အိမ်ထောင်တစ်ခုမှာ တစ်ယောက်က တုံးအ နေရပါမယ်

အိမ်ထောင် တစ်ခုမှာ ယောက်ျားကပဲ ဖြစ်ဖြစ် မိန်းမကပဲ ဖြစ်ဖြစ် တစ်ဦးဦးကတော့ တုံးအနေမှ ရေရှည် တည်မြဲတတ်ပါတယ် ။

နှစ်ယောက်စလုံး.. တော်နေ တတ်နေရင်တော့ အမြဲတမ်း အငြင်းအခုံတွေ အတိုက်အခံတွေနဲ့ အဆင်မပြေ ဖြစ်နေတတ်ပါတယ် ။

အချို့.. အိမ်ထောင်သည်တွေ ကျတော့လဲ နှစ်ဦးစလုံး တော်နေ ထက်နေ ကြပေမဲ့ တစ်ဦး တစ်ယောက်က အချင်ယောင် ဆောင်ပြီး နေပေးတတ် ကြတယ် ။

တစ်ခါတလေ.. နှစ်ယောက်စလုံးတောင် အ နေတတ်ကြသေးတယ် ။

တစ်ကယ်တော့.. အဲ့ဒီလို နေတာဟာ သူတို့ မသိလို့ မတတ်လို့ မပြောနိုင်လို့.. မဟုတ်ပါဘူး ။

အိမ်ထောင်တစ်ခု မိသားစုတစ်စု သာယာအောင် မပျက်စီးအောင် အဓိက ဦးစားပေးပြီး သူတို့ရဲ့ အတ္တနဲ့ မာန်မာနတွေကို ချိုးနှိမ်ထား ကြလို့ပါ ။

စာဖတ်သူအားလုံး ရေရှည် တည်မြဲပီး သာယာပျော်ရွှင်တဲ့ အချစ်ရေး အိမ်ထောင်ရေးမျိုး ရရှိ ပိုင်ဆိုင်နိုင်ကြပါစေ ။

crd

Post a Comment

0 Comments