အမျိုးသားတွေက အသက်လေးဆယ်ကျော်ထိ မရင့်ကျက်သေးတဲ့အကြောင်းအရင်း

အမျိုးသားတွေက အရွယ်ရောက်ပြီး နေပေမယ့်လည်း ကလေးတွေလိုပဲ ပြုမူနေထိုင် တတ်တယ်လို့ တချို့တွေက ပြောကြပါတယ်။ စုံတွဲအများစုမှာလည်း အမျိုးသမီးတွေက ပိုပြီးရင့်ကျက်တာကို တွေ့ရပါတယ်။ အဲဒါကြောင့် ပညာရှင်တွေက ဒီအကြောင်းကို သေသေချာချာ သိရအောင် လေ့လာခဲ့ပါတယ်။ လေ့လာပြီးတဲ့အခါ ဇနီးမောင်နှံတွေ ကွာရှင်းရမှုမှာ အမျိုးသားတွေရဲ့ မရင့်ကျက်မှု၊ ကလေးဆန်မှုတွေက ပါဝင်နေပါတယ်။

လူတစ်ယောက်ရဲ ဦးနှောက်ရင့်ကျက်မှုကို နှစ်ပေါင်းများစွာအတွင်း တိုးတက်လာတဲ့ ဉာဏ်ရည်နဲ့ တိုင်းတာတယ်လို့ Oxford တက္ကသိုလ်က ဖော်ပြထားပါတယ်။ ဒီသုတေသနမှာ အသက် 4 နှစ်ကနေ 40 နှစ်အတွင်း လူပေါင်း 121 ယောက် ပါဝင်ခဲ့ပါတယ်။ သုတေသနပညာရှင်တွေက ပါဝင်တဲ့ လူတွေရဲ့ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး လိင်ကွဲပြားမှုပေါ် မူတည်ပြီး ဦးနှောက်လုပ်ဆောင်မှု အဆင့်ဆင့် ပြောင်းသွားပုံကို လေ့လာခဲ့ပါတယ်။

အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးရဲ့ ဦးနှောက်က နေ့စဉ်အလုပ်တွေကို အတူတူ လုပ်ကိုင်ဆောင်ရွက်နေကြပေမယ့် အမျိုးသားတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အမျိုးသမီးတွေစာရင် နှေးတယ်လို့ ပြောပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးရင့်ကျက်တာကို တွေ့ရပါတယ်။ အဲဒါကြောင့် လူ့သက်တမ်းမှာ အမျိုးသားတွေက အသက်လေးဆယ် ကျော်သွားပေမယ့် မရင့်ကျက်ကြသေးပါဘူး။

ပြီးတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်က ပိုပြီး ထက်မြက်တယ်လို့လည်း ပြောပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ဦးနှောက်ပိုကြီးပေမယ့် အမျိုးသမီးတွေက ဉာဏ်ပိုထက်ကြောင်း Namibia တက္ကသိုလ်က ခန္ဓာဗေဒနဲ့ ဆေးဝါးဗေဒပါမောက္ခ Eduardo Calixto က ပြောပါတယ်။

အမျိုးသမီးတွေက အရာဝတ္ထု တော်တော်များများကို ပိုပြီးမှတ်မိနိုင်ပြီး အရောင်နဲ့အနံ့တွေကို အသေးစိတ်မှတ်မိတယ် လို့လည်း ဆိုပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေက အားသာချက်က ဦးနှောက်ဖွံ့ဖြိုးမှုမြန်ပြီး ပိုပြီးရင့်ကျက်တာ ဖြစ်ပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments