ကမ္ဘာပေါ်မှာ ပိုက်ဆံနဲ့ ငွေပေးချေမှုစနစ်က နည်းပါးလာပါပြီ။ ဘယ်ကိုသွားသွား QR code ဖတ်ပြီး ဈေးဝယ်လို့ ရနေပါပြီ။ ဈေးဝယ်သူတွေ အနေနဲ့ ငွေသားကို အမြဲတမ်း ယူသွားစရာ မလိုတော့ပါဘူး။
ဖုန်းထဲမှာ ငွေတွေကို ထည့်သွားလို့ ရနေပါပြီ။ အခုဆိုရင် ဈေးဝယ်သူတွေသာမက တောင်းစားသူ တွေကပါ cashless style ကို စတင်ကျင့်သုံး နေကြပါပြီ။
တရုတ်နိုင်ငံက Fazil Irwan က သူငယ်ချင်းတွေနဲ့ ညစာ ထွက်စားတုန်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို သူ့ရဲ့ page မှာ တင်ခဲ့ပါတယ်။ ညစာသွားစားတဲ့ လမ်းမှာ တောင်းစားသူ တစ်ယောက်က Fazil Irwan ရဲ့ သူငယ်ချင်း တစ်ယောက်ထံကနေ ငွေတောင်းပါတယ်။
အစကတော့ Fazil ရဲ့ သူငယ်ချင်းက ပိုက်ဆံ မပါဘူးလို့ တောင်းစားသူကို ပြောလိုက်ပါတယ်။ အဲဒီအခါ တောင်းစားသူက ပိုက်ဆံမပါလည်း အဆင်ပြေကြောင်းပြောပြီး QR code တစ်ခုကို ချက်ချင်း ထုတ်ပြပါတယ်။
တောင်းစားသူ ဆိုလိုချင်တာကတော့ ပိုက်ဆံမပါရင် WeChat Pay နဲ့ QR code ဖတ်ပြီး ငွေပေးနိုင်တယ် ဆိုတဲ့ သဘောပါ။ အဲဒီတော့ Fazil ရဲ့ သူငယ်ချင်းက တောင်းစားသူကို မဖြစ်မနေ ပိုက်ဆံ ပေးခဲ့ရပါတော့တယ်။
ဒီအဖြစ်အပျက်လေးကတော့ တရုတ်နိုင်ငံမှာ cashless ငွေပေးချေမှုစနစ် ကျယ်ပြန့်လာတဲ့ သဘောပါပဲ။
Zombie (Lovemedia)
Ref - Worldofbuzz
0 Comments