မိတ်ကပ်လိမ်းတဲ့အခါ သင့်အသားအရေမှာ ဘာတွေဖြစ်လာမလဲ

မျက်နှာ အသားအရေအတွက် မိတ်ကပ်လိမ်းသင့်လား

မိတ်ကပ်ဆိုတာက ရှေးယခင်ခေတ်တွေ ကတည်းကနေ ခုခေတ် အချိန်ခါထိ မိန်းကလေးတွေကြားမှာ ရေပန်းစားအသုံးများနေတဲ့ အလှအပ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ မိတ်ကပ်တွေကို ယောကျာ်းမိန်းမမရွေး အသုံးပြုပေမယ့် အမျိုးသမီးတွေ ကြားမှာတော့ မရှိမဖြစ်ကို လိုအပ်ကြပါတယ်။

မိတ်ကပ်လိမ်းရင် မျက်နှာလေးက ကြွေလေးတွေလို ဖွေးဥသွားတာကြောင့် အမျိုးသမီးတွေက အရမ်း ကြိုက်ကြပါတယ်။ ဒီနေ့မှာတော့ မိတ်ကပ်လိမ်းခြင်းရဲ့ အကောင်းအဆိုး အကျိုးအကြောင်းတွေကို ဖော်ပြပေးသွားပါမယ်နော်။

၁။ ချွေးပေါက်တွေကို ကျဉ်းစေတယ်။

မိတ်ကပ်ကို နေ့ခင်းဘက်မှာ လိမ်းတာက လှပေမယ့် ညအိပ်တဲ့အခါမှာတော့ ဖျက်သင့်ပါတယ်။ ဒီလို မဖျက်တဲ့အခါမှာ ချွေးပေါက်တွေကို ကျဉ်းစေပြီး သင့်ကို ဝက်ခြံတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရင် မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့။

၂။ အရေးအကြောင်းများ ထလွယ်စေပါတယ်။

မိတ်ကပ်ကို ညအိပ်ယာဝင်ခါနီးတိုင်း ဖျက်သင့်ပါတယ်။ မျက်နှာကို သေချာစင်အောင်ဆေးပြီး အိပ်စက်ခြင်းက သင့်ကို အချိန်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၃။ သင့်အသားအရေကို ခြောက်သွေ့ကွဲအက်စေတယ်။

မိတ်ကပ်ကို အမြဲ သုံးစွဲနေခြင်းက သင့်အသားအရေကို ခြောက်သွေ့ကွဲအက် စေနိုင်ပါတယ်။ အရေပြား ပညာရှင်တွေကတော့ ဝက်ခြံပေါက်သူတွေဟာ မိတ်ကပ်သုံးစွဲဖို့ မသင့်တော်ဘူးလို့ ပြောပါတယ်။

တချို့ အရည်အသွေးမကောင်းတဲ့ မိတ်ကပ်ပစ္စည်းတွေက သင့်အသားအရေကိုပါ ထိခိုက်စေနိုင်တဲ့အပြင် ဝက်ခြံတွေ၊ အဆီပြန်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းခြင်းကနေ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။

၁။ မိတ်ကပ် brush များကို သန့်ရှင်းရေး ပြုလုပ်ပါ။

သင့်ရဲ့ Brush နဲ့ sponges ကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ဖို့ မမေ့ပါနဲ့။ ဒီလိုဆေးခြင်းက သင့်မျက်နှာကို ထိခိုက်စေနိုင်တဲ့ ဘတ်တီးရီးယားဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။

၂။ သင့်ရဲ့ မိတ်ကပ်ကို မျှဝေမသုံးပါနဲ့။

ဒီလိုမျှဝေသုံးစွဲတာက တစ်ခြားသူရဲ့ မျက်နှာပေါ်က ဘတ်တီးရီးယားတွေ သင့်ဆီကို ကူးစက်စေနိုင်ပြီးတော့ ဓာတ်မတည့်တော့တာတွေ၊ ဝက်ခြံပေါက်တာတွေ စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ သဘာဝကနေရတဲ့ မိတ်ကပ်မျိူးကိုသာ အသုံးပြုပါ။

Chemical နည်းပညာတွေနဲ့ ဖော်စပ်ထားတဲ့ မဟုတ်တဲ့ မိတ်ကပ်တွေကို ဆိုလိုတာပါ။ မိတ်ကပ်တွေက အမျိုးအစားများစွာ ရှိပါတယ်။ အဲ့ဒီလိုထဲကမှ သဘာဝကနေထုတ်လုပ်ထားတဲ့ မိတ်ကပ်ကိုသာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments