ဆရာငြိမ်း၏ ၂၆.၈.၂၀၂၁ မှ ၁.၉.၂၀၂၁ အထိ ၇ရက်သားသမီး ဟောစာတမ်း

26.8.2021 မှ 1.9.2021 အထိ တစ်ပတ်စာ ၇ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း ဖြတ်သန်းရမဲ့ အချိန်တွေမှာ သတိဆိုတာကို အမြဲကပ်ထားဖို့ လုပ်ငန်းခွင်အတွင်း အတိမ်း အစောင်း အမှားအယွင်းလေးတွေ များနေတတ်ပါတယ်။ အလုပ်နေရာ အပြောင်းအလဲတွေ၊ အလုပ်နားရတာတွေ ဖြစ်ရတတ်ပါတယ်။ စီးပွားရေးအတွက် ကိုယ်တစ်ယောက်ထဲ မနိုင်လို့ အများရှယ်ယာခေါ်တာမျိုး စပ်တူလုပ်တာမျိုးတွေက ပိုဆိုးသွားတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေထဲက ကူညီမဲ့သူတွေ ပေါ်လာတတ်ပါတယ်။

လေလှိုင်းထဲကနေ စကားနဲ့ ဒုက္ခပေးမဲ့ သူတွေနဲ့ ကြုံနေရတတ်ပါတယ်။ ဆရာတွေ အကြီးအကဲတွေ၊ လူလေးစားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကာလအတွင်း လူအများ အထင်အမြင် လွဲစရာ ကိစ္စတွေ ကြုံနေရတတ်ပါတယ်။ ကျန်းမာရေး အားနည်းချက်အနည်း ငယ်ရှိပါတယ်။ ငန်လွန်းတဲ့ အစားအသောက်နှင့် ဝမ်းပျက်စာများ အထူးရှောင်လိုက်ပါ။

အချစ်ရေးမှာ အနေဝေးနေသူတွေ အဆင်ပြေကြပေမဲ့ အနေနီးသူတွေ ခဏခဏ စကားများရတတ်ပါတယ်။ ရပ်ဝေးခရီး ကိစ္စလေးတွေ အခက်အခဲ များတတ်ပါတယ်။ အလှူနဲ့ဆိုင်သော ခရီးများ ရက်ရွှေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး သာယာပြေလည်တာ များမဲ့ ကာလ ပါပဲ။ ပညာရေးကိစ္စတွေမှာတော့ ထင်တိုင်းမပေါက် ဖြစ်ရတတ်ပါတယ်။ စိတ်ကူးထားသလို ပညာရေးမှာ ပုံဖော်လို့ မရနိုင်သေးပါ။

အကျိုးပေးဂဏန်း - 1 5 6

အထူးဟော အနည်းငယ် အခက်အခဲလေးတွေ ကြုံရမယ်။

ယတြာ ပေါက်ဆီ ၃လုံး ဘုရားကပ်ပါ

တနင်္လာ

ကိစ္စများမြောင် လူတို့ဘောင် ဆိုသလိုပဲ တနင်္လာသားသမီးတွေ အတွက် အလုပ်များ ကိစ္စများမဲ့ ကာလပါပဲ။ ပိုက်ဆံရမဲ့ အလုပ်ရော၊ မရဘဲ အကျိုးဆောင်ရတဲ့အလုပ်တွေရော ရောလုပ်နေရတတ်ပါတယ်။ ဒီကာလအတွင်း ကျန်းမာရေး မကောင်းသူတွေကို ပြုစုရစောင့်ရှောက် ရတတ်ပါတယ်။ စပ်တူငွေကြေးကိစ္စတွေကိုတော့ ရှောင်သင့်တဲ့အချိန် ပါပဲ။

ဒီကာလအတွင်း အထိုင်ချမဲ့ ကိစ္စတွေ ဆိုင်သစ်ဖွင့်မှာတွေ၊ အိုးအိမ်သစ်မှာ စနေတာတွေ အနည်းငယ် အဆင်မပြေဖြစ်ရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားလုပ်ငန်းများ ဝန်ထမ်းတွေကို ကျစ်ကျစ်လစ်လစ် ပြန်လည် ဖွဲ့စည်းသင့်တယ်လို့ မြင်ပါတယ်။ လိင်မတူသူတွေဆီကနေ ဖြစ်စေ၊ မိမိကို တစ်ဖက်သတ် ချစ်ကြိုက်နေသူဆီကဖြစ်စေ အကူအညီတွေ ရလာတတ်ပါတယ်။ အလုပ်မှာ မပျော်သူတွေအတွက် ခဏသည်းခံနေဖို့ ပြောလိုပါတယ်။ အလုပ်သစ်ရှာလဲ အဆင် မပြေနိုင်သေးပါ။

ကျန်းမာရေးကတော့ အထူးမညံ့ပေမဲ့ အနေအထိုင် ပေါ့လျော့လိုက်တာနဲ့ ရောဂါဝင်လာတတ်တဲ့ ကာလပါပဲ။ အချစ်ရေး ပြေလည်မှုတွေ ရရှိလာနိုင်သလို အချစ်ရေးကြောင့်ပဲ စီးပွားရေးမှာ တစ်ဖက်တစ်လမ်းက အကျိုးရှိပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အိမ်ထောင်ဘက်နဲ့ စကားများရတတ်ပါ တယ်။ ပညာရှာနေသူများ ပညာရေးအတွက် စိတ်ချမ်းသာ ပျော်ရွှင်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 6 9 0

အထူးဟော စိတ်ပင်ပန်းစရာလေးတွေ အနည်းငယ် ရှိမယ်

ယတြာ သစ်တော်သီး ဘုရားကပ်လှူပေးပါ

အင်္ဂါ

ဒီကာလအတွင်း အဘက်ဘက်က ကံကောင်းမှုတွေ ဝင်လာတတ်ပါတယ်။ စိတ်ချမ်းသာစရာ ကိစ္စတွေ တစ်ခုပြီးတစ်ခု ကြုံရတတ်ပါတယ်။ ငွေကြေးရစရာရှိတာတွေ ရလာတတ်ပါတယ်။ ငွေရှာနေသူများ ငွေကြေးရပေါက်ရ လမ်းကောင်းတွေ ကြုံရတတ်ပါတယ်။ စိတ်ထဲမကျေနပ်စရာ အစိုင်အခဲတွေ ပြေပျောက်ပါလိမ့်မယ်။ ခရီးတိုလေးတွေ နေ့ချင်းပြန်ခရီးတွေ ကြုံနေရတတ်ပါတယ်။ သတိထားစရာကိစ္စကတော့ ကိုယ်အဆင်ပြေလေ လူမုန်းများလေဆိုတာ ပါပဲ။

မိမိကို ပြဿနာရှာမဲ့သူတွေ ဝိုင်းနေတတ်ပါတယ်။ အလုပ်အကိုင်တွေအနေနဲ့ မိတ်ဟောင်း၊ မိတ်သစ်တွေနဲ့ ကောင်းစွာ ချိတ်ဆက်နိုင်လိမ့်မယ်။ သတိထားရမှာက ဒီကာလမှာ တစ်ဦးတစ်ယောက်ကို ဆရာတင်မိရင် ဆရာတင် မှားတတ်ပါတယ်။ ဒီကာလအတွင်းမှာ ဆီးဝမ်းသွေးလေ မမှန်တာမျိုး ဖြစ်တတ်ပါတယ်။ အရေပြားနဲ့ ပတ်သက်ပြီး အဖုအပိန့်တွေ ထွက်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးမှာ အရမ်းကြီး ညံ့နေတာမျိုးတော့ မတွေ့ရနိုင်ပါဘူး။ စက်ပစ္စည်းအသစ်တွေ ဝယ်ချင်တာဆို ဒီကာလမှာ ဝယ်တာက ပစ္စည်းကောင်း ရနိုင်ပါတယ်။ အချစ်ရေးမှာတော့ ထင်သလောက် အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ ချစ်သူနဲ့ လူကြီးတွေကို အကြောင်းပြုပြီး စကားများ ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အရာရာ အသုံးမကျဘူးလို့ အိမ်ထောင်ဘက်ကို ထင်နေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း 1 7 3

အထူးဟော ကံမြင့်မားမှုတွေ ရှိမယ်။

ယတြာ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်ပါ

ဗုဒ္ဓဟူး၊ ရာဟု

စိတ်လက်ချမ်းသာစွာနဲ့ ဖြတ်သန်းရမဲ့ ကာလတွေပဲ ဖြစ်ပါတယ်။ မိမိအထိုင်ချချင်တဲ့ အလုပ်တွေ၊ စီးပွားရေးတွေ စတင်လို့ ကောင်းပါတယ်။ ငွေကြေးရှာဖွေရလွယ်ကူတာ ချေးရငှားရလွယ်တာ.. ရစရာရှိတာတွေ ပြန်ရတာမျိုး တွေကြုံရတတ်ပါတယ်။ ဒီအပတ်ထဲ အိမ်ပူနေတာတွေ၊ အိမ်တွင်းရေး မပြေလည်တာတွေရှိရင် ညှိနှိုင်းဆောင်ရွက်လို့ အဆင်ပြေပါလိမ့်မယ်။ ငွေရှာလွယ်ပေမဲ့ အသုံးအစွဲ အကုန်အကျလေးတွေ များနေတတ်ပါတယ်။

လူမှုရေးကိစ္စတွေ မှာ ကူညီခွင့်တွေ၊ လှူဒါန်းခွင့်တွေ ရလာတတ်ပါတယ်။ သားသမီးတွေအတွက် စိတ်ချမ်းသာစရာ သတင်းစကားတွေ ကြားရတတ်ပါတယ်။ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော ဘာသာရေး ကိုးကွယ်ရာပစ္စည်းများ ဝင်လာရင် ကံအလွန် ကောင်းတတ်ပါတယ်။ စီးပွားရေးကိစ္စတွေမှာတော့ ဆရာသမားတွေနဲ့ စပ်ပြီးလုပ်တဲ့အလုပ်တွေ အဆင်မပြေဖြစ်ရ တတ်ပါတယ်။

ကျန်းမာရေးကတော့ အညံ့မရှိသလောက် နည်းပါတယ်။ လက်ရှိ ကျန်းမာရေး အားနည်းသူတောင် ဆေးကောင်းတွေ့ပြီး နလန်ပြန်ထလာနိုင်ပါတယ်။ အချစ်ရေးမှာတော့ အရာရာ ပူဆာနေတဲ့ချစ်သူကြောင့် ငွေကုန်နေရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့စိတ်ချမ်းသာစရာ များပါတယ်။ အိမ်ထောင်ဘက်နဲ့ နားလည်မှုရှိရှိ ရှေ့ဆက် နိုင်ပါလိမ့်မယ်။ ပညာရေးကံကတော့ အားနည်းချက် များပါတယ်။

အကျိုးပေးဂဏန်း 1 2 8

အထူးဟော အကူအညီ အထောက်အပံ့ ပေါများမယ်

ယတြာ ပုစွန်ကြော် ဘုရားကပ်လှူပေးပါ

ကြာသပတေး

တစ်ခါတလေ တွေးထားတာတွေမဖြစ်ဘဲ မရည်ရွယ်တာတွေ ဖြစ်လာတတ်တဲ့ ကာလပါပဲ။ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ကြုံလာရတတ်ပါတယ်။ ထိုပြောင်းလဲခြင်းက အချို့သူတွေအတွက် ကောင်းသောပြောင်းလဲခြင်း ဖြစ်ပေမဲ့ အချို့အတွက် ဆိုးဖို့ဖြစ်လာနိုင်ပါတယ်။ ဂြိုဟ်တူတွေ ပူးနေတဲ့ အချိန်ကာလဖြစ်တာမို့ ကံကြမ္မာအတိုင်း မီးစင်ပြီးကဖို့ လိုပါတယ်။ စိတ်ထဲထင်ရာလုပ်လေ အမှားများလေ ကြုံရတတ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲနိုင်မှု ကိုယ် တိုင်ကအားနည်းတတ်ပါတယ်။

ငွေကို မသုံးသင့်တဲ့ နေရာမှာ သုံးမိနေပြီးတော့ သုံးသင့်တဲ့နေရာမှာတော့ မသုံးမိဖြစ် နေတတ်ပါတယ်။ ကြီးပွားတိုးတတ်ရေးကိစ္စတွေမှာ ဖြတ်လမ်းလိုက်တာ၊ အောက်ဆိုက်ရှာတာ လောင်းကစားလုပ် တာမျိုးတွေ အထူးရှောင်ပါ။ ငွေကို လူငယ်တွေအနေနဲ့ အပျော်အပါးအတွက် သုံးတာမျိုး အထူးရှောင်လိုက် စေချင်ပါ တယ်။ ခင်မင်သူတွေ ရင်းနှီးသူတွေဆီက အကူအညီတွေ ရလာတတ်ပါတယ်။

အလုပ်ရှာနေသူများ အင်တာဗျူးအောင်ပြီးအလုပ်ရတတ်ပါတယ်။ အချစ်ရေးအတွက် ကောင်းသော အတွေးအခေါ် အမြင်သစ်တွေ ရလာမယ်။ ချစ်သူပေါ် ကောင်းသောအမြင်တွေ ရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ အဆင်မပြေတဲ့ အိမ်ထောင်ရေးသောကတွေ ပြန်လည် ပြေလည်ခွင့် ရလာနိုင်ပါတယ်။ ကျန်းမာရေးမှာတော့ ဂရုစိုက်ရမယ်။ ဝမ်းဗိုက်၊ အစာအိမ်၊ အဆုတ် ၊အသည်းအားနည်းချိန်ပါ။

အကျိုးပေးဂဏန်း 2 3 5

အထူးဟော မထင်မှတ်တာတွေ ဖြစ်လာလိမ့်မယ်။

ယတြာ ကန်စွန်းရွက်ကြော်နဲ့ ဘုရားဆွမ်းကပ်ပါ

သောကြာ

ဒီကာလအတွင်း မိမိအတွက် ဆိုင်အထား အသိုပြောင်းခြင်း၊ နေရာထိုင်ခင်း ပြင်ဆင်ခြင်းတွေ အထူးအလေးပေး ဆောင်ရွက် နိုင်ပါတယ်။ မိသားစုအတွင်း ကျန်းမာရေး ညံ့တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ပြဿနာတွေ ရှုပ်ထွေးနေပေမဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ မရေရာနဲ့ အချိန်ကုန်လူပန်း မဖြစ်အောင်တော့ မိမိကိုယ်တိုင် သတိထားရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ ဒီကာလမှာ ခြေ ထောက်၊ ခါးနဲ့ ပတ်သက်ပြီး ဥပဒ် ဖြစ်လွယ်ပါတယ်။

ပစ္စည်းအလဲ အထပ်တွေဆောင်ရွက်နိုင်သလို အရောင်းအဝယ်ကိစ္စ တွေကိုလဲ အထူးပဲ အရေးပေးဆောင်ရွက် နိုင်ပါတယ်။ စီးပွားရေး လုပ်ကိုင်ရာမှာတော့ မိမိကိုယ်တိုင်နားလည်ဖို့လို ပါတယ်။ ဟုန်းကနဲထပြီး မအောင်မြင်နိုင်ပါဘူး။ အချိန် ယူကြိုးစား ရလိမ့်မယ်။ ဘာမှ လွယ်လွယ်မရပါဘူး၊ ဇွဲတော့ မလျှော့လိုက်ပါနဲ့။ စီးပွားရေးကံက ဒီကာလ ကောင်းပါ တယ်။ ဒါပေမဲ့ စိတ်ရှည်ဖို့လိုတယ်လို့ ပြောချင်တာပါ။

အချစ်ရေး ကိစ္စတွေ အဆင်ပြေနိုင်ပါတယ်။ ချစ်သူကို ပိုးပန်း နေသူများ အခြေအနေ ရလဒ်တွေ ကောင်းပါလိမ့်မယ်။ အိမ်ထောင်ရေး ကိစ္စတွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် စကားများ ရန်မဖြစ်ဖူးသူတွေ တောင် ကတောက်ကဆတွေ များနေရတတ်ပါတယ်။ ပညာရေးကံ ကောင်းပါတယ်။ ဆရာသမားတွေရဲ့ ဂရုစိုက်သင် ပြမှုကိုလဲ ရရှိပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3 4 8

အထူးဟော ဖြေးဖြေး အေးအေးသာ ဆောင်ရွက်လိုက်ပါ

ယတြာ စတုမတု လူကြီးသူမတစ်ဦးကို လှူလိုက်ပါ

စနေ

ဒီကာလလအတွင်း အိမ်နီးချင်းတွေနဲ့ မသင့်မတင့် ဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲ အားကိုးစရာ မိမိသာ ရှိပါတယ်။ အောက်လက်ငယ်သားတွေကို အားကိုးလို့မရပါဘူး။ ပတ်ဝန်း ကျင်မှာ လုပ်ငန်းပြိုင်တွေရှိ နေမယ်ဆိုရင်တော့ ပိုမိုစိတ်ညစ် ရတတ်ပါတယ်။ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း အထင်မြင်လွဲစရာများ ပေါ် ပေါက်လာ တတ်ပါတယ်။

အခြေအနေနဲ့ အချိန်အခါကို စောင့်ဆိုင်းလုပ်ကိုင်ခြင်းတွေ၊ လုပ် ငန်းသစ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဦးစားပေးဆောင်ရွက်နိုင်ပါတယ်။ အတိုက်အခံတွေ များနေတတ် ပါတယ်။ တရားသဖြင့် ပဲပြန်လည်တုန့်ပြန်တတ်ဖို့လိုပါတယ်။ အဝေးရောက် မိတ်ဆွေတွေက မိမိကိုဒုက္ခပေးတာမျိုး တွေခံရတတ်ပါတယ်။ ကျန်းမာရေး ညံ့ဖျင်းနိုင်တာမျိုးတော့ တွေ့ရပါတယ်။ အစားမှား၊ ဆေးမှား၊ ဖြစ်လွယ်ပါတယ်။ ရောဂါအဖြေတစ်ခုထဲကို ကောက် ချက်ချပြီး ဆေးစားတာမျိုး မလုပ်ပါနဲ့။

အချစ်ရေးတွေမှာတော့ ချစ်သူနဲ့ဝေးနေရတဲ့အချိန်က ပိုများပါတယ်။ တွေ့ဖို့ဆုံဖို့ ခက်ခဲတတ်ပါတယ်။ အိမ်ထောင်ရေးကံ ကောင်းနေပါလိမ့်မယ်။ အိမ်ထောင်ရေး သာယာအဆင်ပြေပါ လိမ့်မယ်။ အိမ်ထောင် ဘက်ထံမှ အကူအညီတွေ ကောင်းစွာ ရရှိပါလိမ့်မယ်။ ပညာရေးကတော့ ဒါပေမဲ့ မိမိကိုယ်တိုင် ကသင်ယူလိုစိတ်တွေ၊ သင်ကြားလိုစိတ်တွေလျော့ရဲနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 4 5 0

အထူးဟော စီးပွားရေး ကိုယ်တိုင်ကိုယ်ကျသာ လုပ်ပါ

ယတြာ ပြောင်းဖူးကြော် ဘုရားကပ်ပါ

၇ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

for zawgyi

ဆရာၿငိမ္း၏ ၂၆.၈.၂၀၂၁ မွ ၁.၉.၂၀၂၁ အထိ ၇ရက္သားသမီး ေဟာစာတမ္း

26.8.2021 မွ 1.9.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း ျဖတ္သန္းရမဲ့ အခ်ိန္ေတြမွာ သတိဆိုတာကို အၿမဲကပ္ထားဖို႔ လုပ္ငန္းခြင္အတြင္း အတိမ္း အေစာင္း အမွားအယြင္းေလးေတြ မ်ားေနတတ္ပါတယ္။ အလုပ္ေနရာ အေျပာင္းအလဲေတြ၊ အလုပ္နားရတာေတြ ျဖစ္ရတတ္ပါတယ္။ စီးပြားေရးအတြက္ ကိုယ္တစ္ေယာက္ထဲ မႏိုင္လို႔ အမ်ားရွယ္ယာေခၚတာမ်ိဳး စပ္တူလုပ္တာမ်ိဳးေတြက ပိုဆိုးသြားတတ္ပါတယ္။ ေဆြမ်ိဳးသားခ်င္းေတြထဲက ကူညီမဲ့သူေတြ ေပၚလာတတ္ပါတယ္။

ေလလႈိင္းထဲကေန စကားနဲ႔ ဒုကၡေပးမဲ့ သူေတြနဲ႔ ႀကဳံေနရတတ္ပါတယ္။ ဆရာေတြ အႀကီးအကဲေတြ၊ လူေလးစားတဲ့ ပုဂၢိဳလ္ေတြအေနနဲ႔ ဒီကာလအတြင္း လူအမ်ား အထင္အျမင္ လြဲစရာ ကိစၥေတြ ႀကဳံေနရတတ္ပါတယ္။ က်န္းမာေရး အားနည္းခ်က္အနည္း ငယ္ရွိပါတယ္။ ငန္လြန္းတဲ့ အစားအေသာက္ႏွင့္ ဝမ္းပ်က္စာမ်ား အထူးေရွာင္လိုက္ပါ။

အခ်စ္ေရးမွာ အေနေဝးေနသူေတြ အဆင္ေျပၾကေပမဲ့ အေနနီးသူေတြ ခဏခဏ စကားမ်ားရတတ္ပါတယ္။ ရပ္ေဝးခရီး ကိစၥေလးေတြ အခက္အခဲ မ်ားတတ္ပါတယ္။ အလႉနဲ႔ဆိုင္ေသာ ခရီးမ်ား ရက္ေ႐ႊ႕ရတတ္ပါတယ္။ အိမ္ေထာင္ေရး သာယာေျပလည္တာ မ်ားမဲ့ ကာလ ပါပဲ။ ပညာေရးကိစၥေတြမွာေတာ့ ထင္တိုင္းမေပါက္ ျဖစ္ရတတ္ပါတယ္။ စိတ္ကူးထားသလို ပညာေရးမွာ ပုံေဖာ္လို႔ မရႏိုင္ေသးပါ။

အက်ိဳးေပးဂဏန္း - 1 5 6

အထူးေဟာ အနည္းငယ္ အခက္အခဲေလးေတြ ႀကဳံရမယ္။

ယၾတာ ေပါက္ဆီ ၃လုံး ဘုရားကပ္ပါ

တနလၤာ

ကိစၥမ်ားေျမာင္ လူတို႔ေဘာင္ ဆိုသလိုပဲ တနလၤာသားသမီးေတြ အတြက္ အလုပ္မ်ား ကိစၥမ်ားမဲ့ ကာလပါပဲ။ ပိုက္ဆံရမဲ့ အလုပ္ေရာ၊ မရဘဲ အက်ိဳးေဆာင္ရတဲ့အလုပ္ေတြေရာ ေရာလုပ္ေနရတတ္ပါတယ္။ ဒီကာလအတြင္း က်န္းမာေရး မေကာင္းသူေတြကို ျပဳစုရေစာင့္ေရွာက္ ရတတ္ပါတယ္။ စပ္တူေငြေၾကးကိစၥေတြကိုေတာ့ ေရွာင္သင့္တဲ့အခ်ိန္ ပါပဲ။

ဒီကာလအတြင္း အထိုင္ခ်မဲ့ ကိစၥေတြ ဆိုင္သစ္ဖြင့္မွာေတြ၊ အိုးအိမ္သစ္မွာ စေနတာေတြ အနည္းငယ္ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ကိုယ္ပိုင္စီးပြားလုပ္ငန္းမ်ား ဝန္ထမ္းေတြကို က်စ္က်စ္လစ္လစ္ ျပန္လည္ ဖြဲ႕စည္းသင့္တယ္လို႔ ျမင္ပါတယ္။ လိင္မတူသူေတြဆီကေန ျဖစ္ေစ၊ မိမိကို တစ္ဖက္သတ္ ခ်စ္ႀကိဳက္ေနသူဆီကျဖစ္ေစ အကူအညီေတြ ရလာတတ္ပါတယ္။ အလုပ္မွာ မေပ်ာ္သူေတြအတြက္ ခဏသည္းခံေနဖို႔ ေျပာလိုပါတယ္။ အလုပ္သစ္ရွာလဲ အဆင္ မေျပႏိုင္ေသးပါ။

က်န္းမာေရးကေတာ့ အထူးမညံ့ေပမဲ့ အေနအထိုင္ ေပါ့ေလ်ာ့လိုက္တာနဲ႔ ေရာဂါဝင္လာတတ္တဲ့ ကာလပါပဲ။ အခ်စ္ေရး ေျပလည္မႈေတြ ရရွိလာႏိုင္သလို အခ်စ္ေရးေၾကာင့္ပဲ စီးပြားေရးမွာ တစ္ဖက္တစ္လမ္းက အက်ိဳးရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ အလုပ္ကိစၥနဲ႔ ပတ္သက္ၿပီး အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရတတ္ပါ တယ္။ ပညာရွာေနသူမ်ား ပညာေရးအတြက္ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 6 9 0

အထူးေဟာ စိတ္ပင္ပန္းစရာေလးေတြ အနည္းငယ္ ရွိမယ္

ယၾတာ သစ္ေတာ္သီး ဘုရားကပ္လႉေပးပါ

အဂၤါ

ဒီကာလအတြင္း အဘက္ဘက္က ကံေကာင္းမႈေတြ ဝင္လာတတ္ပါတယ္။ စိတ္ခ်မ္းသာစရာ ကိစၥေတြ တစ္ခုၿပီးတစ္ခု ႀကဳံရတတ္ပါတယ္။ ေငြေၾကးရစရာရွိတာေတြ ရလာတတ္ပါတယ္။ ေငြရွာေနသူမ်ား ေငြေၾကးရေပါက္ရ လမ္းေကာင္းေတြ ႀကဳံရတတ္ပါတယ္။ စိတ္ထဲမေက်နပ္စရာ အစိုင္အခဲေတြ ေျပေပ်ာက္ပါလိမ့္မယ္။ ခရီးတိုေလးေတြ ေန႔ခ်င္းျပန္ခရီးေတြ ႀကဳံေနရတတ္ပါတယ္။ သတိထားစရာကိစၥကေတာ့ ကိုယ္အဆင္ေျပေလ လူမုန္းမ်ားေလဆိုတာ ပါပဲ။

မိမိကို ျပႆနာရွာမဲ့သူေတြ ဝိုင္းေနတတ္ပါတယ္။ အလုပ္အကိုင္ေတြအေနနဲ႔ မိတ္ေဟာင္း၊ မိတ္သစ္ေတြနဲ႔ ေကာင္းစြာ ခ်ိတ္ဆက္ႏိုင္လိမ့္မယ္။ သတိထားရမွာက ဒီကာလမွာ တစ္ဦးတစ္ေယာက္ကို ဆရာတင္မိရင္ ဆရာတင္ မွားတတ္ပါတယ္။ ဒီကာလအတြင္းမွာ ဆီးဝမ္းေသြးေလ မမွန္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အေရျပားနဲ႔ ပတ္သက္ၿပီး အဖုအပိန႔္ေတြ ထြက္လာတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

က်န္းမာေရးမွာ အရမ္းႀကီး ညံ့ေနတာမ်ိဳးေတာ့ မေတြ႕ရႏိုင္ပါဘူး။ စက္ပစၥည္းအသစ္ေတြ ဝယ္ခ်င္တာဆို ဒီကာလမွာ ဝယ္တာက ပစၥည္းေကာင္း ရႏိုင္ပါတယ္။ အခ်စ္ေရးမွာေတာ့ ထင္သေလာက္ အဆင္မေျပ ျဖစ္ရတတ္ပါတယ္။ ခ်စ္သူနဲ႔ လူႀကီးေတြကို အေၾကာင္းျပဳၿပီး စကားမ်ား ရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အရာရာ အသုံးမက်ဘူးလို႔ အိမ္ေထာင္ဘက္ကို ထင္ေနမိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1 7 3

အထူးေဟာ ကံျမင့္မားမႈေတြ ရွိမယ္။

ယၾတာ အုန္းႏို႔ေခါက္ဆြဲ ဘုရားကပ္ပါ

ဗုဒၶဟူး၊ ရာဟု

စိတ္လက္ခ်မ္းသာစြာနဲ႔ ျဖတ္သန္းရမဲ့ ကာလေတြပဲ ျဖစ္ပါတယ္။ မိမိအထိုင္ခ်ခ်င္တဲ့ အလုပ္ေတြ၊ စီးပြားေရးေတြ စတင္လို႔ ေကာင္းပါတယ္။ ေငြေၾကးရွာေဖြရလြယ္ကူတာ ေခ်းရငွားရလြယ္တာ.. ရစရာရွိတာေတြ ျပန္ရတာမ်ိဳး ေတြႀကဳံရတတ္ပါတယ္။ ဒီအပတ္ထဲ အိမ္ပူေနတာေတြ၊ အိမ္တြင္းေရး မေျပလည္တာေတြရွိရင္ ညႇိႏႈိင္းေဆာင္႐ြက္လို႔ အဆင္ေျပပါလိမ့္မယ္။ ေငြရွာလြယ္ေပမဲ့ အသုံးအစြဲ အကုန္အက်ေလးေတြ မ်ားေနတတ္ပါတယ္။

လူမႈေရးကိစၥေတြ မွာ ကူညီခြင့္ေတြ၊ လႉဒါန္းခြင့္ေတြ ရလာတတ္ပါတယ္။ သားသမီးေတြအတြက္ စိတ္ခ်မ္းသာစရာ သတင္းစကားေတြ ၾကားရတတ္ပါတယ္။ က်က္သေရ မဂၤလာႏွင့္ျပည့္စုံေသာ ဘာသာေရး ကိုးကြယ္ရာပစၥည္းမ်ား ဝင္လာရင္ ကံအလြန္ ေကာင္းတတ္ပါတယ္။ စီးပြားေရးကိစၥေတြမွာေတာ့ ဆရာသမားေတြနဲ႔ စပ္ၿပီးလုပ္တဲ့အလုပ္ေတြ အဆင္မေျပျဖစ္ရ တတ္ပါတယ္။

က်န္းမာေရးကေတာ့ အညံ့မရွိသေလာက္ နည္းပါတယ္။ လက္ရွိ က်န္းမာေရး အားနည္းသူေတာင္ ေဆးေကာင္းေတြ႕ၿပီး နလန္ျပန္ထလာႏိုင္ပါတယ္။ အခ်စ္ေရးမွာေတာ့ အရာရာ ပူဆာေနတဲ့ခ်စ္သူေၾကာင့္ ေငြကုန္ေနရ တတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့စိတ္ခ်မ္းသာစရာ မ်ားပါတယ္။ အိမ္ေထာင္ဘက္နဲ႔ နားလည္မႈရွိရွိ ေရွ႕ဆက္ ႏိုင္ပါလိမ့္မယ္။ ပညာေရးကံကေတာ့ အားနည္းခ်က္ မ်ားပါတယ္။

အက်ိဳးေပးဂဏန္း 1 2 8

အထူးေဟာ အကူအညီ အေထာက္အပံ့ ေပါမ်ားမယ္

ယၾတာ ပုစြန္ေၾကာ္ ဘုရားကပ္လႉေပးပါ

ၾကာသပေတး

တစ္ခါတေလ ေတြးထားတာေတြမျဖစ္ဘဲ မရည္႐ြယ္တာေတြ ျဖစ္လာတတ္တဲ့ ကာလပါပဲ။ မထင္မွတ္တဲ့ အေျပာင္းအလဲေတြ ႀကဳံလာရတတ္ပါတယ္။ ထိုေျပာင္းလဲျခင္းက အခ်ိဳ႕သူေတြအတြက္ ေကာင္းေသာေျပာင္းလဲျခင္း ျဖစ္ေပမဲ့ အခ်ိဳ႕အတြက္ ဆိုးဖို႔ျဖစ္လာႏိုင္ပါတယ္။ ၿဂိဳဟ္တူေတြ ပူးေနတဲ့ အခ်ိန္ကာလျဖစ္တာမို႔ ကံၾကမၼာအတိုင္း မီးစင္ၿပီးကဖို႔ လိုပါတယ္။ စိတ္ထဲထင္ရာလုပ္ေလ အမွားမ်ားေလ ႀကဳံရတတ္ပါတယ္။ ေငြေၾကးစီမံခန႔္ခြဲႏိုင္မႈ ကိုယ္ တိုင္ကအားနည္းတတ္ပါတယ္။

ေငြကို မသုံးသင့္တဲ့ ေနရာမွာ သုံးမိေနၿပီးေတာ့ သုံးသင့္တဲ့ေနရာမွာေတာ့ မသုံးမိျဖစ္ ေနတတ္ပါတယ္။ ႀကီးပြားတိုးတတ္ေရးကိစၥေတြမွာ ျဖတ္လမ္းလိုက္တာ၊ ေအာက္ဆိုက္ရွာတာ ေလာင္းကစားလုပ္ တာမ်ိဳးေတြ အထူးေရွာင္ပါ။ ေငြကို လူငယ္ေတြအေနနဲ႔ အေပ်ာ္အပါးအတြက္ သုံးတာမ်ိဳး အထူးေရွာင္လိုက္ ေစခ်င္ပါ တယ္။ ခင္မင္သူေတြ ရင္းႏွီးသူေတြဆီက အကူအညီေတြ ရလာတတ္ပါတယ္။

အလုပ္ရွာေနသူမ်ား အင္တာဗ်ဴးေအာင္ၿပီးအလုပ္ရတတ္ပါတယ္။ အခ်စ္ေရးအတြက္ ေကာင္းေသာ အေတြးအေခၚ အျမင္သစ္ေတြ ရလာမယ္။ ခ်စ္သူေပၚ ေကာင္းေသာအျမင္ေတြ ရလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာလဲ အဆင္မေျပတဲ့ အိမ္ေထာင္ေရးေသာကေတြ ျပန္လည္ ေျပလည္ခြင့္ ရလာႏိုင္ပါတယ္။ က်န္းမာေရးမွာေတာ့ ဂ႐ုစိုက္ရမယ္။ ဝမ္းဗိုက္၊ အစာအိမ္၊ အဆုတ္ ၊အသည္းအားနည္းခ်ိန္ပါ။

အက်ိဳးေပးဂဏန္း 2 3 5

အထူးေဟာ မထင္မွတ္တာေတြ ျဖစ္လာလိမ့္မယ္။

ယၾတာ ကန္စြန္း႐ြက္ေၾကာ္နဲ႔ ဘုရားဆြမ္းကပ္ပါ

ေသာၾကာ

ဒီကာလအတြင္း မိမိအတြက္ ဆိုင္အထား အသိုေျပာင္းျခင္း၊ ေနရာထိုင္ခင္း ျပင္ဆင္ျခင္းေတြ အထူးအေလးေပး ေဆာင္႐ြက္ ႏိုင္ပါတယ္။ မိသားစုအတြင္း က်န္းမာေရး ညံ့တာမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။ ျပႆနာေတြ ရႈပ္ေထြးေနေပမဲ့ ေျဖရွင္းႏိုင္ပါလိမ့္မယ္။ မေရရာနဲ႔ အခ်ိန္ကုန္လူပန္း မျဖစ္ေအာင္ေတာ့ မိမိကိုယ္တိုင္ သတိထားရပါလိမ့္မယ္။ မိမိရဲ႕က်န္းမာေရးကေတာ့ ဒီကာလမွာ ေျခ ေထာက္၊ ခါးနဲ႔ ပတ္သက္ၿပီး ဥပဒ္ ျဖစ္လြယ္ပါတယ္။

ပစၥည္းအလဲ အထပ္ေတြေဆာင္႐ြက္ႏိုင္သလို အေရာင္းအဝယ္ကိစၥ ေတြကိုလဲ အထူးပဲ အေရးေပးေဆာင္႐ြက္ ႏိုင္ပါတယ္။ စီးပြားေရး လုပ္ကိုင္ရာမွာေတာ့ မိမိကိုယ္တိုင္နားလည္ဖို႔လို ပါတယ္။ ဟုန္းကနဲထၿပီး မေအာင္ျမင္ႏိုင္ပါဘူး။ အခ်ိန္ ယူႀကိဳးစား ရလိမ့္မယ္။ ဘာမွ လြယ္လြယ္မရပါဘူး၊ ဇြဲေတာ့ မေလွ်ာ့လိုက္ပါနဲ႔။ စီးပြားေရးကံက ဒီကာလ ေကာင္းပါ တယ္။ ဒါေပမဲ့ စိတ္ရွည္ဖို႔လိုတယ္လို႔ ေျပာခ်င္တာပါ။

အခ်စ္ေရး ကိစၥေတြ အဆင္ေျပႏိုင္ပါတယ္။ ခ်စ္သူကို ပိုးပန္း ေနသူမ်ား အေျခအေန ရလဒ္ေတြ ေကာင္းပါလိမ့္မယ္။ အိမ္ေထာင္ေရး ကိစၥေတြမွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ စကားမ်ား ရန္မျဖစ္ဖူးသူေတြ ေတာင္ ကေတာက္ကဆေတြ မ်ားေနရတတ္ပါတယ္။ ပညာေရးကံ ေကာင္းပါတယ္။ ဆရာသမားေတြရဲ႕ ဂ႐ုစိုက္သင္ ျပမႈကိုလဲ ရရွိပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3 4 8

အထူးေဟာ ေျဖးေျဖး ေအးေအးသာ ေဆာင္႐ြက္လိုက္ပါ

ယၾတာ စတုမတု လူႀကီးသူမတစ္ဦးကို လႉလိုက္ပါ

စေန

ဒီကာလလအတြင္း အိမ္နီးခ်င္းေတြနဲ႔ မသင့္မတင့္ ျဖစ္ရတတ္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လဲ အားကိုးစရာ မိမိသာ ရွိပါတယ္။ ေအာက္လက္ငယ္သားေတြကို အားကိုးလို႔မရပါဘူး။ ပတ္ဝန္း က်င္မွာ လုပ္ငန္းၿပိဳင္ေတြရွိ ေနမယ္ဆိုရင္ေတာ့ ပိုမိုစိတ္ညစ္ ရတတ္ပါတယ္။ မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း အထင္ျမင္လြဲစရာမ်ား ေပၚ ေပါက္လာ တတ္ပါတယ္။

အေျခအေနနဲ႔ အခ်ိန္အခါကို ေစာင့္ဆိုင္းလုပ္ကိုင္ျခင္းေတြ၊ လုပ္ ငန္းသစ္မ်ားအတြက္ ႀကိဳတင္ျပင္ဆင္ျခင္းမ်ားကို ဦးစားေပးေဆာင္႐ြက္ႏိုင္ပါတယ္။ အတိုက္အခံေတြမ်ားေနတတ္ ပါတယ္။ တရားသျဖင့္ ပဲျပန္လည္တုန႔္ျပန္တတ္ဖို႔လိုပါတယ္။ အေဝးေရာက္ မိတ္ေဆြေတြက မိမိကိုဒုကၡေပးတာမ်ိဳး ေတြခံရတတ္ပါတယ္။ က်န္းမာေရး ညံ့ဖ်င္းႏိုင္တာမ်ိဳးေတာ့ ေတြ႕ရပါတယ္။ အစားမွား၊ ေဆးမွား၊ ျဖစ္လြယ္ပါတယ္။ ေရာဂါအေျဖတစ္ခုထဲကို ေကာက္ ခ်က္ခ်ၿပီး ေဆးစားတာမ်ိဳး မလုပ္ပါနဲ႔။

အခ်စ္ေရးေတြမွာေတာ့ ခ်စ္သူနဲ႔ေဝးေနရတဲ့အခ်ိန္က ပိုမ်ားပါတယ္။ ေတြ႕ဖို႔ဆုံဖို႔ ခက္ခဲတတ္ပါတယ္။ အိမ္ေထာင္ေရးကံ ေကာင္းေနပါလိမ့္မယ္။ အိမ္ေထာင္ေရး သာယာအဆင္ေျပပါ လိမ့္မယ္။ အိမ္ေထာင္ ဘက္ထံမွ အကူအညီေတြ ေကာင္းစြာ ရရွိပါလိမ့္မယ္။ ပညာေရးကေတာ့ ဒါေပမဲ့ မိမိကိုယ္တိုင္ ကသင္ယူလိုစိတ္ေတြ၊ သင္ၾကားလိုစိတ္ေတြေလ်ာ့ရဲေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 4 5 0

အထူးေဟာ စီးပြားေရး ကိုယ္တိုင္ကိုယ္က်သာ လုပ္ပါ

ယၾတာ ေျပာင္းဖူးေၾကာ္ ဘုရားကပ္ပါ

၇ရက္ သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Post a Comment

0 Comments