတြမွာ လူေတြအတြက္ အခ်က္ျပေပး တာပါ ။ ခင္ဗ်ားက အားေန ဟီးေနတာ ေဘးလူလည္း ၾကားမေကာင္း လိုက္တာ "

ေဘးက ဝက္က ထရယ္တယ္.. ။

" ဟုတ္တယ္ ဟုတ္တယ္ ။ ၾကက္ကေလး ၊ ဝက္ေအာ္တဲ့ အသံၾကေတာ့ေရာ.. မင္းတို႔ အျပစ္ မျမင္ၾကဘူးလား "

" ျမင္လို႔ မရဘူး သူက ဗိုက္ဆာလို႔ ေအာ္ရင္ သခင္ျဖစ္သူက အစာ လာေကြၽးတယ္ ကြၽန္ေတာ္တို႔က ဝိုင္းစား ရတယ္ "

" ဟုတ္ပါၿပီကြာ ဘဲ ကလည္း အားေန ဂတ္ ဂတ္ ေအာ္ေနတာ "

" သူေအာ္တာက ကိစၥ မရွိပါဘူး ။ ကြၽန္ေတာ္တို႔ကိုလည္း အေႏွာင့္အယွက္ မျဖစ္ေစဘူး "

ကြၽန္ေတာ္က ကုန္းေပၚမွာ ေပ်ာ္ေနခ်ိန္ သူက ေရမွာေနတယ္ေလ ။ ကြၽန္ေတာ္က သစ္ပင္မွာ တက္ခ်ိန္မွာ သူက ေျမႀကီးမွာ အိပ္တယ္ "

တရက္ၾကေတာ့ ျမင္းလွည္းသမားႀကီးက

" ျမင္းႀကီးေရ မင္းလည္း ငါတို႔ကို ရွာေဖြေကြၽးရတာ ပင္ပန္းေနေရာေပါ့ ။ ဘယ္တတ္ႏိုင္မလဲကြာ "

အဲ့အခ်ိန္မွာ ၾကက္ကေလးက ထေျပာတယ္

" သူက ဘာေတြ ကြၽန္ေတာ္တို႔ကို ရွာေဖြေကြၽးလို႔လဲ "

ျမင္းလွည္းသမားႀကီးက

" သူ႔ေျခေထာက္ကို သံခြာတပ္ ေစၿပီး ေျပးလႊားေစရတယ္ ။ သူ႔ေျပးအားနဲ႔ ရတဲ့ ေငြနဲ႔ ငါ ထမင္းစားရတယ္ ။ မင္းတို႔အတြက္ ဆန္ေတြ ရတယ္ ။ ဝက္အတြက္ ထမင္းက်န္ ဟင္းက်န္ျဖစ္တယ္ "

" ဒါေပမယ့္ သူ႔ အသံက နားေထာင္ မေကာင္းပါဘူး သခင္ရယ္ "

" ဒီမွာ ၾကက္ကေလး ဘယ္ေတာ့မွ တယူမသန္ပါနဲ႔။ သူ႔ရဲ႕ လုပ္ႏိုင္စြမ္း ကိုသာ ေလးစားပါ ။ သူ႔ရဲ႕ ေပးစြမ္းမႈ ကိုသာ တန္ဖိုးထားပါ ။ သူ႔ ကိုယ္ပိုင္ျဖစ္တည္မႈေတြကို တိုင္းတာေနရင္ ေကာင္းတဲ့သူ ဆိုတာ ရွိလာမွာ မဟုတ္ဘူး ၾကက္ကေလး.. "

" သူ႔ဟာ ေနမေကာင္းျဖစ္လို႔ အာဟာရ လိုအပ္ရင္ မင္းကိုလည္း ငါသတ္ၿပီး ျပဳတ္တိုက္ႏိုင္တယ္ ။ သူ႔အတြက္ လိုအပ္ရင္ ဘဲကို ေရာင္းၿပီလည္း အားေဆးေတြ ဝယ္တိုက္ ႏိုင္တယ္ ။ ေနာက္ဆုံး ေဆးဖိုးဝါးခ မတတ္ႏိုင္ရင္ ဝက္ပါ ေပၚၿပီး ေဆးကုသင့္ရင္ ေဆးကုရ လိမ့္မယ္ "

" ဘာလို႔ ဒီလို ရင္းရတာလဲ လို႔ ေမးလိမ့္မယ္ ။ သခင္က ရက္စက္တယ္ လို႔လည္း ထင္ႏိုင္ပါတယ္ ။ မင္းတို႔ ျဖစ္တည္မႈက လက္ရွိမွာ သူ႔ကို မွီခိုေနရလို႔ပဲ ၾကက္ကေလး "

" ဘယ္ေတာ့မွ သူရဲ႕ ျဖစ္တည္မႈကို စိတ္မဝင္စားပါနဲ႔ ။ သူရဲ႕ အစြမ္းအစနဲ႔ လုပ္ကိုင္ႏိုင္စြမ္း ကိုသာ ေလးစားပါ.. "

ဘာမထီဘြား အေတြးစာစုေလးမ်ား

Post a Comment

0 Comments