ပျက်စီးသွားတဲ့ ဆံကေသာတွေကို ပြန်လည်ကုသဖို့အတွက် နည်းလမ်း (၈) ချက်

ခေါင်းလျှော်ရည်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အသုံးများလာရင် ဆံပင်ကြွပ်ဆတ်တာတွေ ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းလျှော်ရည် မသုံးလည်း နေရောင်ခြည် ထိပါများရင် ဆံပင်ဟာ ပျက်စီးလွယ်ပါတယ်။ ဒီနေ့မှာတော့ ပျက်စီးသွားတဲ့ ဆံပင်တွေကို ဘယ်လိုပြန်လည် ကုသမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်နော်

၁။ Jojoba အဆီကို သုံးပါ

Jojoba အဆီဟာ ပျက်စီးသွားတဲ့ ဆံပင်တွေကို ပြန်လည် အားဖြည့်တင်းပေးပါတယ်။ ဒီအဆီကို Shampoo နဲ့ conditioner တွေမှာ အသုံးပြုပါတယ်။ မပါခဲ့ရင်လည်း (၃) စက်ကနေ (၅) စက်လောက်အထိ ထည့်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ခေါင်းလျှော်ရည်မှာ ထည့်မသုံးချင်ဘူး ဆိုရင်လည်း ခေါင်းမှာ တိုက်ရိုက် လိမ်းနိုင်ပါတယ်။

ဆံပင်တိုအတွက်ဆိုရင် jojoba အဆီကို (၁) ဇွန်းနှင့် ဆံပင်အရှည် အတွက်ဆိုရင် (၂) ဇွန်းအသုံးပြုနိုင်ပါတယ်။ အိုးသေးသေးလေးထဲမှာ

မိနစ် (၂၀) လောက် အပူပေးပြီးတော့ ခေါင်းအနှံ့ကို လိုက်လိမ်းလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ရည် (ဒါမှမဟုတ်) ဆံပင်ပျော့ဆေးတို့နှင့် ဆေးချလိုက်ပါ။ ဆံပင်အရင်ကထက် ပိုစိုလာပြီး တောက်ပလာတာကို တွေ့ရပါလိမ့်မယ်။

၂။ ကြက်ဥနှင့် သံပုရာသီးကို ရောလိမ်းပါ

ကြက်ဥအကာမှာ ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ သံပုရာသီးဟာလည်း ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီးတော့ ဆံပင်ကို တောက်ပြောင်စေပါတယ်။ ဒီလို အစွမ်းရှိတဲ့ ဓာတ်နှစ်မျိုးကို ရောပြီးလိမ်းလိုက်တဲ့အခါမှာ ရရှိလာတဲ့ အကျိုးအာနိသင်ကတော့ အံ့မခန်းပါပဲ။

ကြက်ဥနှင့် သံပုရာသီးတစ်ခြမ်းကို ရောပြီး ခေါင်းမှာ နာရီဝက်လောက် လိမ်းထားပေးပါ။ ပြီးရင် ရေချိူးခန်းသုံး ခေါင်းစွပ်ကို စွပ်ပေးထားပါ။ နာရီဝက်ပြည့်သွားရင်တော့ ခေါင်းလျှော်ရည် အပျော့စားလေးနဲ့ လျှော်ချလိုက်ပါ။

၃။ ပန်းသီးရှာလကာရည်ကို အသုံးပြုပါ

ပန်းသီးရှာလကာရည်ရဲ့ အချဉ်ဓာတ်က ဦးရေပြားရဲ့ Ph level ကို ထိန်းညှိပေးပါတယ်။ အထူးသဖြင့် ဆံပင်ကျွတ်တာတွေ၊ အရောင်မှိုင်းတာတွေကနေ ကာကွယ်ပေးပါတယ်။

ဗီတာမင် C နှင့် D လည်း ကြွယ်ဝတာကြောင့် ဆံသားကိုလည်း သန်မာစေပါတယ်။

ဘယ်လို အသုံးပြုရမလဲ ဆိုတော့ ပန်းသီးရှာလကာရည် (၂) ဇွန်းနှင့် ရေ ၁ လီတာကို ရောလိုက်ပါ။ ခေါင်းလျှော်ရည်နဲ့ ခေါင်းကို အရင်လျှော်ထားလိုက်ပါ။ ပြီးရင် (၂) မိနစ်လောက် ပန်းသီးရှာလကာရည်ကို ခေါင်းပေါ်အနှံ့ လိမ်းထားလိုက်ပါ။ တစ်ပတ်ကို (၂) ကြိမ်အထိ လုပ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ရှာလကာရည်နံ့ကို မခံနိုင်ဘူး ဆိုရင်တော့ အမွှေးဆီ (၂) စက်လောက် ရောထည့်နိုင်ပါတယ်။

၄။ ရေပူနဲ့ ခေါင်းလျှော်တာကို ရှောင်ပါ

ဆံပင်တွေ ခြောက်ပြီးကြွတ်ဆတ်နေမယ် ဆိုရင် ခေါင်းကို ရေပူနဲ့ မလျှော်သင့်ပါဘူး။ အပူချိန်မြင့်တာဟာ ဆံပင်ထွက်မယ့် အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားတာကြောင့်ပါ။ ဆံပင်ရဲ့ အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆံပင်အခြောက်ခံစက် သုံးတာတွေ၊ ဆံပင်ဖြောင့်စက်တွေ၊ ကောက်စက်တွေ အသုံးပြုတာကို လျှော့သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ဆံပင်ကို တော်တော်ထိခိုက်စေပါတယ်။

၅။ သင်္ဘောသီးနှင့် ခေါင်းလျှော်ပါ

သင်္ဘောသီးမှာပါတဲ့ ဗီတာမင် A က ဆံပင်ကို အားဖြည့်ပေးပြီး သန်မာစေပါတယ်။ သင်္ဘောသီးနှင့် ခေါင်းလျှော်မယ် ဆိုရင်တော့ အုန်းဆီရယ်၊ ပျားရည်ရယ် သင်္ဘောသီးရယ် လိုအပ်ပါတယ်။ ဒါတွေကို အကုန်ရောပြီးသွားရင် နာရီဝက် ဒါမှမဟုတ် (၄၅) မိနစ်လောက် ခေါင်းပေါ်မှာ လိမ်းထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ချလိုက်ပါ။ တစ်ပတ်မှာ (၂) ကြိမ်လောက် လျှော်လို့ ရပါတယ်။

၆။ မှန်ကန်သော ထုတ်ကုန်များကိုသာ အသုံးပြုပါ

သင့်ရဲ့ ဆံပင်တွေကို အလွယ်တကူ မပျက်စီးချင်ဘူး ဆိုရင်တော့ အပေါစား ခေါင်းလျှော်ရည်တွေ၊ ခေါင်းလိမ်းဆီတွေကို မလိမ်းဖို့အတွက် အကြံပေးလိုပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရထားတဲ့ ခေါင်းလျှော်ရည်မျိုးကို အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ခေါင်းကိုလည်း ရေအေးလေးနဲ့သာ လျှော်သင့်ပါတယ်။ အမြဲတမ်း လျှော်တာကလည်း သင့်ဆံပင်ကို ထိခိုက်နိုင်ပါတယ်။ ဆံပင်တိုတဲ့သူ အတွက်ကတော့ ကိစ္စမရှိပေမယ့် ရှည်တဲ့သူအတွက်ကတော့ ကြာလာရင် သိသာလာနိုင်ပါတယ်။

၇။ Gelatin ကို အသုံးပြုပါ

Gelatin ကို ဘယ်လို အသုံးပြုရမလဲ ဆိုတော့ gelatin တစ်ဇွန်းနှင့် ကြက်သီးနွေးရေတို့ကို ရောမွှေလိုက်ပါ။ နည်းနည်းလောက်ကြာရင် ပန်းသီးရှာလကာရည်ကို ရောထည့်လိုက်ပါ။ အမွှေးနံ့ကြိုက်ရင် စံပယ် ဒါမှမဟုတ် လာဗင်ဒါ စတဲ့ အမွှေးအကြိုင်တွေကို ထည့်လို့ရပါသေးတယ်။ ဆံပင်ပေါ်မှာ (၁၀) မိနစ်လောက် လိမ်းထားပြီးတော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်တစ်ခါ ပြုလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ gelatin မှာ ဆံပင်အတွက် အရမ်းအကျိူးရှိတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်နေလို့ပါပဲ။

၈။ ပျားရည်နှင့် သံလွင်ဆီကို ရောလိမ်းပါ

ပျားရည်မှာ ဆံပင်ရဲ့ သဘာဝအစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် ပျားရည်ဟာ အရမ်း အသုံးဝင်ပါတယ်။ သံလွင်ဆီလည်း အတူတူပါပဲ။ ဘယ်လို အသုံးပြုမလဲဆိုတော့ ပျားရည် (၂) ဇွန်း (၁) ဇွန်းရယ်

သံလွင်ဆီ (၄) ဇွန်း (၁) ဇွန်းရယ်ကို ရောမွှေလိုက်ပါ။ ခေါင်းကို လျှော်ထားပြီး စိုနေတဲ့အချိန်မှာ လိမ်းပါ။ ၁၅ - ၂၀ မိနစ်လောက်ထိ ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်လတစ်ခါ ပြုလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Zombie (Lovemedia)

for zawgyi

ပ်က္စီးသြားတဲ့ ဆံေကသာေတြကို ျပန္လည္ကုသဖို႔အတြက္ နည္းလမ္း (၈) ခ်က္

ေခါင္းေလွ်ာ္ရည္မွာပါတဲ့ ဓာတုပစၥည္းေတြဟာ အသုံးမ်ားလာရင္ ဆံပင္ႂကြပ္ဆတ္တာေတြ ပ်က္စီးတာေတြ ျဖစ္တတ္ပါတယ္။ ေခါင္းေလွ်ာ္ရည္ မသုံးလည္း ေနေရာင္ျခည္ ထိပါမ်ားရင္ ဆံပင္ဟာ ပ်က္စီးလြယ္ပါတယ္။ ဒီေန႔မွာေတာ့ ပ်က္စီးသြားတဲ့ ဆံပင္ေတြကို ဘယ္လိုျပန္လည္ ကုသမလဲ ဆိုတာကို ေျပာျပေပးသြားပါမယ္ေနာ္

၁။ Jojoba အဆီကို သုံးပါ

Jojoba အဆီဟာ ပ်က္စီးသြားတဲ့ ဆံပင္ေတြကို ျပန္လည္အားျဖည့္တင္းေပးပါတယ္။ ဒီအဆီကို Shampoo နဲ႔ conditioner ေတြမွာ အသုံးျပဳပါတယ္။ မပါခဲ့ရင္လည္း (၃) စက္ကေန (၅) စက္ေလာက္အထိ ထည့္ၿပီးေတာ့ အသုံးျပဳႏိုင္ပါတယ္။ တကယ္လို႔ ေခါင္းေလွ်ာ္ရည္မွာ ထည့္မသုံးခ်င္ဘူး ဆိုရင္လည္း ေခါင္းမွာ တိုက္႐ိုက္ လိမ္းႏိုင္ပါတယ္။

ဆံပင္တိုအတြက္ဆိုရင္ jojoba အဆီကို (၁) ဇြန္းႏွင့္ ဆံပင္အရွည္ အတြက္ဆိုရင္ (၂) ဇြန္းအသုံးျပဳႏိုင္ပါတယ္။ အိုးေသးေသးေလးထဲမွာ မိနစ္ (၂၀) ေလာက္ အပူေပးၿပီးေတာ့ ေခါင္းအႏွံ႔ကို လိုက္လိမ္းလိုက္ပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္ (ဒါမွမဟုတ္) ဆံပင္ေပ်ာ့ေဆးတို႔ႏွင့္ ေဆးခ်လိုက္ပါ။ ဆံပင္အရင္ကထက္ ပိုစိုလာၿပီး ေတာက္ပလာတာကို ေတြ႕ရပါလိမ့္မယ္။

၂။ ၾကက္ဥႏွင့္ သံပုရာသီးကို ေရာလိမ္းပါ

ၾကက္ဥအကာမွာ ပ႐ိုတင္းႏွင့္ အမိုင္ႏိုအက္ဆစ္ဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။ သံပုရာသီးဟာလည္း ဦးေရျပားေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးၿပီးေတာ့ ဆံပင္ကို ေတာက္ေျပာင္ေစပါတယ္။ ဒီလို အစြမ္းရွိတဲ့ ဓာတ္ႏွစ္မ်ိဳးကို ေရာၿပီးလိမ္းလိုက္တဲ့အခါမွာ ရရွိလာတဲ့ အက်ိဳးအာနိသင္ကေတာ့ အံ့မခန္းပါပဲ။

ၾကက္ဥႏွင့္ သံပုရာသီးတစ္ျခမ္းကို ေရာၿပီး ေခါင္းမွာ နာရီဝက္ေလာက္ လိမ္းထားေပးပါ။ ၿပီးရင္ ေရခ်ိဴးခန္းသုံး ေခါင္းစြပ္ကို စြပ္ေပးထားပါ။ နာရီဝက္ျပည့္သြားရင္ေတာ့ ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားေလးနဲ႔ ေလွ်ာ္ခ်လိုက္ပါ။

၃။ ပန္းသီးရွာလကာရည္ကို အသုံးျပဳပါ

ပန္းသီးရွာလကာရည္ရဲ႕ အခ်ဥ္ဓာတ္က ဦးေရျပားရဲ႕ Ph level ကို ထိန္းညႇိေပးပါတယ္။ အထူးသျဖင့္ ဆံပင္ကြၽတ္တာေတြ၊ အေရာင္မႈိင္းတာေတြကေန ကာကြယ္ေပးပါတယ္။

ဗီတာမင္ C ႏွင့္ D လည္း ႂကြယ္ဝတာေၾကာင့္ ဆံသားကိုလည္း သန္မာေစပါတယ္။

ဘယ္လို အသုံးျပဳရမလဲ ဆိုေတာ့ ပန္းသီးရွာလကာရည္ (၂) ဇြန္းႏွင့္ ေရ ၁ လီတာကို ေရာလိုက္ပါ။ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းကို အရင္ေလွ်ာ္ထားလိုက္ပါ။ ၿပီးရင္ (၂) မိနစ္ေလာက္ ပန္းသီးရွာလကာရည္ကို ေခါင္းေပၚအႏွံ႔ လိမ္းထားလိုက္ပါ။ တစ္ပတ္ကို (၂) ႀကိမ္အထိ လုပ္ႏိုင္ပါတယ္။ တကယ္လို႔ သင္ဟာ ရွာလကာရည္နံ႔ကို မခံႏိုင္ဘူး ဆိုရင္ေတာ့ အေမႊးဆီ (၂) စက္ေလာက္ ေရာထည့္ႏိုင္ပါတယ္။

၄။ ေရပူနဲ႔ ေခါင္းေလွ်ာ္တာကို ေရွာင္ပါ

ဆံပင္ေတြ ေျခာက္ၿပီးႂကြတ္ဆတ္ေနမယ္ ဆိုရင္ ေခါင္းကို ေရပူနဲ႔ မေလွ်ာ္သင့္ပါဘူး။ အပူခ်ိန္ျမင့္တာဟာ ဆံပင္ထြက္မယ့္ အဆီေတြကို ဖယ္ရွားလိုက္သလိုျဖစ္သြားတာေၾကာင့္ပါ။ ဆံပင္ရဲ႕ အေျခအေနကို ပိုဆိုးသြားေစႏိုင္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ဆံပင္အေျခာက္ခံစက္ သုံးတာေတြ၊ ဆံပင္ေျဖာင့္စက္ေတြ၊ ေကာက္စက္ေတြ အသုံးျပဳတာကို ေလွ်ာ့သင့္ပါတယ္။ ဒီလိုလုပ္ျခင္းဟာ ဆံပင္ကို ေတာ္ေတာ္ထိခိုက္ေစပါတယ္။

၅။ သေဘၤာသီးႏွင့္ ေခါင္းေလွ်ာ္ပါ

သေဘၤာသီးမွာပါတဲ့ ဗီတာမင္ A က ဆံပင္ကို အားျဖည့္ေပးၿပီး သန္မာေစပါတယ္။ သေဘၤာသီးႏွင့္ ေခါင္းေလွ်ာ္မယ္ ဆိုရင္ေတာ့ အုန္းဆီရယ္၊ ပ်ားရည္ရယ္ သေဘၤာသီးရယ္ လိုအပ္ပါတယ္။ ဒါေတြကို အကုန္ေရာၿပီးသြားရင္ နာရီဝက္ ဒါမွမဟုတ္ (၄၅) မိနစ္ေလာက္ ေခါင္းေပၚမွာ လိမ္းထားလိုက္ပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားနဲ႔ ေလွ်ာ္ခ်လိုက္ပါ။ တစ္ပတ္မွာ (၂) ႀကိမ္ေလာက္ ေလွ်ာ္လို႔ ရပါတယ္။

၆။ မွန္ကန္ေသာ ထုတ္ကုန္မ်ားကိုသာ အသုံးျပဳပါ

သင့္ရဲ႕ ဆံပင္ေတြကို အလြယ္တကူ မပ်က္စီးခ်င္ဘူး ဆိုရင္ေတာ့ အေပါစား ေခါင္းေလွ်ာ္ရည္ေတြ၊ ေခါင္းလိမ္းဆီေတြကို မလိမ္းဖို႔အတြက္ အႀကံေပးလိုပါတယ္။ ႏိုင္ငံတကာ အသိအမွတ္ျပဳ လက္မွတ္ရထားတဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးကို အသုံးျပဳႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။

ေခါင္းကိုလည္း ေရေအးေလးနဲ႔သာ ေလွ်ာ္သင့္ပါတယ္။ အၿမဲတမ္း ေလွ်ာ္တာကလည္း သင့္ဆံပင္ကို ထိခိုက္ႏိုင္ပါတယ္။ ဆံပင္တိုတဲ့သူ အတြက္ကေတာ့ ကိစၥမရွိေပမယ့္ ရွည္တဲ့သူအတြက္ကေတာ့ ၾကာလာရင္ သိသာလာႏိုင္ပါတယ္။

၇။ Gelatin ကို အသုံးျပဳပါ

Gelatin ကို ဘယ္လို အသုံးျပဳရမလဲ ဆိုေတာ့ gelatin တစ္ဇြန္းႏွင့္ ၾကက္သီးေႏြးေရတို႔ကို ေရာေမႊလိုက္ပါ။ နည္းနည္းေလာက္ၾကာရင္ ပန္းသီးရွာလကာရည္ကို ေရာထည့္လိုက္ပါ။ အေမႊးနံ႔ႀကိဳက္ရင္ စံပယ္ ဒါမွမဟုတ္ လာဗင္ဒါ စတဲ့ အေမႊးအႀကိဳင္ေတြကို ထည့္လို႔ရပါေသးတယ္။ ဆံပင္ေပၚမွာ (၁၀) မိနစ္ေလာက္ လိမ္းထားၿပီးေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ပတ္တစ္ခါ ျပဳလုပ္ႏိုင္ရင္ အေကာင္းဆုံးပါပဲ။ ဘာလို႔လဲဆိုေတာ့ gelatin မွာ ဆံပင္အတြက္ အရမ္းအက်ိဴးရွိတဲ့ ပ႐ိုတင္းဓာတ္ေတြ ပါဝင္ေနလို႔ပါပဲ။

၈။ ပ်ားရည္ႏွင့္ သံလြင္ဆီကို ေရာလိမ္းပါ

ပ်ားရည္မွာ ဆံပင္ရဲ႕ သဘာဝအစိုဓာတ္ကို ျဖည့္တင္းေပးႏိုင္တဲ့ အစြမ္းရွိပါတယ္။ ဒါေၾကာင့္ ပ်ားရည္ဟာ အရမ္း အသုံးဝင္ပါတယ္။ သံလြင္ဆီလည္း အတူတူပါပဲ။ ဘယ္လို အသုံးျပဳမလဲဆိုေတာ့ ပ်ားရည္ (၂) ဇြန္း (၁) ဇြန္းရယ္

သံလြင္ဆီ (၄) ဇြန္း (၁) ဇြန္းရယ္ကို ေရာေမႊလိုက္ပါ။ ေခါင္းကို ေလွ်ာ္ထားၿပီး စိုေနတဲ့အခ်ိန္မွာ လိမ္းပါ။ ၁၅ - ၂၀ မိနစ္ေလာက္ထိ ထားပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ တစ္လတစ္ခါ ျပဳလုပ္ေပးႏိုင္ရင္ အေကာင္းဆုံးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments