မိန်းကလေးတွေ အရမ်းချစ်မိသွားရင် ဒီလိုလေးတွေ လုပ်တတ်တယ်

အရမ်းနဲ့ချစ်မိသွားတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ရဲ့သူငယ်ချင်းတွေ ဘယ်လောက်ပဲ နားချပေမယ့် နားဝင်မှာ မဟုတ်တော့ဘူး ။ ကိုယ်ချစ်တဲ့သူကို မကောင်းဘူး ပြောနေလည်း မသိချင်ထောင် ထောင်သွားနိုင်တယ် ။

အရမ်းကို ချစ်မိသွားတဲ့ မိန်းကလေး တစ်ယောက်ဟာ ကိုယ်လက်တွဲသွားမယ့် ချစ်သူ ဘယ်လောက်ထိ မပြည့်စုံတာ သိထားလည်း အတူတူ ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက် ချသွားနိုင်တယ် ။ ကိုယ်ချစ်တဲ့သူက ဘယ်လောက်ပဲ ကိုယ့်ကို အနိုင်ယူပါစေ အပြုံးလေးနဲ့ သည်းခံခွင့်လွှတ် နိုင်သွားတယ် ။


အရမ်း ချစ်မိသွားတဲ့ မိန်းကလေး တစ်ယောက်ဟာ ကိုယ့်အတွက် ဆိုတာကို မေ့ပီး သူ့အတွက် ဆိုတာကို ဖြည့်ဆည်းပေးဖို့ပဲ တွေးနေမိတော့တာ ။

ပိုဆိုးတာက သူ့ကို လွမ်းလိုက်တာ ဆိုတဲ့ စကားလေးတစ်ခွန်း ကြောင့်နဲ့တင် တခဏအတွင်းမှာ မျက်ရည် ကျတတ်သွားတာ ။

အရမ်းချစ်တတ်တဲ့ မိန်းကလေးဆိုတာ ရှိတော့ရှိတယ် ။ ဒါမယ့် ရှားတယ် ။ သင်ပိုင်ဆိုင်ထားရင်သာ ဆင်းရဲရဲ ချမ်းသာသာ လက်လွှတ်ဖို့ မကြိုးစားပါနဲ့ ။

ဘဝမှာ တကြိမ်တခါလောက်ပဲ ဖြစ်ခွင့်ရှိတဲ့ ကံကောင်းတဲ့ အခွင့်အရေးဆိုတာ လူတစ်ယောက်မှာ တကြိမ်လောက်ပဲ ကြုံနိုင်တာမျိုး မဟုတ်ပါလား.. ။

Post a Comment

0 Comments