လက်ထပ်ခွင့်တောင်းဖို့အတွက် ဂျပန်တစ်နိုင်ငံလုံးကို နှစ်ဝက်လောက် ခရီးသွားခဲ့တဲ့ အမျိူးသား

တစ်ချိန်က လူတွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ စာသားလေးတစ်ခုကတော့ 'မင်းနဲ့နီးစပ်ဖို့ ငါမိုင် (၅၀၀) ကျော် လျှောက်လှမ်းလာခဲ့ပြီ။ မင်းရဲ့ အိမ်တံခါးကို ခေါက်ဖို့အတွက် နောက်ထပ်မိုင် (၅၀၀) ကို ထပ်ဖြတ်သန်းရဦးမယ်' ဆိုတဲ့ စကားလေးပါ။

လွန်ခဲ့တဲ့ (၁၃) နှစ်က လူတစ်ယောက်ဟာ ကောင်မလေးကို Proposal လုပ်ဖို့အတွက် ကီလိုမီတာ (၇၀၀၀) လောက် ခရီးနှင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Yasushi "Yassan" Takahashi ဟာ ဒီလို လုပ်ခဲ့တာကြောင့် ဂင်းနစ်စံချိန် ဝင်ခဲ့ပါတယ်။ သူဟာ စာတန်းလေးတစ်ခုကို ပုံဖော်ဖို့အတွက် နှစ်တစ်ဝက်လောက် ခရီးသွားခဲ့ရပါတယ်။ သူပုံဖော်ခဲ့တဲ့ စာသားလေးကတော့ 'Marry Me' ငါ့ကိုလက်ထပ်ပါ ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့စိတ်ကူးကို ပုံဖော်ဖို့အတွက် အလုပ်ကနေတောင် ထွက်ခဲ့ပါတယ်။ ခရီးစဉ်ကို ပုံဖော်ဖို့အတွက် ဟော့ကိုင်းဒိုးကျွန်းကနေ ကာဂိုရှီးမားကမ်းခြေအထိ သွားခဲ့ပါတယ်။

" ကျွန်တော်က တိုကျိုအပြင်ဘက်ကိုတော့ မသွားခဲ့ပါဘူး။ ဒီလို ပုံဖော်ဖို့အတွက် စာအုပ်တွေ အများကြီးဖတ်ပြီး မြေပုံကိုလည်း တော်တော် လေ့လာခဲ့ရပါတယ်" လို့ ပြောပါတယ်။

သူဟာ ခရီးစဉ်တစ်လျှောက်လုံး ကားထဲမှာအိပ် ကားပေါ်မှာပဲ စားခဲ့တာပါ။ ဆိုးရွားတဲ့ ရာသီဥတု အမျိူးမျိူးကိုလည်း ဖြတ်သန်းခဲ့ရပါသေးတယ်။

" ညဘက်ဆိုရင်တော့ ကားထဲမှာပဲ အိပ်တယ်။ မိုးတွေကလည်း သည်းလိုက်၊ ဆီးနှင်းတွေကလည်း ကျလိုက်၊ ငလျင်တွေ လှုပ်နေတာတောင် ကျွန်တော် လက်မလျှော့ခဲ့ပါဘူးလို့" ပြောထားပါသေးတယ်။

" ခရီးစဉ်ပြီးဆုံးတဲ့အခါမှာတော့ Google Map ကနေ ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ်ကို ပုံဆွဲပြလိုက်တဲ့အခါ ကောင်မလေး ( ယခု ဇနီး) က တော်တော်အံ့ဩသွားတယ်" လို့ ပြောပါတယ်။ တစ်ဆက်တည်းမှာလည်း "မင်းမရှိရင် ဒီအရာတွေကို ကိုယ်မလုပ်နိုင်ဘူး" လို့ ပြောခဲ့ပါသေးတယ်။

ကောင်မလေးကတော့ အံ့ဩခြင်းတွေများစွာနဲ့ ချက်ချင်းကို လက်ခံခဲ့ပါတယ်။ သူဟာ ဒီလို ခရီးသွားခဲ့တာကြောင့် ကောင်မလေး လက်ထပ်တဲ့အပြင် ဂင်းနစ်စံချိန်လဲ ဝင်ခဲ့ပါသေးတယ်။

မိတ်ဆွေတို့ရော သင့်ကောင်မလေးကို လက်ထပ်ဖို့အတွက် ဘယ်လိုပုံဖော်ကြမလဲ။ ဖြေပေးခဲ့ကြပါဦး။

Zombie (Lovemedia)

for zawgyi

လက္ထပ္ခြင့္ေတာင္းဖို႔အတြက္ ဂ်ပန္တစ္ႏိုင္ငံလုံးကို ႏွစ္ဝက္ေလာက္ ခရီးသြားခဲ့တဲ့ အမ်ိဴးသား

တစ္ခ်ိန္က လူေတြၾကားထဲမွာ ေရပန္းစားခဲ့တဲ့ စာသားေလးတစ္ခုကေတာ့ 'မင္းနဲ႔နီးစပ္ဖို႔ ငါမိုင္ (၅၀၀) ေက်ာ္ ေလွ်ာက္လွမ္းလာခဲ့ၿပီ။ မင္းရဲ႕ အိမ္တံခါးကို ေခါက္ဖို႔အတြက္ ေနာက္ထပ္မိုင္ (၅၀၀) ကို ထပ္ျဖတ္သန္းရဦးမယ္' ဆိုတဲ့ စကားေလးပါ။

လြန္ခဲ့တဲ့ (၁၃) ႏွစ္က လူတစ္ေယာက္ဟာ ေကာင္မေလးကို Proposal လုပ္ဖို႔အတြက္ ကီလိုမီတာ (၇၀၀၀) ေလာက္ ခရီးႏွင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Yasushi "Yassan" Takahashi ဟာ ဒီလို လုပ္ခဲ့တာေၾကာင့္ ဂင္းနစ္စံခ်ိန္ ဝင္ခဲ့ပါတယ္။ သူဟာ စာတန္းေလးတစ္ခုကို ပုံေဖာ္ဖို႔အတြက္ ႏွစ္တစ္ဝက္ေလာက္ ခရီးသြားခဲ့ရပါတယ္။ သူပုံေဖာ္ခဲ့တဲ့ စာသားေလးကေတာ့ 'Marry Me' ငါ့ကိုလက္ထပ္ပါ ဆိုတဲ့ စာသားေလးပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕စိတ္ကူးကို ပုံေဖာ္ဖို႔အတြက္ အလုပ္ကေနေတာင္ ထြက္ခဲ့ပါတယ္။ ခရီးစဥ္ကို ပုံေဖာ္ဖို႔အတြက္ ေဟာ့ကိုင္းဒိုးကြၽန္းကေန ကာဂိုရွီးမားကမ္းေျခအထိ သြားခဲ့ပါတယ္။

" ကြၽန္ေတာ္က တိုက်ိဳအျပင္ဘက္ကိုေတာ့ မသြားခဲ့ပါဘူး။ ဒီလို ပုံေဖာ္ဖို႔အတြက္ စာအုပ္ေတြ အမ်ားႀကီးဖတ္ၿပီး ေျမပုံကိုလည္း ေတာ္ေတာ္ေလ့လာခဲ့ရပါတယ္" လို႔ ေျပာပါတယ္။

သူဟာ ခရီးစဥ္တစ္ေလွ်ာက္လုံး ကားထဲမွာအိပ္ ကားေပၚမွာပဲ စားခဲ့တာပါ။ ဆိုး႐ြားတဲ့ ရာသီဥတု အမ်ိဴးမ်ိဴးကိုလည္း ျဖတ္သန္းခဲ့ရပါေသးတယ္။

" ညဘက္ဆိုရင္ေတာ့ ကားထဲမွာပဲ အိပ္တယ္။ မိုးေတြကလည္း သည္းလိုက္၊ ဆီးႏွင္းေတြကလည္း က်လိုက္၊ ငလ်င္ေတြ လႈပ္ေနတာေတာင္ ကြၽန္ေတာ္ လက္မေလွ်ာ့ခဲ့ပါဘူးလို႔" ေျပာထားပါေသးတယ္။

" ခရီးစဥ္ၿပီးဆုံးတဲ့အခါမွာေတာ့ Google Map ကေန ကြၽန္ေတာ္သြားခဲ့တဲ့ ခရီးစဥ္ကို ပုံဆြဲျပလိုက္တဲ့အခါ ေကာင္မေလး ( ယခု ဇနီး) က ေတာ္ေတာ္အံ့ဩသြားတယ္" လို႔ ေျပာပါတယ္။ တစ္ဆက္တည္းမွာလည္း "မင္းမရွိရင္ ဒီအရာေတြကို ကိုယ္မလုပ္ႏိုင္ဘူး" လို႔ ေျပာခဲ့ပါေသးတယ္။

ေကာင္မေလးကေတာ့ အံ့ဩျခင္းေတြမ်ားစြာနဲ႔ ခ်က္ခ်င္းကို လက္ခံခဲ့ပါတယ္။ သူဟာ ဒီလို ခရီးသြားခဲ့တာေၾကာင့္ ေကာင္မေလး လက္ထပ္တဲ့အျပင္ ဂင္းနစ္စံခ်ိန္လဲ ဝင္ခဲ့ပါေသးတယ္။

မိတ္ေဆြတို႔ေရာ သင့္ေကာင္မေလးကို လက္ထပ္ဖို႔အတြက္ ဘယ္လိုပုံေဖာ္ၾကမလဲ။ ေျဖေပးခဲ့ၾကပါဦး။

Zombie (Lovemedia)

Post a Comment

0 Comments