အူမကြီး သန့်ရှင်းဖို့အတွက် သဘာဝအစားအစာ (၇) မျိုး

ဝမ်းဗိုက်တစ်ဝိုက် မအီမသာဖြစ်နေရင် ဝမ်းဗိုက်ကို သန့်စင်ပေးဖို့ လိုအပ်နေပါပြီ။ ဝမ်းဗိုက်ကို သန့်စင်ဖို့အတွက် ဆေးဝါးတွေ မသုံးဘဲ အစားအစာတွေနဲ့ သန့်စင်ပေးလို့ ရပါတယ်။ အစာအိမ်ရဲ့ အဓိကလုပ်ငန်းက အစာတွေ ချေဖျက်ဖို့၊ အရည်တွေညှစ်ယူဖို့၊ အညစ်အကြေးတွေ စွန့်ထုတ်ဖို့တို့ ဖြစ်ပါတယ်။

ဝမ်းဗိုက်ထဲမှာ နေလို့မကောင်းတာက ဝမ်းချုပ်ခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအစာတွေကို ဆင်ခြင်စားသောက်ဖို့ လိုအပ်လာပါပြီ။

အစာချေပြီးသားတွေကို သွေးကြောတွေက စုတ်ယူပြီးတဲ့အခါ အစာဟောင်းကို စွန့်လွှတ်ဖို့ လိုလာပါပြီ။ ဝမ်းဗိုက်ထဲမှာ အစာချေမှုဟာ ပုံမှန်မဟုတ်တော့ရင် အခြားကျန်းမာရေးတွေကို ထိခိုက်လာနိုင်ပါတယ်။ အချို့အစားအစာတွေက အူမကြီးကို သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။

၁။ အမျှင်ဓာတ်များသော အစားအစာများ

အသီး၊ အနှံ၊ ပဲ၊ အစေ့အဆံတွေမှာ သဘာဝအမျှင်ဓာတ်တွေ ပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ မျှစ်၊ အာဒါလွတ်ဥ စတဲ့ဟင်းသီးဟင်းရွက်တွေမှာ အမျှုင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ ဆားရည်

ဝမ်းချုပ်နေပြီ ဆိုရင် ဆားရည် ဒါမှမဟုတ် ဟိမဝန္တာ ဆားရည်ကို အစာဘာမှမစားခင် သောက်သင့်ပါတယ်။ ဒါပေမယ့် သွေးတိုးရောဂါရှိသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ အစာမျိုလမ်းကြောင်းမှာ ရောဂါရှိသူ၊ သည်းခြေကျောက် ရှိတဲ့သူတွေကတော့ ဆားရည်ကို မသောက်သင့်ပါဘူး။

၃။ သစ်သီးဖျော်ရည်များ

လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ သစ်သီးဖျော်ရည်တွေမှာ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ၊ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဆီးချိုရောဂါ ဒါမှမဟုတ် အစာအိမ်ရောင်ရမ်းနာ ရှိရင်တော့ သစ်သီးဖျော်ရည်တွေကို အများကြီး မသောက်သင့်ပါဘူး။

၄။ ဆေးဖက်ဝင်ဖျော်ရည်

အချို့ဆေးဖက်ဝင် အပင်တွေဟာ အနည်းငယ် ဝမ်းသွားစေတတ်ပြီး ဝမ်းချုပ်ခြင်း ကိုလည်း သက်သာစေပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်မှာ ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို ခုခံတိုက်ခိုက် ပေးပါတယ်။

၅။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းတို့မှာ အမျှင်ဓာတ်များစွာပါဝင်ပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။

၆။ သစ်ကြားသီး

သစ်ကြားသီးမှာ အိုမီဂါ 3 ပါဝင်လို့ ဝမ်းဗိုက် တစ်ခုလုံးကို ကျန်းမာစေပါတယ်။

၇။ ဒိန်ချဉ်

ဒိန်ချဉ်မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဘတ်တီးရီးယားများ ပါဝင်ပါတယ်။ ဒိန်ချဉ်ကို ပုံမှန်စားပေးရင် လေတက်ခြင်းကို လျှော့ချပေးပြီး အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

အူမကြီးကို ကျန်းမာနေဖို့ဆိုရင်

- ကိုယ်အလေးချိန်ထိန်းခြင်း

- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများစားခြင်း

- ဆေးလိပ်၊ အရက်မသောက်ခြင်း

- ကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း

- တက်တက်ကြွကြွနေခြင်းတို့ လိုအပ်ပါတယ်။

ကျန်းမာရေး ကောင်းမှုဟာ အူမကြီးအပေါ်မှာ မူတည်နေတာဖြစ်လို့ အူမကြီးကို သန့်စင်သွားအောင် သဘာဝ အသီးအနှံများကို စားပေးသင့်ပါတယ်နော်။

Zombie (Lovemedia)

for zawgyi

အူမႀကီး သန႔္ရွင္းဖို႔အတြက္ သဘာဝအစားအစာ (၇) မ်ိဳး

ဝမ္းဗိုက္တစ္ဝိုက္ မအီမသာျဖစ္ေနရင္ ဝမ္းဗိုက္ကို သန႔္စင္ေပးဖို႔ လိုအပ္ေနပါၿပီ။ ဝမ္းဗိုက္ကို သန႔္စင္ဖို႔အတြက္ ေဆးဝါးေတြ မသုံးဘဲ အစားအစာေတြနဲ႔ သန႔္စင္ေပးလို႔ ရပါတယ္။ အစာအိမ္ရဲ႕ အဓိကလုပ္ငန္းက အစာေတြ ေခ်ဖ်က္ဖို႔၊ အရည္ေတြညႇစ္ယူဖို႔၊ အညစ္အေၾကးေတြ စြန႔္ထုတ္ဖို႔တို႔ ျဖစ္ပါတယ္။

