ဥပုသ်စောင့်နေတုန်း စားချင်အောင် လာကြော်ငြာတဲ့ McDonald's ကို တရားစွဲခဲ့တဲ့ အမျိုးသမီး

ရုရှားနိုင်ငံက အမျိုးသမီး တစ်ဦးဟာ သူဥပုသ်စောင့်နေတဲ့အချိန် McDonald's က ကြော်ငြာများကို နေရာအနှံ့မှာ ကပ်ထားတာကြောင့် ကုမ္ပဏီကို တရားစွဲဆို ခဲ့ပါတယ်။

Orthodox ဘာသာဝင် ခရစ်ယာန် အမျိူးသမီးဟာ လွန်ခဲ့တဲ့ (၂) နှစ်က တရားစွဲခဲ့တာ ဖြစ်ပါတယ်။ သူမက ဝါတွင်းကာလအတွင်း ဥပုသ်စောင့်ခဲ့ပါတယ်။ သူမ နာမည်ကတော့ Ksenia Ovchinnikova ဖြစ်ပြီး ရုရှားနိုင်ငံ Omsk မှာနေထိုင်ပါတယ်။ သူမကို အစားစားချင်အောင် လုပ်ပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ McDonald's ကို တရားစွဲဆိုခဲ့တာပါ။

ကုမ္ပဏီဟာ စားသုံးသူ ဥပဒေကို ချိူးဖောက်ပြီးတော့ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ ဥပုသ်ကာလမှာ အသား မစားစားချင်အောင် လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ဘာသာဝင်တွေဟာ ဥပုသ်ကာလမှာ အသားနှင့် တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေကို ရှောင်ကျဉ်ရပါတယ်။

သူမရဲ့ ဘာသာရေး ခံယူချက်ကို ပျက်ပြားအောင် လုပ်တဲ့အတွက် ကုမ္ပဏီကိုလည်း လျော်ကြေးအဖြစ် ရူဘယ် ၁၀၀ (၁၄ ဒေါ်လာ) ကိုလည်း တောင်းထားပါသေးတယ်။

သူမရဲ့ တိုင်ကြားချက် ထဲမှာတော့ သူမဥပုသ်စောင့်နေတဲ့ကာလ တစ်လလောက် ရှိပါပြီ။ ဒါပေမယ့်လည်း Omsk လမ်းတစ်လျှောက်ကို သွားရင် McDonald's cheeseburgers နှင့် ကြက်သား McNuggets တွေကိုပဲ တွေ့နေရပါတယ်။ သူမ ဥပုသ်စောင့်ခဲ့တာ (၁၆) နှစ် တိုင်ခဲ့ပါပြီ။ ဘယ်တုန်းကမှ ဒီလိုမဖြစ်ခဲ့ပေမယ့် လမ်းတစ်လျှောက်လုံးက ကြော်ငြာတွေကို ကြည့်ပြီးတော့ သူရဲ့စိတ်ကို မထိန်းနိုင်ခဲ့ပါဘူး။

ဒါကြောင့် McDonald's ရဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ပြီးတော့ ဘာဂါတွေကို မှာစားမိခဲ့ပါတယ်။ ဒီလိုစားလိုက်တာက မှားမှန်းသိပေမယ့် ကြော်ငြာတွေကြောင့် အရမ်း စားမိသွားချင်တာလို့ ပြောပါတယ်။

" McDonald's က စားသုံးသူတွေရဲ့ ခံစားချက်ကို အလေးမထားဘူး၊ ဥပုသ်ကာလမှာတောင် ကြော်ငြာတွေ နေရာတိုင်းမှာ ပြထားတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ဥပုသ်စောင့်လာတာ (၁၆) နှစ်ရှိပြီ။ အခုဟာက McDonald's ရဲ့ ကြော်ငြာကို မြင်ပြီးတော့ စိတ်ကို မထိန်းနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် cheeseburger တစ်ခုကို ဝယ်စားမိခဲ့တယ်။ ဒါကြောင့် ကုမ္ပဏီကို တရားစွဲရတာပါလို့” Ksenia Ovchinnikova က ပြောကြားခဲ့ပါတယ်။

မိတ်ဆွေတို့ အမြင်မှာရော ကုမ္ပဏီက မှားလား၊ အမျိုးသမီးကပဲ မှန်လား ဆိုတာကို ဖြေခဲ့ပေးကြပါဦး။

Zombie (Lovemedia)

Post a Comment

0 Comments