အသက် ၃၀ကျော် မမတွေကို ရှာယူသင့်တဲ့ အကြောင်းအရင်း

အရမ်းကြီး နုဖတ် မနေပေမဲ့ မအိုမင်းသေးဘူး ။ အတွေ့အကြုံနဲ့ ရင့်ကျက်မှုကတော့ ၉ လောက် ရှိတယ် ။ အကြည့်ခံပီး ရိုးလို့မသွားတဲ့ အလှတရားမျိုးဆိုတာ ၃၀ ကျော် မမတွေမှာပဲ တွေ့ရတာ ။

မနွဲ့ဘူး ဂျီမကျတတ်ဘူး၊ ကလေးကလားလည်း မဆန်ဘူး။ တခါတလေ စိတ်အနည်းငယ် ကောက်တာလေးက လွဲရင်ပေါ့ ။

အမေတစ်ယောက်လို ဂရုစိုက်ပီး အမတစ်ယောက်လို ထိန်းကျောင်းပေးတယ် ။ ဆရာမတစ်ယောက်လို လမ်းပြပီး ချစ်သူလို ယုယတတ်တယ် ။

အပျော်အပျက်တော့ သွားမစလေနဲ့။ မြွေပွေးကို ခေါင်းပုတ်တာထက် ဆိုးသွားမယ် ။ တိုက်ဖန်များလို့ လှုပ်ရွရအောင် ၃၀ ကျော် မမတွေက သစ်တုံးတော့ မဟုတ်ဘူး ။

သူတို့ နှလုံးသားက တည်ငြိမ်လွန်း အားကြီးလို့သာ ၃၀ ကျော်အထိ တစ်ယောက်တည်း နေလာခဲ့တာ။ ဟုတ်တယ်လေ ။ ဝိုင်းဝိုင်းတော့လည်း လည်မနေပေမယ့် လည်နေတဲ့သူတွေကလည်း လမ်းဘေးက ကလေကချေ တစ်ယောက်မှ မပါဘူး။

ကံကောင်းတဲ့ အချစ်ရေးဆိုတာမျိုးက အသက်ငယ်ငယ် အရွယ်မှာ အိမ်ထောင်ကျတာမျိုး မဟုတ်ဘူး ။ ရည်းစား အများကြီး ထားတာမျိုးလည်း မဟုတ်ဘူး ။ ၃၀ ကျော် မမတွေနဲ့ ရည်းစား ဖြစ်ရတာကို ပြောတာ ။

ခေတ်ကိုလည်း တချက်ရှိုး ၊ ၁၃ နှစ်နဲ့ ရည်းစားထားပီး ၁၆ နှစ်မှာ အိမ်ထောင်ကျတဲ့ ခေတ်။ တည်ငြိမ် ရင့်ကျက်တဲ့ အလှပိုင်ရှင် အသက် ၃၀ ကျော် မမဆိုတာ အရမ်းကို ရှားသွားပီ ။

ဘယ်လိုပဲ ပြောနေပါစေ ၊ ရှားပါး ပစ္စည်းသာ တန်ဖိုးကြီးတာမို့ မမတွေမှ မရရင် မယူတော့ဘူး။ ယူမယ်ဆိုရင်တော့ တန်ဖိုးကြီး ၃၀ ကျော် မမတွေကိုပဲ ရှာယူမှာပါ။ မမတွေ ဝလို့ရှိရင် ပိုတောင် လှသေး ။

Tawmoe gyi

Post a Comment

0 Comments