ဝမ္းဗိုက္ထဲမွာ ေနလို႔မေကာင္းတာက ဝမ္းခ်ဳပ္ျခင္း၊ အစာအိမ္ အခ်ဥ္ေပါက္ျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုျဖစ္လာၿပီ ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး အစားအစာေတြကို ဆင္ျခင္စားေသာက္ဖို႔ လိုအပ္လာပါၿပီ။

အစာေခ်ၿပီးသားေတြကို ေသြးေၾကာေတြက စုတ္ယူၿပီးတဲ့အခါ အစာေဟာင္းကို စြန႔္လႊတ္ဖို႔ လိုလာပါၿပီ။ ဝမ္းဗိုက္ထဲမွာ အစာေခ်မႈဟာ ပုံမွန္မဟုတ္ေတာ့ရင္ အျခားက်န္းမာေရးေတြကို ထိခိုက္လာႏိုင္ပါတယ္။ အခ်ိဳ႕အစားအစာေတြက အူမႀကီးကို သဘာဝအတိုင္း သန႔္စင္ေပးႏိုင္ပါတယ္။

၁။ အမွ်င္ဓာတ္မ်ားေသာ အစားအစာမ်ား

အသီး၊ အႏွံ၊ ပဲ၊ အေစ့အဆံေတြမွာ သဘာဝအမွ်င္ဓာတ္ေတြ ပါဝင္ၿပီး အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ မွ်စ္၊ အာဒါလြတ္ဥ စတဲ့ဟင္းသီးဟင္း႐ြက္ေတြမွာ အမွ်ဳင္ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ပါတယ္။

၂။ ဆားရည္

ဝမ္းခ်ဳပ္ေနၿပီ ဆိုရင္ ဆားရည္ ဒါမွမဟုတ္ ဟိမဝႏၲာ ဆားရည္ကို အစာဘာမွမစားခင္ ေသာက္သင့္ပါတယ္။ ဒါေပမယ့္ ေသြးတိုးေရာဂါရွိသူ၊ ေက်ာက္ကပ္ေရာဂါရွိသူ၊ အစာမ်ိဳလမ္းေၾကာင္းမွာ ေရာဂါရွိသူ၊ သည္းေျခေက်ာက္ ရွိတဲ့သူေတြကေတာ့ ဆားရည္ကို မေသာက္သင့္ပါဘူး။

၃။ သစ္သီးေဖ်ာ္ရည္မ်ား

လတ္လတ္ဆတ္ဆတ္ ျပဳလုပ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ေတြမွာ ဗီတာမင္ေတြ၊ သတၳဳဓာတ္ေတြ၊ အမွ်င္ဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။ ဆီးခ်ိဳေရာဂါ ဒါမွမဟုတ္ အစာအိမ္ေရာင္ရမ္းနာ ရွိရင္ေတာ့ သစ္သီးေဖ်ာ္ရည္ေတြကို အမ်ားႀကီး မေသာက္သင့္ပါဘူး။

၄။ ေဆးဖက္ဝင္ေဖ်ာ္ရည္

အခ်ိဳ႕ေဆးဖက္ဝင္ အပင္ေတြဟာ အနည္းငယ္ ဝမ္းသြားေစတတ္ၿပီး ဝမ္းခ်ဳပ္ျခင္း ကိုလည္း သက္သာေစပါတယ္။ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးမႈန႔္မွာ ကိုယ္ခံအားကို ေကာင္းေစၿပီး ေရာဂါျဖစ္ေစတဲ့ ဘတ္တီးရီးယားေတြကို ခုခံတိုက္ခိုက္ ေပးပါတယ္။

၅။ ေဂၚဖီထုပ္

ေဂၚဖီထုပ္၊ ပန္းေဂၚဖီစိမ္းတို႔မွာ အမွ်င္ဓာတ္မ်ားစြာပါဝင္ၿပီး အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ေပးပါတယ္။

၆။ သစ္ၾကားသီး

သစ္ၾကားသီးမွာ အိုမီဂါ 3 ပါဝင္လို႔ ဝမ္းဗိုက္ တစ္ခုလုံးကို က်န္းမာေစပါတယ္။

၇။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာ က်န္းမာေရးအတြက္ အက်ိဳးျပဳတဲ့ ဘတ္တီးရီးယားမ်ား ပါဝင္ပါတယ္။ ဒိန္ခ်ဥ္ကို ပုံမွန္စားေပးရင္ ေလတက္ျခင္းကို ေလွ်ာ့ခ်ေပးၿပီး အူမႀကီးကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

အူမႀကီးကို က်န္းမာေနဖို႔ဆိုရင္

- ကိုယ္အေလးခ်ိန္ထိန္းျခင္း

- က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာမ်ားစားျခင္း

- ေဆးလိပ္၊ အရက္မေသာက္ျခင္း

- က်န္းမာေရး ပုံမွန္စစ္ေဆးျခင္း

- တက္တက္ႂကြႂကြေနျခင္းတို႔ လိုအပ္ပါတယ္။

က်န္းမာေရး ေကာင္းမႈဟာ အူမႀကီးအေပၚမွာ မူတည္ေနတာျဖစ္လို႔ အူမႀကီးကို သန႔္စင္သြားေအာင္ သဘာဝ အသီးအႏွံမ်ားကို စားေပးသင့္ပါတယ္ေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments