ပိုက်ဆံချမ်းသာတယ်ဆိုပီး မကြွားပါနဲ့

သင် ချမ်းသာတယ် ဆိုပြီး မကြွားပါနဲ့။ ဆေးရုံ တက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ အတူတူပဲ ။

သင် အလုပ်ကောင်းတယ် ဆိုပြီး မကြွားပါနဲ့ ။ သင် လဲသွားတဲ့ တစ်နေ့ သင့်ထက် ကောင်းအောင် လုပ်နိုင်တဲ့ လူ တစ်ပုံကြီးပါ ။

သင် အိမ်ကောင်းမှာ နေမှန်း မကြွားပါနဲ့ ။ သင် မရှိတော့ရင် သူများအသိုက် ဖြစ်သွားမှာပဲ ။

သင် ကားကောင်းမှန်း မကြွားပါနဲ့ ။ သင် ထွက်ခွါသွားတဲ့ တစ်နေ့ ၊ ကားသော့က သူများ လက်ထဲ မှာပါ ။

တကယ်လို့ မကြွားရ လို့ မနေနိုင်ခဲ့ဘူး ဆိုရင် သင့်ကျန်းမာရေးကို ကြွားနိုင်အောင် ကြိုးစား စမ်းပါ ။

သူများတွေ အားလုံး သွားကုန်ပြီ ၊ သင်က နေပူစာ လှုံလိုက်၊ လ္ဘက်ရည်ဆိုင် ထိုင်လိုက်နဲ့ ဘဝကို ဇိမ်ခံနိုင် သေးတယ် ။

ဒါကြောင့်မို့လို့ ၊ ကိုယ့်ကိုယ်ကို တန်ဖိုး ထားပါ ။ ကိုယ့်ကိုယ်ကို မြတ်နိူးပါ ။

ခန္ဓာကိုယ်ထဲက ကရိယာ တွေဟာ ပစ္စည်းလဲဖို့ မလွယ်တဲ့ အပြင် ဈေးလည်း ကြီးလွန်းပါတယ် ။ ပြီးရင် ပစ္စည်းက ခဏ ခဏ ပျက်ပါသေးတယ် ။

crd

Post a Comment

0 Comments