အိမ်နောက်ဖေးကွက်လပ်မှာ အနားယူနိုင်မယ့် တဲဝိုင်းဝိုင်းလေးများ

အိမ်နောက်ဖေး ကွက်လပ်မှာ အနားယူနိုင်ဖို့ တဲဝိုင်းဝိုင်းတွေကို ထုတ်လုပ်လိုက်တဲ့ Amazon company

အလုပ်တွေလုပ်ပီး အားလပ်ရက်တွေမှာ သက်တောင့်သက်သာ အေးအေး ဆေးဆေး အနားယူနိုင်ဖို့ လိုလာပါပြီ။ တချို့တွေက အားလပ်ချိန် တွေကို ကန္တာရတွေမှာ ကုန်ဆုံးပြီး တချို့တွေက အပျော်စခန်းချ ခရီးထွက်ရတာကို သဘောကျ နှစ်သက်ပါတယ်။ တချို့ကလည်း ခြံဝန်းထဲမှာ ရွက်ဖျင်တဲ ထိုးပြီး သဘာဝ ဆန်ဆန် အနားယူကြ ပါတယ် ။

အိမ်ခြံဝန်းထဲက မြေကွက်လပ်လေးမှာ တဲထိုးပြီး အနားယူချင်တယ် ဆိုရင် Amazon company က ထုတ်လုပ် လိုက်တဲ့ သံခမောက်ပုံစံ တဲဝိုင်းဝိုင်းလေးတွေက အသင့်တော်ဆုံး ဖြစ်မှာပါ။

ဒီတဲ ဝိုင်းဝိုင်းလေးတွေကို ပြန်ပြီး အသုံးပြလို့ရတဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ် ထားတာ ဖြစ်ပါတယ်။ ထွင်းဖောက်မြင်နိုင်အောင် တီထွင်ထားတဲ့ အမိုးဒီဇိုင်းကြောင့် ကောင်းကင်ရဲ့ အလှကို နေ့ဘက်မှာရော ညဘက်မှာပါ ကြည့်နိုင်မှာပါ။

ဂရုတစိုက်နဲ့ သေသေချာချာ အသုံးပြုမယ် ဆိုရင် တဲရဲ့အမိုးတွေက အနည်းဆုံ းနှစ်နှစ် သက်တမ်းအထိ ခံပါတယ် ။ ခေါင်မိုးက နေရောင်ခြည်ဒဏ် ကိုလည်း ခံနိုင်ရည် ရှိပါတယ်။ အပူချိန် အနှုတ် 4 ဒီဂရီ ဖာရင်ဟိုက်အထိ အအေးဒဏ်ကို ခံနိုင် သလို အပူချိန် 140 ဒီဂရီ ဖာရင်ဟိုက် အထိလည်း အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါတယ်။

လိပ်ခုံးပုံစံ အမိုးက ရေလုံပြီး လေဒဏ်ကိုလည်း ခံနိုင်ရည် ရှိပါတယ်။ တဲရဲ့ အောက်ခြေ အကျယ်က 107 စတုရန်းပေ ရှိပြီး တဲရဲ့ အမြင့်က 7 ပေ 2 လက်မ ရှိပါတယ်။ အဲဒါကြောင့် ဒီတဲလေးကို ဆင်မယ်ဆိုရင် လူနည်းနည်းနဲ့ လွယ်လွယ်ကူကူ ဆင်လို့ ရပါတယ် ။

တဲဝိုင်းဝိုင်းလေးတွေကို ဂျာမနီနိုင်ငံမှာ ပြုလုပ်ပြီး အမေရိကန် နိုင်ငံကို ပို့ပါတယ်။ တဲဝိုင်းဝိုင်းလေးကို ဝယ်ချင်တယ် ဆိုရင် Amazon company မှာ ဝယ်လို့ ရနေပါပြီ။ တဲရဲ့အမိုးက နွေရာသီမှာ ပူတယ်လို့ ထင်ရင် မျက်နှာကြက် အမိုးကိုလည်း Amazon မှာပဲ ဝယ်လို့ ရပါတယ်။

တဲရဲ့အမိုးမှာ မျက်နှာကြက်အမိုးကို တပ်လိုက်ရင် နေရောင်ခြည်လည်း ဖျော့ဖျော့လေးပဲ ဝင်တော့မှာပါ။

Zombie (Lovemedia)

Post a Comment

0 Comments