အက်ဆီးဒင့်ကြောင့် အတိတ်မေ့နေတဲ့ ချစ်သူဂျပန်မလေးကို ပြန်ချစ်လာအောင် နေ့တိုင်းကြိုးစားခဲ့တဲ့ ကောင်လေး

" 50 First Dates" ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ လက်တွေ့ဘဝမှာလည်း ရုပ်ရှင်ထဲကလို အဖြစ်အပျက်မျိုးတွေ ရှိပါတယ်။ အသက် 24 နှစ်အရွယ် ဂျပန်မိန်းကလေး Maruyama ဟာ စက်ဘီးစီးရင်း ကားက ဝင်တိုက်သွားပါတယ်။ သတိရလာတဲ့ အခါမှာတော့ ဘာကိုမှ မမှတ်မိတော့ပါဘူး။

သူမဟာ အတိတ်မေ့ရောဂါ ဖြစ်သွားပြီး အရင်မှတ်ဉာဏ်ပြန်ရဖို့ အလားအလာ မရှိဘူးလို့ ဆရာဝန်တွေက ပြောကြပါတယ်။ အင်တာဗျူး တစ်ခုမှာတော့ Maruyama က မယုံနိုင်စရာ အဖြစ်အပျက်ကို မျှဝေခဲ့ပါတယ်။

"ကျွန်မ အက်ဆီးဒင့် ဖြစ်ခဲ့တာကိုလည်း မမှတ်မိဘူး။ အက်ဆီးဒင့် မတိုင်မီက အကြောင်းတွေကိုလည်း မမှတ်မိတော့ဘူး။ ကျွန်မရဲ့မိသားစုအကြောင်း၊ မိသားစု ဆိုတာ ဘာလဲဆိုတာတောင် မမှတ်မိတော့တာပါ။ "အဖေ"နဲ့ "အမေ" ဆိုတဲ့ စကားနှစ်လုံးကိုပဲ သိတော့တယ်"

ပထမနှစ်လကတော့ အလွန့်အလွန်ကို ခက်ခဲပါတယ်။ သူမရဲ့မှတ်ဉာဏ်က ပျောက်သွားတာဖြစ်လို့ အချိန်တိုင်း အိပ်နေပါတယ်။ မနက်နိုးလာရင် ထိန်းမနိုင် သိမ်းမရအောင် ကြောက်လန့်နေပါတယ်။ Maruyama က သူမဘယ်သူလဲ ဆိုတာ၊ ဘယ်လို အိပ်ပျော်သွားလဲ ဆိုတာ မမှတ်မိတော့ပါဘူး။

နောက်ရက်တွေအတွက် ပြန်မှတ်မိနိုင်ဖို့ ဒိုင်ယာရီ ရေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးပါတယ်။ ဒိုင်ယာရီထဲမှာ သူမရဲ့နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ မွေးနေ့ စတဲ့ အသေးစိတ်အချက်တွေကို ထည့်ရေးထားတယ်လို့ Maruyama က ပြောပြပါတယ်။

"နေ့တိုင်း ထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာပဲ နိုးလာရတယ်။ ကျွန်မရဲ့အမေက မနက်တိုင်းလာနှိုးတယ်။ မှတ်ဉာဏ်တွေ ပျောက်ဆုံးခဲ့ရတယ်" လို့ ဒိုင်ယာရီထဲမှာ ရေးထားပါတယ်။

အတိတ်မေ့နေတဲ့ ကာလမှာ ဘာမှ ခံစားလို့မရဘဲ တစ်နေကုန် အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်နေတယ်လို့ Maruyama က ပြောပါတယ်။ သူမရဲ့မိဘတွေကတော့ ပြန်မှတ်မိလာဖို့ ဓာတ်ပုံအဟောင်းတွေပြပြီ ကြိုးစားပါတယ်။ ဒါပေမယ့် မောတာကလွဲပြီး ဘာမှထူးမလာပါဘူး။ ကြေကွဲစရာကောင်းတာကတော့ သူမနဲ့ စေ့စပ်ထားတဲ့ အမျိုးသား Oh Huaya ကို မမှတ်မိတော့တာပါ။

Liနဲ့ Maruyama က လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက တွေ့ခဲ့ကြတာပါ။ အက်ဆီးဒင့်မဖြစ်ခင် ငါးလအလိုကတည်းက သူတို့နှစ်ယောက်က စေ့စပ်ထားပြီး လက်ထပ်ဖို့တောင် စီစဉ်ထားတာပါ။ Maruyama က ရက်စွဲကိုတောင် မှတ်ထားပါသေးတယ်။

" Liက နေ့တိုင်း သူ့ကိုယ်သူ ပြန်မိတ်ဆက်ဖို့ ကျွန်မကို ဖုန်းခေါ်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘာမှ မမှတ်မိဘူး။ သူကတော့ နေ့တိုင်း ဖုန်းဆက်ပြီး မိတ်ဆက်တယ်"

Maruyama က ဒိုင်ယာရီကို နေ့တိုင်းကြည့်ပေမယ့် နောက်နေ့တွေဆိုရင် Li အပေါ် သူစိမ်းတစ်ယောက်လို ဖြစ်သွားပါတယ်။

" ကျွန်မအိပ်တော့မယ် ဆိုရင် သူ့ကို မေ့သွားတော့မှာပဲ " လို့ Li က ပြောတယ်။ " ရှင်က နှောင့်ယှက်မယ့်သူလား ဒါမှမဟုတ် သူငယ်ချင်းလား " လို့ ကျွန်မမေးလိုက်သေးတယ်။ သူခံစားနေရပေမယ့် ကျွန်မရဲ့သူငယ်ချင်းပါလို့ ဖြေပါတယ်။ နောက်ပြီး သူ့ကိုယ်သူ ပြန်မိတ်ဆက်ပြန်ပါတယ်"

အစကတော့ Li အတွက် အခက်အခဲဖြစ်စေလို့ Maruyama က လမ်းခွဲဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဘာမှ မမှတ်မိတော့လို့ လူသစ်တစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။

" တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို မင်း မေ့ချင်မေ့နေလိမ့်မယ်။ ဒါပေမယ့် အမှတ်တရ အသစ်တွေကို အတူဖန်တီးလို့ ရပါတယ်။ မင်းရဲ့အရင်ပုံစံကော၊ အခုပုံစံကိုကော သဘောကျတယ်" လို့ Maruyama က လမ်းခွဲစကားပြောတဲ့အခါ Li က ပြန်ဖြေခဲ့ပါတယ်။ Li က စကားအမြဲတမ်း ပြောပေးနေတဲ့ တစ်ယောက်တည်းသောသူလို့ Maruyama က ပြောပါတယ်။

ဒီလို စကားပြောပေးခြင်းက ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကို ပြန်လည်ရှာတွေ့စေပါတယ်။ နောက်နှစ်လမှာတော့ အခြေအနေ တိုးတက်လာပါတယ် ။ မနက်ဆိုရင် မှတ်ဉာဏ်တွေ ပြန်သတိရလာဖို့ အကြာကြီး မကြိုးစားရတော့ပါဘူး။ အခုဆိုရင် Li ကို မှတ်မိလာပါပြီ။ သူမအတွက် Li ရဲ့ အနစ်နာခံမှုတွေကိုလည်း မှတ်မိလာပါပြီ။

Maruyama က Li ကို တစ်ဖန်ပြန်ချစ်သွားပြီး Li အံဩသွားအောင် ဘုရားကျောင်းတစ်ခုမှာ လက်ထပ်ခွင့်တောင်းမယ် လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် Maruyama က Li ကို သတင်းဆိုးတစ်ခု ပြောပြလိုက်ပါတယ်။

"မကြာခင်မှာပဲ တော်တော် ဆိုးဆိုးဝါးဝါး ခေါင်းကိုက်လာတယ် ။ ကျွန်မရဲ့အတိတ်မေ့ရောဂါက ပိုဆိုးလာနိုင်တယ် လို့ ဆရာဝန်တွေက ပြောကြတယ်။ ကျွန်မရဲ့မှတ်ဉာဏ်က ပြန်ပျောက်သွားပြီး ပြန်မှတ်မိလာဖို့ 50% ပဲ အခွင့်အရေးရှိပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်မနဲ့အတူ ရှိနေချင်သေးလား"

LI က " ရှိပေးမှာပေါ့" လို့ ပြန်ဖြေလိုက်ပါတယ်။ အခုတော့ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပါပြီ။

Zombie (Lovemedia)

Ref - Worldofbuzz

for zawgyi

အက္ဆီးဒင့္ေၾကာင့္ အတိတ္ေမ့ေနတဲ့ ခ်စ္သူဂ်ပန္မေလးကို ျပန္ခ်စ္လာေအာင္ ေန႔တိုင္းႀကိဳးစားခဲ့တဲ့ ေကာင္ေလး

" 50 First Dates" ဆိုတဲ့ ႐ုပ္ရွင္ကို ၾကည့္ဖူးၾကမယ္ ထင္ပါတယ္။ လက္ေတြ႕ဘဝမွာလည္း ႐ုပ္ရွင္ထဲကလို အျဖစ္အပ်က္မ်ိဳးေတြ ရွိပါတယ္။ အသက္ 24 ႏွစ္အ႐ြယ္ ဂ်ပန္မိန္းကေလး Maruyama ဟာ စက္ဘီးစီးရင္း ကားက ဝင္တိုက္သြားပါတယ္။ သတိရလာတဲ့ အခါမွာေတာ့ ဘာကိုမွ မမွတ္မိေတာ့ပါဘူး။

သူမဟာ အတိတ္ေမ့ေရာဂါ ျဖစ္သြားၿပီး အရင္မွတ္ဉာဏ္ျပန္ရဖို႔ အလားအလာ မရွိဘူးလို႔ ဆရာဝန္ေတြက ေျပာၾကပါတယ္။ အင္တာဗ်ဴး တစ္ခုမွာေတာ့ Maruyama က မယုံႏိုင္စရာ အျဖစ္အပ်က္ကို မွ်ေဝခဲ့ပါတယ္။

"ကြၽန္မ အက္ဆီးဒင့္ ျဖစ္ခဲ့တာကိုလည္း မမွတ္မိဘူး။ အက္ဆီးဒင့္ မတိုင္မီက အေၾကာင္းေတြကိုလည္း မမွတ္မိေတာ့ဘူး။ ကြၽန္မရဲ႕မိသားစုအေၾကာင္း၊ မိသားစု ဆိုတာ ဘာလဲဆိုတာေတာင္ မမွတ္မိေတာ့တာပါ။ "အေဖ"နဲ႔ "အေမ" ဆိုတဲ့ စကားႏွစ္လုံးကိုပဲ သိေတာ့တယ္"

ပထမႏွစ္လကေတာ့ အလြန႔္အလြန္ကို ခက္ခဲပါတယ္။ သူမရဲ႕မွတ္ဉာဏ္က ေပ်ာက္သြားတာျဖစ္လို႔ အခ်ိန္တိုင္း အိပ္ေနပါတယ္။ မနက္ႏိုးလာရင္ ထိန္းမႏိုင္ သိမ္းမရေအာင္ ေၾကာက္လန႔္ေနပါတယ္။ Maruyama က သူမဘယ္သူလဲ ဆိုတာ၊ ဘယ္လို အိပ္ေပ်ာ္သြားလဲ ဆိုတာ မမွတ္မိေတာ့ပါဘူး။

ေနာက္ရက္ေတြအတြက္ ျပန္မွတ္မိႏိုင္ဖို႔ ဒိုင္ယာရီ ေရးသင့္တယ္လို႔ ဆရာဝန္ေတြက အႀကံေပးပါတယ္။ ဒိုင္ယာရီထဲမွာ သူမရဲ႕နာမည္၊ လိပ္စာ၊ ဖုန္းနံပါတ္နဲ႔ ေမြးေန႔ စတဲ့ အေသးစိတ္အခ်က္ေတြကို ထည့္ေရးထားတယ္လို႔ Maruyama က ေျပာျပပါတယ္။

"ေန႔တိုင္း ထူးဆန္းတဲ့ ပတ္ဝန္းက်င္မွာပဲ ႏိုးလာရတယ္။ ကြၽန္မရဲ႕အေမက မနက္တိုင္းလာႏႈိးတယ္။ မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးခဲ့ရတယ္" လို႔ ဒိုင္ယာရီထဲမွာ ေရးထားပါတယ္။

အတိတ္ေမ့ေနတဲ့ ကာလမွာ ဘာမွ ခံစားလို႔မရဘဲ တစ္ေနကုန္ အိမ္မွာ ဘာမွမလုပ္ဘဲ ထိုင္ေနတယ္လို႔ Maruyama က ေျပာပါတယ္။ သူမရဲ႕မိဘေတြကေတာ့ ျပန္မွတ္မိလာဖို႔ ဓာတ္ပုံအေဟာင္းေတြျပၿပီ ႀကိဳးစားပါတယ္။ ဒါေပမယ့္ ေမာတာကလြဲၿပီး ဘာမွထူးမလာပါဘူး။ ေၾကကြဲစရာေကာင္းတာကေတာ့ သူမနဲ႔ေစ့စပ္ထားတဲ့ အမ်ိဳးသား Oh Huaya ကို မမွတ္မိေတာ့တာပါ။

Liနဲ႔ Maruyama က လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ကတည္းက ေတြ႕ခဲ့ၾကတာပါ။ အက္ဆီးဒင့္မျဖစ္ခင္ ငါးလအလိုကတည္းက သူတို႔ႏွစ္ေယာက္က ေစ့စပ္ထားၿပီး လက္ထပ္ဖို႔ေတာင္ စီစဥ္ထားတာပါ။ Maruyama က ရက္စြဲကိုေတာင္ မွတ္ထားပါေသးတယ္။

" Liက ေန႔တိုင္း သူ႔ကိုယ္သူ ျပန္မိတ္ဆက္ဖို႔ ကြၽန္မကို ဖုန္းေခၚပါတယ္။ ဒါေပမယ့္ ကြၽန္မ ဘာမွ မမွတ္မိဘူး။ သူကေတာ့ ေန႔တိုင္း ဖုန္းဆက္ၿပီး မိတ္ဆက္တယ္"

Maruyama က ဒိုင္ယာရီကို ေန႔တိုင္းၾကည့္ေပမယ့္ ေနာက္ေန႔ေတြဆိုရင္ Li အေပၚ သူစိမ္းတစ္ေယာက္လို ျဖစ္သြားပါတယ္။

" ကြၽန္မအိပ္ေတာ့မယ္ ဆိုရင္ သူ႔ကို ေမ့သြားေတာ့မွာပဲ " လို႔ Li က ေျပာတယ္။ " ရွင္က ေႏွာင့္ယွက္မယ့္သူလား ဒါမွမဟုတ္ သူငယ္ခ်င္းလား " လို႔ ကြၽန္မေမးလိုက္ေသးတယ္။ သူခံစားေနရေပမယ့္ ကြၽန္မရဲ႕သူငယ္ခ်င္းပါလို႔ ေျဖပါတယ္။ ေနာက္ၿပီး သူ႔ကိုယ္သူ ျပန္မိတ္ဆက္ျပန္ပါတယ္"

အစကေတာ့ Li အတြက္ အခက္အခဲျဖစ္ေစလို႔ Maruyama က လမ္းခြဲဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္။ ဘာမွ မမွတ္မိေတာ့လို႔ လူသစ္တစ္ေယာက္လို ျဖစ္ေနခဲ့ပါတယ္။

" တို႔ႏွစ္ေယာက္ရဲ႕ အမွတ္တရေတြကို မင္း ေမ့ခ်င္ေမ့ေနလိမ့္မယ္။ ဒါေပမယ့္ အမွတ္တရ အသစ္ေတြကို အတူဖန္တီးလို႔ ရပါတယ္။ မင္းရဲ႕အရင္ပုံစံေကာ၊ အခုပုံစံကိုေကာ သေဘာက်တယ္" လို႔ Maruyama က လမ္းခြဲစကားေျပာတဲ့အခါ Li က ျပန္ေျဖခဲ့ပါတယ္။ Li က စကားအၿမဲတမ္း ေျပာေပးေနတဲ့ တစ္ေယာက္တည္းေသာသူလို႔ Maruyama က ေျပာပါတယ္။ ဒီလို စကားေျပာေပးျခင္းက ေပ်ာ္႐ႊင္မႈရဲ႕အဓိပၸါယ္ကို ျပန္လည္ရွာေတြ႕ေစပါတယ္။

ေနာက္ႏွစ္လမွာေတာ့ အေျခအေန တိုးတက္လာပါတယ္ ။ မနက္ဆိုရင္ မွတ္ဉာဏ္ေတြ ျပန္သတိရလာဖို႔ အၾကာႀကီး မႀကိဳးစားရေတာ့ပါဘူး။ အခုဆိုရင္ Li ကို မွတ္မိလာပါၿပီ။ သူမအတြက္ Li ရဲ႕ အနစ္နာခံမႈေတြကိုလည္း မွတ္မိလာပါၿပီ။ Maruyama က Li ကို တစ္ဖန္ျပန္ခ်စ္သြားၿပီး Li အံဩသြားေအာင္ ဘုရားေက်ာင္းတစ္ခုမွာ လက္ထပ္ခြင့္ေတာင္းမယ္ လို႔ ဆုံးျဖတ္ထားပါတယ္။

ဒါေပမယ့္ Maruyama က Li ကို သတင္းဆိုးတစ္ခု ေျပာျပလိုက္ပါတယ္။

"မၾကာခင္မွာပဲ ေတာ္ေတာ္ ဆိုးဆိုးဝါးဝါး ေခါင္းကိုက္လာတယ္ ။ ကြၽန္မရဲ႕အတိတ္ေမ့ေရာဂါက ပိုဆိုးလာႏိုင္တယ္ လို႔ ဆရာဝန္ေတြက ေျပာၾကတယ္။ ကြၽန္မရဲ႕မွတ္ဉာဏ္က ျပန္ေပ်ာက္သြားၿပီး ျပန္မွတ္မိလာဖို႔ 50% ပဲ အခြင့္အေရးရွိပါတယ္။ ဒီလိုအေျခအေနမွာ ကြၽန္မနဲ႔အတူ ရွိေနခ်င္ေသးလား"

LI က " ရွိေပးမွာေပါ့" လို႔ ျပန္ေျဖလိုက္ပါတယ္။ အခုေတာ့ သူတို႔ႏွစ္ေယာက္ လက္ထပ္လိုက္ၾကပါၿပီ။

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments