ကြိုတင် ပြင်ဆင်မှု

တနေ့တော့ မြေခွေးတစ်ကောင်ဟာ တောအုပ်ထဲမှာ အစာ ရှာဖွေရင်း ရုတ်တရက် တောဝက် တစ်ကောင်ကို တွေ့လိုက်ရ ပါတယ် ။ တောဝက်ဟာ သူရဲ့ အစွယ်ကြီး နှစ်ခုကို သစ်ပင်ကြီး တစ်ပင်ရဲ့ ပင်စည်နဲ့ ပွတ်တိုက်ပြီး ထက်မြတ်အောင် သွေးနေတာပါ ။

မြေခွေးဟာ မလှမ်းမကမ်းကနေ စိတ်ဝင်တစား ကြည့်နေရင်း ပတ်ဝန်းကျင် ဘေးဘယ်ညာ ကိုလည်း တစ်ချက် ဝိုက်ကြည့် လိုက်ပါတယ် ။ ပတ်ဝန်းကျင် ကလည်း တိတ်ဆိတ်လျက်နေပြီး ဘာအန္တရာယ်မှ မတွေ့မြင်ရတာကြောင့် မြေခွေးဟာ အထူးအဆန်း ဖြစ်နေပါတယ် ။

ဒါကြောင့် မြေခွေးဟာ တိတ်တဆိတ် ကြည့်နေရာမှ ဘာကြောင့် အခုလို အစွယ် သွေးနေကြောင်းကို သိလိုစိတ်နဲ့ တောဝက်ကြီးကို အခုလို မေးလိုက်ပါတယ် ။

" အဆွေ.. တောဝက်ကြီး ပတ်ဝန်းကျင်မှာ ဘာအန္တရာယ် ဘာမုဆိုးမှ မရှိပါဘူး ။ သင်ဘာလို့ အပင်ပန်းခံပြီး အစွယ်ကို သွေးနေရတာတုန်း " လို့ မေးတဲ့ အခါ တောဝက်ကြီးက..

" အဆွေ... မြေခွေးရေ ငါတို့က အန္တရာယ်တွေ မြောက်များစွာ ရှိနေတဲ့ တောအုပ်ထဲမှာ နေကြရတာလေ ။ ဘယ်အချိန် မုဆိုးနဲ့ တွေ့မယ် ၊ ဘယ်အချိန် တောကောင်ကြီးနဲ့ တိုးမယ် ဆိုတာ မင်းရော ငါရော မသိကြဘူးလေ ။ တကယ့်တကယ် အန္တရာယ်နဲ့ ထိပ်တိုက်တိုးတဲ့ အခါကျမှ အစွယ်သွေးနေလို့ မရဘူးလေ ။ အခုလိုမျိုး လုပ်နေတာကိုလည်း ပင်ပန်းတယ်လို့ သဘောမထား ပါဘူး ။ ကိုယ်ကြုံလာမယ့် ဘေးအန္တရာယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားတာပါ " လို့ ပြန်ပြောလိုက် ပါတယ် ။

ဟုတ်ပါတယ်... ။ ကြိူတင်ပြင်ဆင်မှု ဆိုတာ လူတိုင်း ပြုလုပ်ထားသင့်တဲ့ အရာတခုပါ ။ ကျောင်းသား တယောက်ဟာ စာသင်နှစ် အစကတည်းက စာမေးပွဲ အတွက် ကြိုတင် ပြင်ဆင်ထားပြီး သင်ခန်းစာတွေကို နေ့စဉ် ပုံမှန် လေ့လာထားမယ် ဆိုရင် စာမေးပွဲကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ဖြေဆိုနိင်မှာပါ ။

အဲဒီလိုမှ မဟုတ်ဘဲ စာမေးပွဲနီးမှ စာ စပီးကျက်မယ် ဆိုရင်တော့ စိုးရိမ်သောကများနဲ့ စာမေးပွဲ ဖြေဆိုတဲ့အခါ အခက်အခဲများစွာ ကြုံတွေ့နိုင် ပါတယ် ။

အဲ့ဒါကြောင့် ဘာကိုပဲ လုပ်လုပ် အဆိုးဆုံးကို မျှော်လင့်ထားပြီး အကောင်းဆုံး ပြင်ဆင်ထားမယ် ဆိုရင်တော့ ရလဒ်ကောင်းတွေကို မလွဲမသေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။ အရာရာကို ကြိုတင်ပြင်ဆင်ပြီး ရလဒ်ကောင်းတွေ ဖန်တီးလိုက်ပါ.. ။

Crd

for zawgyi

ႀကိဳတင္ ျပင္ဆင္မႈ

တေန႔ေတာ့ ေျမေခြးတစ္ေကာင္ဟာ ေတာအုပ္ထဲမွာ အစာ ရွာေဖြရင္း ႐ုတ္တရက္ ေတာဝက္ တစ္ေကာင္ကို ေတြ႕လိုက္ရ ပါတယ္ ။ ေတာဝက္ဟာ သူရဲ႕ အစြယ္ႀကီး ႏွစ္ခုကို သစ္ပင္ႀကီး တစ္ပင္ရဲ႕ ပင္စည္နဲ႔ ပြတ္တိုက္ၿပီး ထက္ျမတ္ေအာင္ ေသြးေနတာပါ ။

ေျမေခြးဟာ မလွမ္းမကမ္း ကေန စိတ္ဝင္တစား ၾကည့္ေနရင္း ပတ္ဝန္းက်င္ ေဘးဘယ္ညာ ကိုလည္း တစ္ခ်က္ ဝိုက္ၾကည့္ လိုက္ပါတယ္ ။ ပတ္ဝန္းက်င္ ကလည္း တိတ္ဆိတ္လ်က္ေနၿပီး ဘာအႏၲရာယ္မွ မေတြ႕ျမင္ရတာေၾကာင့္ ေျမေခြးဟာ အထူးအဆန္း ျဖစ္ေနပါတယ္ ။

ဒါေၾကာင့္ ေျမေခြးဟာ တိတ္တဆိတ္ ၾကည့္ေနရာမွ ဘာေၾကာင့္ အခုလို အစြယ္ ေသြးေနေၾကာင္းကို သိလိုစိတ္နဲ႔ ေတာဝက္ႀကီးကို အခုလို ေမးလိုက္ပါတယ္ ။

" အေဆြ.. ေတာဝက္ႀကီး ပတ္ဝန္းက်င္မွာ ဘာအႏၲရာယ္ ဘာမုဆိုးမွ မရွိပါဘူး ။ သင္ဘာလို႔ အပင္ပန္းခံၿပီး အစြယ္ကို ေသြးေနရတာတုန္း " လို႔ ေမးတဲ့ အခါ ေတာဝက္ႀကီးက..

" အေဆြ... ေျမေခြးေရ ငါတို႔က အႏၲရာယ္ေတြ ေျမာက္မ်ားစြာ ရွိေနတဲ့ ေတာအုပ္ထဲမွာ ေနၾကရတာေလ ။ ဘယ္အခ်ိန္ မုဆိုးနဲ႔ ေတြ႕မယ္ ၊ ဘယ္အခ်ိန္ ေတာေကာင္ႀကီးနဲ႔ တိုးမယ္ ဆိုတာ မင္းေရာ ငါေရာ မသိၾကဘူးေလ ။ တကယ့္တကယ္ အႏၲရာယ္နဲ႔ ထိပ္တိုက္တိုးတဲ့ အခါက်မွ အစြယ္ေသြးေနလို႔ မရဘူးေလ ။ အခုလိုမ်ိဳး လုပ္ေနတာကိုလည္း ပင္ပန္းတယ္လို႔ သေဘာမထား ပါဘူး ။ ကိုယ္ႀကဳံလာမယ့္ ေဘးအႏၲရာယ္အတြက္ အေကာင္းဆုံး ျပင္ဆင္ထားတာပါ " လို႔ ျပန္ေျပာလိုက္ ပါတယ္ ။

ဟုတ္ပါတယ္... ။ ႀကိဴတင္ျပင္ဆင္မႈ ဆိုတာ လူတိုင္း ျပဳလုပ္ထားသင့္တဲ့ အရာတခုပါ ။ ေက်ာင္းသား တေယာက္ဟာ စာသင္ႏွစ္ အစကတည္းက စာေမးပြဲ အတြက္ ႀကိဳတင္ ျပင္ဆင္ထားၿပီး သင္ခန္းစာေတြကို ေန႔စဥ္ ပုံမွန္ ေလ့လာထားမယ္ ဆိုရင္ စာေမးပြဲကို အခက္အခဲမရွိ လြယ္လြယ္ကူကူ ေျဖဆိုနိင္မွာပါ ။ အဲဒီလိုမွ မဟုတ္ဘဲ စာေမးပြဲနီးမွ စာ စပီးက်က္မယ္ ဆိုရင္ေတာ့ စိုးရိမ္ေသာကမ်ားနဲ႔ စာေမးပြဲ ေျဖဆိုတဲ့အခါ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ႏိုင္ ပါတယ္ ။

အဲ့ဒါေၾကာင့္ ဘာကိုပဲ လုပ္လုပ္ အဆိုးဆုံးကို ေမွ်ာ္လင့္ထားၿပီး အေကာင္းဆုံး ျပင္ဆင္ထားမယ္ ဆိုရင္ေတာ့ ရလဒ္ေကာင္းေတြကို မလြဲမေသ ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္ ။ အရာရာကို ႀကိဳတင္ျပင္ဆင္ၿပီး ရလဒ္ေကာင္းေတြ ဖန္တီးလိုက္ပါ.. ။

Crd

Post a Comment

0 Comments