အရေးပေါ်အခြေအနေတွေမှာ ဖုန်းအားအမြန်ဝင်စေဖို့ နည်းလမ်း (၄) သွယ်

ယနေ့ခေတ်မှာ ဖုန်းဆိုတာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း ဖြစ်နေပါပြီ။ နေ့စဉ်ဘဝမှာ ဖုန်းက လိုအပ်နေတာကြောင့် ဖုန်းကို အားအမြဲတမ်း ပြည့်ဖို့လည်း လိုအပ်လာပါပြီ။ ဖုန်းအား အမြန် ပြည့်ချင်တဲ့အခါ ဒီလို နည်းလမ်းလေးတွေကို အသုံးပြုကြည့်ပါ။ ဒီနည်းက ဖုန်းအားအမြန် ပြည့်စေတဲ့အပြင် ဖုန်းဓါတ်ခဲကိုလည်း ကြာရှည်ခံ စေပါတယ်။

၁။ ဖုန်းကို အခန်းအပူချိန်မှာ ထားပါ။

ဖုန်းအားသွင်းချိန်မှာ ဖုန်းမှာ အပူလွန်ကဲနေလို့ မဖြစ်ပါဘူး။ နေရောင်ဝင်နေတဲ့ ပြူတင်းပေါက်နားမှာ ဖုန်းအားသွင်းရင် အားဝင်တာ နှေးနေမှာပါ။ ဒါပေမယ့် အခန်းအပူချိန်က အရမ်းနည်းပြီး အေးနေရင်လည်း ဖုန်းအားဝင်တာ နှေးပါသေးတယ်။ အဲဒါကြောင့် သာမန်အခန်း အပူချိန် ရှိတဲ့နေရာမှာ အားသွင်းပါ။ ဖုန်းအားသွင်းတဲ့အခါ အပူမလွန်ကဲဖို့ ဖုန်းကာဗာကို ဖြုတ်ထားသင့်ပါတယ်။ ဖုန်းအားသွင်းတဲ့အခါ ကာဗာတပ်ထားရင် အပူတွေက စုလာပြီး အပူတွေ ထွက်လို့မရတော့ဘဲ ဓါတ်ခဲကို ထိခိုက်စေပါတယ်။

၂။ အားသွင်းချိန်မှာ ဖုန်းကို အသုံးမပြုသင့်ပါဘူး။

ဖြစ်နိုင်မယ်ဆိုရင် ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို ပိတ်ထားလိုက်ပါ။ ဖုန်းပိတ်ထားချိန်မှာ စွမ်းအင်တွေ မသုံးဖြစ်တော့တာကြောင့် ဖုန်းအားဝင်တာ မြန်စေပါတယ်။ ဖုန်းမပိတ်ထားချင်ဘူး ဆိုရင် airplane mode လုပ်ထားလို့လည်း ရပါတယ်။ နောက်ပြီးတော့ မသုံးဖြစ်တဲ့ application တွေကိုလည်း ဖုန်းအားသွင်းချိန်မှာ ပိတ်ထားပါ။ ဖုန်းအားသွင်းချိန်မှာ brightness ကိုလည်း လျှော့ထားရင် အားဝင်တာ ပုံမှန်ထက် ပိုမှန်ပါတယ်။

၃။ Original အားသွင်းကြိုးကိုသာ အသုံးပြုပါ။

ဖုန်းတွေကို လက်ပ်တော့နဲ့ ကားတွေမှာ အားသွင်းလို့ရပေမယ့် အားဝင်တာ နှေးပြီး ဓါတ်ခဲသက်တမ်းကိုလည်း တိုစေပါတယ်။ ပြီးတော့ တခြားအားသွင်းကြိုးတွေကို လဲလှယ်ပြီးတော့လည်း မသုံးသင့်ပါဘူး။

အဲဒီအခါ ကြာလာရင် ဖုန်းအားဝင်တဲ့နှုန်းက နှေးလာပါတယ်။

၄။ အရေးပေါ် အခြေအနေတွေမှာ fast charger သုံးပါ။

ဖုန်းအားဝင်ဖို့ အမြန်လိုအပ်တဲ့အခါ original အားသွင်းခေါင်းကို ဖြုတ်ပြီး fast charger အားသွင်းခေါင်းကို အသုံးပြုပါ။ ဒါပေမယ့် fast charger ကို တပ်ထားပြီး အားပြည့်နေတာကို မဖြုတ်မိတဲ့အခါ ဓါတ်ခဲသက်တမ်း တိုစေပါတယ်။

Bonus

- ဖုန်းအား နည်းနည်းလေးလျော့တာနဲ့ ချက်ချင်း အားမသွင်းသင့်ပါဘူး။ ၂၀% အောက်ရောက်မှသာ အားသွင်းပါ။

- ဖုန်းအားကုန်တဲ့အထိလည်း မသုံးသင့်ပါဘူး။ အနည်းဆုံး ၅% ချန်ပြီးမှ သုံးသင့်ပါတယ်။

- ဖုန်းအားကို ၁၀၀% ပြည့်တဲ့အထိလည်း အားမသွင်းသင့်ပါဘူး။ ၉၀% ကျော်အထိပဲ ထားသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

အေရးေပၚအေျခအေနေတြမွာ ဖုန္းအားအျမန္ဝင္ေစဖို႔ နည္းလမ္း (၄) သြယ္

ယေန႔ေခတ္မွာ ဖုန္းဆိုတာ မရွိမျဖစ္ လိုအပ္တဲ့ပစၥည္း ျဖစ္ေနပါၿပီ။ ေန႔စဥ္ဘဝမွာ ဖုန္းက လိုအပ္ေနတာေၾကာင့္ ဖုန္းကို အားအၿမဲတမ္း ျပည့္ဖို႔လည္း လိုအပ္လာပါၿပီ။ ဖုန္းအား အျမန္ျပည့္ခ်င္တဲ့အခါ ဒီလို နည္းလမ္းေလးေတြကို အသုံးျပဳၾကည့္ပါ။ ဒီနည္းက ဖုန္းအားအျမန္ ျပည့္ေစတဲ့အျပင္ ဖုန္းဓါတ္ခဲကိုလည္း ၾကာရွည္ခံ ေစပါတယ္။

၁။ ဖုန္းကို အခန္းအပူခ်ိန္မွာ ထားပါ။

ဖုန္းအားသြင္းခ်ိန္မွာ ဖုန္းမွာ အပူလြန္ကဲေနလို႔ မျဖစ္ပါဘူး။ ေနေရာင္ဝင္ေနတဲ့ ျပဴတင္းေပါက္နားမွာ ဖုန္းအားသြင္းရင္ အားဝင္တာ ေႏွးေနမွာပါ။ ဒါေပမယ့္ အခန္းအပူခ်ိန္က အရမ္းနည္းၿပီး ေအးေနရင္လည္း ဖုန္းအားဝင္တာ ေႏွးပါေသးတယ္။ အဲဒါေၾကာင့္ သာမန္အခန္း အပူခ်ိန္ ရွိတဲ့ေနရာမွာ အားသြင္းပါ။ ဖုန္းအားသြင္းတဲ့အခါ အပူမလြန္ကဲဖို႔ ဖုန္းကာဗာကို ျဖဳတ္ထားသင့္ပါတယ္။ ဖုန္းအားသြင္းတဲ့အခါ ကာဗာတပ္ထားရင္ အပူေတြက စုလာၿပီး အပူေတြ ထြက္လို႔မရေတာ့ဘဲ ဓါတ္ခဲကို ထိခိုက္ေစပါတယ္။

၂။ အားသြင္းခ်ိန္မွာ ဖုန္းကို အသုံးမျပဳသင့္ပါဘူး။

ျဖစ္ႏိုင္မယ္ဆိုရင္ ဖုန္းအားသြင္းတဲ့အခါ ဖုန္းကို ပိတ္ထားလိုက္ပါ။ ဖုန္းပိတ္ထားခ်ိန္မွာ စြမ္းအင္ေတြ မသုံးျဖစ္ေတာ့တာေၾကာင့္ ဖုန္းအားဝင္တာ ျမန္ေစပါတယ္။ ဖုန္းမပိတ္ထားခ်င္ဘူး ဆိုရင္ airplane mode လုပ္ထားလို႔လည္း ရပါတယ္။ ေနာက္ၿပီးေတာ့ မသုံးျဖစ္တဲ့ application ေတြကိုလည္း ဖုန္းအားသြင္းခ်ိန္မွာ ပိတ္ထားပါ။ ဖုန္းအားသြင္းခ်ိန္မွာ brightness ကိုလည္း ေလွ်ာ့ထားရင္ အားဝင္တာ ပုံမွန္ထက္ ပိုမွန္ပါတယ္။

၃။ Original အားသြင္းႀကိဳးကိုသာ အသုံးျပဳပါ။

ဖုန္းေတြကို လက္ပ္ေတာ့နဲ႔ ကားေတြမွာ အားသြင္းလို႔ရေပမယ့္ အားဝင္တာ ေႏွးၿပီး ဓါတ္ခဲသက္တမ္းကိုလည္း တိုေစပါတယ္။ ၿပီးေတာ့ တျခားအားသြင္းႀကိဳးေတြကို လဲလွယ္ၿပီးေတာ့လည္း မသုံးသင့္ပါဘူး။ အဲဒီအခါ ၾကာလာရင္ ဖုန္းအားဝင္တဲ့ႏႈန္းက ေႏွးလာပါတယ္။

၄။ အေရးေပၚ အေျခအေနေတြမွာ fast charger သုံးပါ။

ဖုန္းအားဝင္ဖို႔ အျမန္လိုအပ္တဲ့အခါ original အားသြင္းေခါင္းကို ျဖဳတ္ၿပီး fast charger အားသြင္းေခါင္းကို အသုံးျပဳပါ။ ဒါေပမယ့္ fast charger ကို တပ္ထားၿပီး အားျပည့္ေနတာကို မျဖဳတ္မိတဲ့အခါ ဓါတ္ခဲသက္တမ္း တိုေစပါတယ္။

Bonus

- ဖုန္းအား နည္းနည္းေလးေလ်ာ့တာနဲ႔ ခ်က္ခ်င္း အားမသြင္းသင့္ပါဘူး။ ၂၀% ေအာက္ေရာက္မွသာ အားသြင္းပါ။

- ဖုန္းအားကုန္တဲ့အထိလည္း မသုံးသင့္ပါဘူး။ အနည္းဆုံး ၅% ခ်န္ၿပီးမွ သုံးသင့္ပါတယ္။

- ဖုန္းအားကို ၁၀၀% ျပည့္တဲ့အထိလည္း အားမသြင္းသင့္ပါဘူး။ ၉၀% ေက်ာ္အထိပဲ ထားသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments