ဒီလိုအိမ်မျိုးတွေက စီးပွားတက်မယ့်အိမ်တွေပါ

မိမိအိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက် မြင့်မည် ။ ခြေရင်းရှိအိမ်သည်လည်း မိမိအိမ်ထက် မြင့်ပါက ကိုယ်နေသော အိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက်ဟုခေါ်သည် ။ နေသော မိသားစုသည် စီးပွားတက်၏။

ကိုယ့်အိမ် ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။ ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည်။ ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟု ခေါ်သည်။ လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ ပြူစုလုပ်ကျွေးအား သဒ္ဓါပြည့်က အထူးကောင်းမွန်၏ ။

ကိုယ့်အိမ်၏ ခေါင်းရင်းက မြင့်မည်။ ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက် နိမ့်နေပါက အိမ်တောင်တန်းဟု ခေါ်သည်။ တစ်စိမ့်စိမ့် စီးပွားဖြစ်၏ ။

ကိုယ့်အိမ်၏ ခေါင်းရင်းက နိမ့်၍ ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါက စီးပွား အသည်းအသန် ရှာရတတ်သည်။ ရေဆန်အိမ်ဟုခေါ်သည်။

ရှေးလူကြီးများက မဝယ်သင့်ဟု ဆိုကြ၏ ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကို ဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ် အိမ် အမိုးထပ်မြှင့်ခြင်း ပြုအပ်၏။ မကျန်းမမာ ဖြစ်တတ်၏။ ဦးခေါင်း အပူတိုက်ဟု ခေါ်ကြသည်။ သတိထားအပ်၏ ။

ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကားပြင်းသော အသံချဲ့စက် ဆောင်းဘောက်စ်အသံ အဆဲအဆို နူတ်ကြမ်းတမ်းခြင်း ပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟု ခေါ်သည်။ အမင်္ဂလာအသံကြားတွင် ညပ်နေ၍ ဖြစ်၏။ မေတ္တသုတ်မပြတ် သရဇ္ဈယ်အပ်၏။

အလွန် စပ်စပ်စုစု နိူင်သောအိမ်နီးပါးချင်း ငွေအချေးအငှား အလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သော သူတို့နှင့်နေထိုင်ရပါက မရှိပါ ဟူသောစကားကို လိမ်ညာပြောတတ်ရ၍ သီလမလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံ ထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။

ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။

မူရင်း ရေးသားသူ

for zawgyi

ဒီလိုအိမ္မ်ိဳးေတြက စီးပြားတက္မယ့္အိမ္ေတြပါ

မိမိအိမ္၏ ေခါင္းရင္းေနအိမ္သည္ မိမိအိမ္ထက္ ျမင့္မည္ ။ ေျခရင္းရိွအိမ္သည္လည္း မိမိအိမ္ထက္ ျမင့္ပါက ကိုယ္ေနေသာ အိမ္သည္ အမိုးနိမ့္ေနလွ်င္ အိမ္ပုခက္ဟုေခၚသည္ ။ ေနေသာ မိသားစုသည္ စီးပြားတက္၏။

ကိုယ့္အိမ္ ေခါင္းရင္းအိမ္က အမိုးနိမ့္မည္။ ကိုယ့္အိမ္ေျခရင္းကလဲ အမိုးနိမ့္မည္။ ကိုယ့္အိမ္က အလယ္မွ အမိုးျမင့္မားေနပါက အိမ္ျမင့္မိုရ္ဟု ေခၚသည္။

လူႀကီးမိဘတို႔ကို ေခါင္းရင္းဘက္ထား၍ ျပဴစုလုပ္ေကြၽးအား သဒၶါျပည့္က အထူးေကာင္းမြန္၏ ။

ကိုယ့္အိမ္၏ ေခါင္းရင္းက ျမင့္မည္။ ကိုယ့္အိမ္၏ ေျခရင္းက ကိုယ့္အိမ္ထက္ နိမ့္ေနပါက အိမ္ေတာင္တန္းဟု ေခၚသည္။ တစ္စိမ့္စိမ့္ စီးပြားျဖစ္၏ ။

ကိုယ့္အိမ္၏ ေခါင္းရင္းက နိမ့္၍ ကိုယ့္အိမ္၏ ေျခရင္းအိမ္က ျမင့္ေနပါက စီးပြား အသည္းအသန္ ရွာရတတ္သည္။ ေရဆန္အိမ္ဟုေခၚသည္။

ေရွးလူႀကီးမ်ားက မဝယ္သင့္ဟု ဆိုၾက၏ ကိုယ့္အိမ္၏ ေခါင္းရင္းနားတြင္ မီးဖိုအႀကီးႀကီးျဖင့္ စီးပြားရွာေသာ အိမ္ရွိေနပါက ထိုအိမ္ကို ဘုရားေဆာင္ေ႐ႊ႕ျခင္းသို႔မဟုတ္ အိမ္ အမိုးထပ္ျမႇင့္ျခင္း ျပဳအပ္၏။ မက်န္းမမာ ျဖစ္တတ္၏။ ဦးေခါင္း အပူတိုက္ဟု ေခၚၾကသည္။ သတိထားအပ္၏ ။

ကိုယ့္အိမ္၏ ေဘးဘယ္ညာအိမ္တို႔မွ ဆူညံစကားျပင္းေသာ အသံခ်ဲ႕စက္ ေဆာင္းေဘာက္စ္အသံ အဆဲအဆို ႏူတ္ၾကမ္းတမ္းျခင္း ျပဳလုပ္ေနပါက ထိုအိမ္သည္ နတ္ဆိုးလွည္းအိမ္ဟု ေခၚသည္။ အမဂၤလာအသံၾကားတြင္ ညပ္ေန၍ ျဖစ္၏။ ေမတၱသုတ္မျပတ္ သရဇၩယ္အပ္၏။

အလြန္ စပ္စပ္စုစု ႏိူင္ေသာအိမ္နီးပါးခ်င္း ေငြအေခ်းအငွား အလြန္ပက္စက္၍ ျပန္ဆပ္လွ်င္ လက္အလြန္ခက္ေသာ သူတို႔ႏွင့္ေနထိုင္ရပါက မရွိပါ ဟူေသာစကားကို လိမ္ညာေျပာတတ္ရ၍ သီလမလုံေသာကံကို စီရင္ဖန္တီးမိေနတတ္၍ အလိမၼာျဖင့္ ဝစီကံ ထိမ္းထိမ္းသိမ္းသိမ္း သတိထား ေျပာရတတ္၏။

ဝစီေဗဒထိတိုင္းရွ ဟူသည္ႏွင့္အညီ ကိုယ္ပါ ဆင္းရဲႏြမ္းပါးလာတတ္၏။

မူရင္း ေရးသားသူ

Post a Comment

0 Comments