သဘာဝမတူပဲ ပေါင်းရင် ဘာဖြစ်တတ်လဲ

တခါတုန်းက ကြွက်ကလေး တစ်ကောင် နဲ့ ဖားလေး တစ်ကောင် တို့ဟာ အချင်းချင်း အဆွေခင်ပွန်းဖွဲ့ပီး နေထိုင်ကြတယ် ။ ကြွက်လေးဟာ ကုန်းပေါ် သက်သက်မှာသာ နေထိုင်ပြီး ဖားကျတော့ ကုန်းပေါ် မှာရော ရေထဲမှာရော နေထိုင်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ကြတယ် ။

ကြွက်နဲ့ဖား အဆွေခင်ပွန်း ဖွဲ့ပြီးတဲ့ ကာလမှာ သူတို့နှစ်ကောင်ဟာ ကုန်းပေါ်မှာ အတူတကွ သွားလာ စားသောက် နေထိုင်ကြတယ် ။ တစ်ကောင်နဲ့ တကောင် နီးနီးကပ်ကပ် ရှိအောင် အမြဲတမ်း မခွဲမခွာ နေနိုင်အောင် ဆိုပြီးတော့ ခြေချင်းပူး ကြိုးနဲ့ ချည်နှောင် ထားကြတယ် ။

အဲဒီလို ခြေချင်းပူး ချည်နှောင် ထားတာကြောင့် တစ်ကောင်နဲ့ တစ်ကောင် အမြဲအတူ စားသောက် နေထိုင်ပြီး အသက်ရှင်ကြ တာပေါ့ ။ တနေ့မှာတော့ သူတို့ နှစ်ကောင်ဟာ ရေကန်နီး တခုကို ရောက်သွားတယ် ။

အဲ့ဒီမှာ ဖားလေးက ရေကိုမြင်တော့ ချက်ချင်း ဆိုသလိုပဲ ရေထဲသို့ ခုန်ချ ရေကူးနေတယ် ။ အဲ့လို ဖားက ရေကူးနေတော့ ရေမကူးတတ်တဲ့ ကြွက်ဟာ ရေနစ်ပြီး သေဆုံးရှာ လေတယ် ။

အဲ့ဒီလို ရေပေါ်ကို ပေါ်လိုက် မြှုပ်လိုက် ဖြစ်နေတဲ့ ကြွက်သေကောင်ကို သိမ်းငှက်က မြင်တဲ့အခါ လျင်မြန်စွာ ထိုးဆင်းလိုက်ပြီး သူရဲ့ လက်သည်းများနဲ့ သုပ်ချီလိုက်တယ် ။

သုပ်ချီ ယူဆောင်လာတဲ့ ကြွက်သေကောင် နောက်မှာ ဖားကလည်း တွဲလွဲ ပါလာတယ် ။ သိမ်းငှက်ကလည်း ကြွက်ကိုရော ဖားကိုပါ စားသောက်လိုက်တယ် ။

(The Frog and the Mouse)

မဖြစ်နိုင်တာတွေ ဖြစ်ချင်လွန်းလျှင် ဒုက္ခ တခုခု ရရှိတတ် ပါတယ် ။ ကိုယ်နဲ့ သဘောသဘာဝ မတူညီတဲ့ အရာတွေ များနေတဲ့သူနဲ့ လက်တွဲ နေထိုင်ရင်တော့ ရေရှည် အဆင်ပြေနိုင်မှာ မဟုတ်ပါ ။

စိတ်သဘောထားချင်း မကိုက်ညီတဲ့သူနှင့် ပေါင်းသင်းတာဟာလည်း မိမိအတွက် ပျော်ရွှင်မှုများ ရရှိလာမည် မဟုတ်ပါ ။ စဉ်းစား ဆင်ခြင်ဉာဏ် မရှိလျှင် ဒုက္ခကြီးစွာနဲ့ ကြုံတွေ့ ရတတ်ပါတယ် ။

သူတပါးရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကိုသာ အမြဲလိုလို လိုက်လုပ်ပေးနေမည် ဆိုပါကလည်း မိမိရဲ့ ဖြစ်ချင်တဲ့ အရာတွေ နောက်ကျနေ လိမ့်မည် ။ ပေါင်းသင်းမှု မှာလည်း မိမိရဲ့ အသိစိတ် ရှိဖို့ လိုအပ်ပါတယ် ။ ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအဖော် ဘယ်လို လူပဲ ဖြစ်နေပါစေ အဓိက ကတော့ သူများလုပ်တိုင်း လိုက်မလုပ်ဖို့ပါ ။

ကောင်းတာကို ယူဆောင် ဆိုးတာကို ပယ်ဖျောက်မှသာ တစ်နေ့မှာ မိမိဟာ လူကောင်း တယောက် ဖြစ်လာလိမ့်မည် ။ မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ဖို့ ၊ ဘေးဒုက္ခမှ ကင်းလွှတ်ဖို့ မိမိကိုယ်မိမိ စဉ်းစား ဆင်ခြင်ဉာဏ်ရှိဖို့ လိုအပ်ပါတယ် ။

လေးစားစွာဖြင့်

ကောင်းချစ်

for zawgyi

သဘာဝမတူပဲ ေပါင္းရင္ ဘာျဖစ္တတ္လဲ

တခါတုန္းက ၾကြက္ကေလး တစ္ေကာင္ နဲ႔ ဖားေလး တစ္ေကာင္ တို႔ဟာ အခ်င္းခ်င္း အေဆြခင္ပြန္းဖြဲ႕ပီး ေနထိုင္ၾကတယ္ ။ ႂကြက္ေလးဟာ ကုန္းေပၚ သက္သက္မွာသာ ေနထိုင္ၿပီး ဖားက်ေတာ့ ကုန္းေပၚ မွာေရာ ေရထဲမွာေရာ ေနထိုင္ႏိုင္တဲ့ သတၱဝါေတြ ျဖစ္ၾကတယ္ ။

ႂကြက္နဲ႔ဖား အေဆြခင္ပြန္း ဖြဲ႕ၿပီးတဲ့ ကာလမွာ သူတို႔ႏွစ္ေကာင္ဟာ ကုန္းေပၚမွာ အတူတကြ သြားလာ စားေသာက္ ေနထိုင္ၾကတယ္ ။ တစ္ေကာင္နဲ႔ တေကာင္ နီးနီးကပ္ကပ္ ရွိေအာင္ အၿမဲတမ္း မခြဲမခြာ ေနႏိုင္ေအာင္ ဆိုၿပီးေတာ့ ေျခခ်င္းပူး ႀကိဳးနဲ႔ ခ်ည္ေႏွာင္ ထားၾကတယ္ ။

အဲဒီလို ေျခခ်င္းပူး ခ်ည္ေႏွာင္ ထားတာေၾကာင့္ တစ္ေကာင္နဲ႔ တစ္ေကာင္ အၿမဲအတူ စားေသာက္ ေနထိုင္ၿပီး အသက္ရွင္ၾက တာေပါ့ ။ တေန႔မွာေတာ့ သူတို႔ ႏွစ္ေကာင္ဟာ ေရကန္နီး တခုကို ေရာက္သြားတယ္ ။ အဲ့ဒီမွာ ဖားေလးက ေရကိုျမင္ေတာ့ ခ်က္ခ်င္း ဆိုသလိုပဲ ေရထဲသို႔ ခုန္ခ် ေရကူးေနတယ္ ။ အဲ့လို ဖားက ေရကူးေနေတာ့ ေရမကူးတတ္တဲ့ ႂကြက္ဟာ ေရနစ္ၿပီး ေသဆုံးရွာေလတယ္ ။

အဲ့ဒီလို ေရေပၚကို ေပၚလိုက္ ျမႇဳပ္လိုက္ ျဖစ္ေနတဲ့ ႂကြက္ေသေကာင္ကို သိမ္းငွက္က ျမင္တဲ့အခါ လ်င္ျမန္စြာ ထိုးဆင္းလိုက္ၿပီး သူရဲ႕ လက္သည္းမ်ားနဲ႔ သုပ္ခ်ီလိုက္တယ္ ။ သုပ္ခ်ီ ယူေဆာင္လာတဲ့ ႂကြက္ေသေကာင္ ေနာက္မွာ ဖားကလည္း တြဲလြဲ ပါလာတယ္ ။ သိမ္းငွက္ကလည္း ႂကြက္ကိုေရာ ဖားကိုပါ စားေသာက္လိုက္တယ္ ။

(The Frog and the Mouse)

မျဖစ္ႏိုင္တာေတြ ျဖစ္ခ်င္လြန္းလွ်င္ ဒုကၡ တခုခု ရရွိတတ္ ပါတယ္ ။ ကိုယ္နဲ႔ သေဘာသဘာဝ မတူညီတဲ့ အရာေတြ မ်ားေနတဲ့သူနဲ႔ လက္တြဲ ေနထိုင္ရင္ေတာ့ ေရရွည္ အဆင္ေျပႏိုင္မွာ မဟုတ္ပါ ။

စိတ္သေဘာထားခ်င္း မကိုက္ညီတဲ့သူႏွင့္ ေပါင္းသင္းတာဟာလည္း မိမိအတြက္ ေပ်ာ္႐ႊင္မႈမ်ား ရရွိလာမည္ မဟုတ္ပါ ။ စဥ္းစား ဆင္ျခင္ဉာဏ္ မရွိလွ်င္ ဒုကၡႀကီးစြာနဲ႔ ႀကဳံေတြ႕ ရတတ္ပါတယ္ ။

သူတပါးရဲ႕ ျဖစ္ခ်င္တဲ့ ဆႏၵကိုသာ အၿမဲလိုလို လိုက္လုပ္ေပးေနမည္ ဆိုပါကလည္း မိမိရဲ႕ ျဖစ္ခ်င္တဲ့ အရာေတြ ေနာက္က်ေန လိမ့္မည္ ။ ေပါင္းသင္းမႈ မွာလည္း မိမိရဲ႕ အသိစိတ္ ရွိဖို႔ လိုအပ္ပါတယ္ ။ ကိုယ့္ရဲ႕ မိတ္ေဆြ အေပါင္းအေဖာ္ ဘယ္လို လူပဲ ျဖစ္ေနပါေစ အဓိက ကေတာ့ သူမ်ားလုပ္တိုင္း လိုက္မလုပ္ဖို႔ပါ ။

ေကာင္းတာကို ယူေဆာင္ ဆိုးတာကို ပယ္ေဖ်ာက္မွသာ တစ္ေန႔မွာ မိမိဟာ လူေကာင္း တေယာက္ ျဖစ္လာလိမ့္မည္ ။ မျဖစ္သင့္တဲ့ အရာေတြ မျဖစ္ဖို႔ ၊ ေဘးဒုကၡမွ ကင္းလႊတ္ဖို႔ မိမိကိုယ္မိမိ စဥ္းစား ဆင္ျခင္ဉာဏ္ရွိဖို႔ လိုအပ္ပါတယ္ ။

ေလးစားစြာျဖင့္

ေကာင္းခ်စ္

Post a Comment

0 Comments