သူတောင်းစားနဲ့ ဘုန်းကြီး

တနေ့သောအခါ ဘုန်းကြီးကျောင်း တကျောင်းကို လက်တစ်ဖက်တည်း ရှိတဲ့ သူတောင်းစား တယောက် ရောက်လာပြီး စားစရာ လာတောင်း စားတယ် ။ အဲ့ဒီမှာ ကျောင်းထိုင် ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင် ဆရာတော် ဆီမှာ စားစရာလေး တောင်းတယ် ။

ဆရာတော်က ဆွမ်းစားဆောင် အရှေ့က အုတ်ပုံကို လက်ညိုး ထိုးပြပြီး “ ဒကာတော် အဲ့ဒီ အုတ်ပုံကို ဆွမ်းစားဆောင် အနောက်ဘက် အရင် ရွေ့ပေးပါအုန်း ” လို့ မိန့်တော်မူတယ် ။ အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ် ။

“ အရှင်ဘုရား.. တပည့်တော်မှာ လက်က တဖက်တည်း ရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ ။ အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လဲ နေပါ ။ တပည့်တော် တခြားမှာပဲ သွားတောင်းစား ပါတော့မယ် ” လို့ပြောပါလေရော ။

ဘုန်းကြီးလည်း ဘာမှ ပြန်မပြောပဲ အုတ်ပုံဆီ လျှောက်သွားပြီး လက်တဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင်နောက်မှာ သွားချတယ် ။ ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတာက.. “ ဒီလို အလုပ်မျိုးက လက်တဖက်တည်းနဲ့လဲ လုပ်လို့ ရတယ် ”

လက်တဖက်ပြတ်နေတဲ့ သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလဲ လိုချင်တာနဲ့ ဘုန်းကြီး ပြောတဲ့အတိုင်း လုပ်ပါလေရော ။ လက်တဖက် တည်းနဲ့ အုတ်ခဲတွေ တခဲချင်း တခဲချင်းစီ ဆွမ်းစားဆောင် နောက်ကို သယ်သွားလိုက်တာ အချိန်အတော်လေးလည်း ကြာရော အုတ်ခဲပုံ တစ်ပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော ။

အဲ့ဒီနောက် ဘုန်းကြီးလည်း ထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ် ။ သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံ တချို့ ထုတ်ပေးတယ် ။

သူတောင်းစားလည်း ပိုက်ဆံရတော့ အရမ်း ဝမ်းသာသွားတယ် ။ ဒါနဲ့ “ ကျေးဇူး တင်လိုက်တာ ဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား ” ဆိုပီး ထိုင်ရှိခိုးရော ။ ဘုန်းကြီးက ပြောတာက “ ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော် ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ ပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစကနေ ရလာတဲ့ ပိုက်ဆံတွေပဲလေ” တဲ့ ။

သူတောင်းစားဟာ သူရဲ့ အစွမ်းအစကနေ ရတဲ့ငွေအတွက် အရမ်း ကြည်နူး ပီတိ ဖြစ်မိတယ် လို့ခံစားရတယ် ။ “ တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား ” ဆိုပြီး ဘုန်းကြီး ကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ် ။

နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစား တယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ် လာတောင်းစားတယ် ။ ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင် နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး “ ဒီအုတ်ပုံ ကို ဆွမ်းစာဆောင် အရှေ့ အရင် ရွေ့ပေးပါအုန်း ” လို့ ပြောတယ် ။

ဒါပေမဲ့ ခြေလက်အကောင်း နဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာကို စိတ်မဝင်စားပါဘူး ။ “ ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး ။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့ ” လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွားတော့ တယ် ။

ကျောင်းထဲက သံဃာတော်တွေ အဲ့တာတွေကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေး ကြတယ် ။ “ အရင် တခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ ခိုင်းတယ် ။ ခုတခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ် ။ တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား ” ။

ဘုန်းကြီးက သံဃာတော်တွေကို ပြန်ပြောပြတာကတော့ “ အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲ နေနေ နောက်မှာပဲနေနေ မထူးခြားပါဘူး ။ အတူတူ ပါပဲ ။ ထူးခြားတာက အဲ့ဒီ သူတောင်းစားတွေ အတွက် ရွှေ့မယ် မရွှေ့ဘူး ဆိုတာ လေးပါပဲ ” တဲ ။

အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ် ။ တနေ့မှာ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတစ်ယောက် ကျောင်းမှာ အလှုလာလုပ်တယ် ။ အဲ့ဒီလူဟာ လက်တဖက်ပဲ ရှိတယ်။ တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တစ်ဖက်ပြတ်နဲ့ သူတောင်းစားပါပဲ ။

သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ခွင့် ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာ ရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိ နားလည်သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစား လုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက် လာစေနိုင်ခဲ့တော့တာ ပါပဲ ။

( မိမိကိုယ်ကို ယုံကြည် ၊ ကိုယ့်ရဲ့တန်ဖိုးကိုကိုယ် သိတတ်ပြီး ကိုယ့်အားကိုယ်ကိုး တတ်ခြင်းဟာ လူဖြစ်ရခြင်းရဲ့ အရေးအကြီးဆုံး အခြေခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ် )

လွပ်လပ်မှု ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ် ။ ကိုယ်ကသာ ရွေးချယ်မလား ဆိုတာ မူတည်သွားတာပါ ။

မန္တလေးစာကြည့်တိုက်

for zawgyi

သူေတာင္းစားနဲ႔ ဘုန္းႀကီး

တေန႔ေသာအခါ ဘုန္းႀကီးေက်ာင္း တေက်ာင္းကို လက္တစ္ဖက္တည္း ရွိတဲ့ သူေတာင္းစား တေယာက္ ေရာက္လာၿပီး စားစရာ လာေတာင္း စားတယ္ ။ အဲ့ဒီမွာ ေက်ာင္းထိုင္ ဘုန္းႀကီးနဲ႔ တိုးေတာ့ ေက်ာင္းထိုင္ ဆရာေတာ္ ဆီမွာ စားစရာေလး ေတာင္းတယ္ ။

ဆရာေတာ္က ဆြမ္းစားေဆာင္ အေရွ႕က အုတ္ပုံကို လက္ညိဳး ထိုးျပ ၿပီး “ ဒကာေတာ္ အဲ့ဒီ အုတ္ပုံကို ဆြမ္းစားေဆာင္ အေနာက္ဘက္ အရင္ ေ႐ြ႕ေပးပါအုန္း ” လို႔ မိန႔္ေတာ္မူတယ္ ။ အဲ့ေတာ့ လက္ျပတ္ သူေတာင္းစားက ဘုန္းႀကီးကို မေက်မနပ္နဲ႔ ေျပာတယ္ ။

“ အရွင္ဘုရား.. တပည့္ေတာ္မွာ လက္က တဖက္တည္း ရွိတာ ဘယ္လိုလုပ္ၿပီး ဒီအုပ္ပုံကို ေ႐ြ႕ႏိုင္မွာလဲ ။ အရွင္ဘုရား ဆြမ္းက်န္ ဟင္းက်န္ေလးေတာင္ မစြန႔္ ေပးခ်င္လဲ ေနပါ ။ တပည့္ေတာ္ တျခားမွာပဲ သြားေတာင္းစား ပါေတာ့မယ္ ” လို႔ေျပာပါေလေရာ ။

ဘုန္းႀကီးလည္း ဘာမွ ျပန္မေျပာပဲ အုတ္ပုံဆီ ေလွ်ာက္သြားၿပီး လက္တဖက္တည္းနဲ႔ အုတ္ခဲကို မၿပီး ဆြမ္းစားေဆာင္ေနာက္မွာ သြားခ်တယ္ ။ ၿပီးေတာ့မွ ေလသံေအးေအးနဲ႔ ေျပာတာက.. “ ဒီလို အလုပ္မ်ိဳးက လက္တဖက္တည္းနဲ႔လဲ လုပ္လို႔ ရတယ္ ”

