ကိုဗစ်ဗိုင်းရပ်စ်က တစ်ရက်ထက်တစ်ရက် ပျံ့နှံ့လာတဲ့အခါ လူတွေက ရောဂါကူးစက် မခံရအောင် ဂရုစိုက်လာကြပါတယ်။ ဒါတင် မကသေးပါဘူး။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ရောဂါကူးစက်မခံရအောင် ဂရုစိုက်လာကြပါတယ်။
ယခုတွေ့ရတဲ့ ပုံလေးနှစ်ပုံဟာ အင်တာနက် သုံးစွဲသူတွေ ကြားထဲမှာ အလွန် ရေပန်းစားနေပါတယ်။ ဒီဓါတ်ပုံကို တရုတ်နိုင်ငံမှာ ရိုက်ထားတာလား၊ တခြားနိုင်ငံမှာ ရိုက်ထားတာလား ဆိုတာတော့ မသေချာပါဘူး။ ကြောင်ပိုင်ရှင်တစ်ယောက်က သူ့ရဲ့ကြောင်လေးကို အတော် ချစ်ပုံရပါတယ်။
ကြောင်ပိုင်ရှင်က ကြောင်လေးရဲ့ မျက်နှာကို mask တပ်ပေးထားပါတယ်။ အဲဒီ mask က ခွဲစိတ်ခန်းထဲမှာ သုံးတဲ့ mask ဖြစ်တာကြောင့် ကြောင်ရဲ့မျက်နှာနဲ့ အရမ်းကြီးနေပါတယ်။ ဒါပေမယ့် ကြောင်ပိုင်ရှင်က mask ကို ကြောင်ရဲ့မျက်နှာနဲ့ ကွက်တိဖြစ်အောင် လုပ်ပေးလိုက်ပါတယ်။
ဒါတင် မကသေးပါဘူး။ မျက်လုံးအတွက် mask ကို အပေါက်နှစ်ပေါက် ဖောက်ပေးထားလိုက် ပါသေးတယ်။ တော်တော်ကို ချစ်တတ်၊ ကြင်နာတတ်တဲ့ လူသားပါပဲ။
ဒီပုံလေးတွေကို အင်တာနက် အသုံးပြုသူတွေက သဘောကျတာကြောင့် အများကြီး share ကြပါတယ်။ တကယ်တော့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ရောဂါပိုး ကူးစက်မခံရအောင် ကာကွယ်ဖို့က အရေးကြီးပါတယ်။
Zombie (Lovemedia)
0 Comments