လက္တဖက္ျပတ္ေနတဲ့ သူေတာင္းစားလည္း ဗိုက္ကဆာ စားေသာက္စရာလဲ လိုခ်င္တာနဲ႔ ဘုန္းႀကီး ေျပာတဲ့အတိုင္း လုပ္ပါေလေရာ ။ လက္တဖက္ တည္းနဲ႔ အုတ္ခဲေတြ တခဲခ်င္း တခဲခ်င္းစီ ဆြမ္းစားေဆာင္ ေနာက္ကို သယ္သြားလိုက္တာ အခ်ိန္အေတာ္ေလးလည္း ၾကာေရာ အုတ္ခဲပုံ တစ္ပုံလုံး ေက်ာင္းအေနာက္ ေရာက္သြားပါေလေရာ ။

အဲ့ဒီေနာက္ ဘုန္းႀကီးလည္း ထမင္းဟင္းေတြကို ေကာင္းေကာင္း ျပင္ဆင္ၿပီး ေကြၽးလိုက္တယ္ ။ သူေတာင္းစား ထမင္းစားၿပီးေတာ့ ဘုန္းႀကီးက ပိုက္ဆံ တခ်ိဳ႕ ထုတ္ေပးတယ္ ။

သူေတာင္းစားလည္း ပိုက္ဆံရေတာ့ အရမ္း ဝမ္းသာသြားတယ္ ။ ဒါနဲ႔ “ ေက်းဇူး တင္လိုက္တာ ဘုရား ေက်းဇူးတင္ပါတယ္ အရွင္ဘုရား ” ဆိုပီး ထိုင္ရွိခိုးေရာ ။ ဘုန္းႀကီးက ေျပာတာက “ ဘုန္းဘုန္းကို ေက်းဇူးတင္စရာ မလိုပါဘူး ဒကာေတာ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ အဲ့ဒီ ပိုက္ဆံေတြဟာ ဒကာေတာ္ရဲ႕ အားအင္ အစြမ္းအစကေန ရလာတဲ့ ပိုက္ဆံေတြပဲေလ” တဲ့ ။

သူေတာင္းစားဟာ သူရဲ႕ အစြမ္းအစကေန ရတဲ့ေငြအတြက္ အရမ္း ၾကည္ႏူး ပီတိ ျဖစ္မိတယ္ လို႔ခံစားရတယ္ ။ “ တပည့္ေတာ္ အၿမဲ မွတ္သားထားပါ့မယ္ ဘုရား ” ဆိုၿပီး ဘုန္းႀကီး ကို ေက်းဇူးတင္စြာနဲ႔ ကန္ေတာ့ၿပီး ထြက္ခြာသြားခဲ့ ပါေတာ့တယ္ ။

ေနာက္ထပ္ ေလးငါးရက္ေလာက္ ထပ္ၾကာေတာ့ ေနာက္ထပ္ သူေတာင္းစား တေယာက္က ေက်ာင္းမွာလာၿပီး ဆြမ္းက်န္ထမင္းက်န္ ထပ္ လာေတာင္းစားတယ္ ။ ဘုန္းႀကီးလည္း သူေတာင္းစားကို ဆြမ္းစားေဆာင္ ေနာက္ ေခၚသြားၿပီး အုတ္ပုံကို လက္ညိဳးထိုးျပၿပီး “ ဒီအုတ္ပုံ ကို ဆြမ္းစာေဆာင္ အေရွ႕ အရင္ ေ႐ြ႕ေပးပါအုန္း ” လို႔ ေျပာတယ္ ။

ဒါေပမဲ့ ေျခလက္အေကာင္း နဲ႔ အဲ့ဒီသူေတာင္းစားဟာ ဘုန္းႀကီး ခိုင္းတာကို စိတ္မဝင္စားပါဘူး ။ “ ဆြမ္းက်န္ေလး ေတာင္းစားတာေတာင္ မေကြၽးခ်င္ဘူး ။ လူကိုမ်ား ဟိုခိုင္းလိုက္ ဒီခိုင္းလိုက္နဲ႔ ” လို႔ မေက်မနပ္နဲ႔ ေျပာၿပီး ထြက္ခြာသြားေတာ့ တယ္ ။

ေက်ာင္းထဲက သံဃာေတာ္ေတြ အဲ့တာေတြကို ျမင္ေတာ့ ဘုန္းႀကီးကို ဝိုင္းေမး ၾကတယ္ ။ “ အရင္ တေခါက္တုန္းက အရွင္ဘုရားက ဟိုသူေတာင္းစားကို ဒီအုတ္ပုံႀကီး ဆြမ္းစားေဆာင္ေနာက္ ေ႐ြ႕ ခိုင္းတယ္ ။ ခုတခါက် ဒီသူေတာင္းစားကို ေက်ာင္းေရွ႕ ျပန္ေ႐ြ႕ခိုင္းတယ္ ။ တကယ္တမ္းေတာ့ အရွင္ဘုရားက အုတ္ပုံကို ဘယ္နား ထားေစခ်င္တာလဲ ဘုရား ” ။

ဘုန္းႀကီးက သံဃာေတာ္ေတြကို ျပန္ေျပာျပတာကေတာ့ “ အုတ္ပုံက ဆြမ္းစားေဆာင္ ေရွ႕ မွာပဲ ေနေန ေနာက္မွာပဲေနေန မထူးျခားပါဘူး ။ အတူတူ ပါပဲ ။ ထူးျခားတာက အဲ့ဒီ သူေတာင္းစားေတြ အတြက္ ေ႐ႊ႕မယ္ မေ႐ႊ႕ဘူး ဆိုတာ ေလးပါပဲ ” တဲ ။

အခ်ိန္ကာလေတြ ႏွစ္ခ်ီၿပီး ၾကာသြားခဲ့တယ္ ။ တေန႔မွာ အဝတ္အစား သန႔္သန႔္ျပန႔္ျပန႔္နဲ႔ လူတစ္ေယာက္ ေက်ာင္းမွာ အလႈလာလုပ္တယ္ ။ အဲ့ဒီလူဟာ လက္တဖက္ပဲ ရွိတယ္။ တကယ္တမ္းေတာ့ အဲ့ဒီလူဟာ အရင္တုန္းက ဘုန္းႀကီး အုတ္ပုံေ႐ြ႕ဖို႔ ခိုင္းလိုက္တဲ့ လက္တစ္ဖက္ျပတ္နဲ႔ သူေတာင္းစားပါပဲ ။

သူဟာ ဘုန္းႀကီးနဲ႔ ဆုံေတြ႕ခြင့္ ရခဲ့ၿပီးတဲ့ေနာက္ သူ႔ကိုယ္တြင္းမွာ ရွိတဲ့ သူရဲ႕ တန္ဖိုးကို သိရွိ နားလည္သြားခဲ့ၿပီး သူနဲ႔ သင့္ေတာ္ ေလ်ာက္ပတ္တဲ့ အလုပ္အကိုင္ေတြကို ႀကိဳးစား လုပ္ကိုင္ရင္း ကိုယ့္ကိုယ္ကို အေျခအေန ေကာင္းမြန္ျမင့္တက္ လာေစႏိုင္ခဲ့ေတာ့တာ ပါပဲ ။

( မိမိကိုယ္ကို ယုံၾကည္ ၊ ကိုယ့္ရဲ႕တန္ဖိုးကိုကိုယ္ သိတတ္ၿပီး ကိုယ့္အားကိုယ္ကိုး တတ္ျခင္းဟာ လူျဖစ္ရျခင္းရဲ႕ အေရးအႀကီးဆုံး အေျခခံ အေၾကာင္းအရင္းပဲ ျဖစ္ပါေတာ့တယ္ )

လြပ္လပ္မႈ ဆိုတာ လူတိုင္းအတြက္ ျဖစ္ႏိုင္ပါတယ္ ။ ကိုယ္ကသာ ေ႐ြးခ်ယ္မလား ဆိုတာ မူတည္သြားတာပါ ။

မႏၲေလးစာၾကည့္တိုက္

Post a Comment

0 Comments