မိန်းမတစ်ယောက်ဟာ ဘယ်လောက်ထိ အရေးပါသလဲ

တကယ်လို့သာ သင့်ရဲ့အဖေ မိန်းမ အရွေးမှားခဲ့ရင် သင့်ရဲ့ငယ်ဘဝမှာ နာကျည်းမှုတွေနဲ့သာ စတင်ရပါလိမ့်မယ် ။ သင်သာ မိန်းမ အရွေးမှားခဲ့ရင် သင့်ရဲ့ အလယ်အလတ် ဘဝမှာ နာကျင်မှုတွေနဲ့ ပြည့်နေလိမ့်မယ် ။

တကယ်လို့သာ သင့်ရဲ့သား မိန်းမ မှားယွင်းရွေးမိခဲ့ရင် သင့်မှာ ကျန်ရှိနေတဲ့ သက်တမ်းတလျှောက်လုံး အထီးကျန်မှုတွေနဲ့သာ အဆုံးသတ် သွားရလိမ့်မယ် ။ သင့်ရဲ့အဖိုး မိန်းမ အရွေး မှားခဲ့ရင်တော့ သင်တို့ ဆွေမျိုး သုံးဆက် စလုံး ပိုင်ဆိုင်သင့်တာတွေ မပိုင်ဆိုင်ရဘဲ လက်လွှတ် ဆုံးရှုံးရလိမ့်မယ် ။

" Microsoft ကို တည်ထောင်တာ အရေးကြီးလား ? ပရဟိတ လုပ်တာ အရေးကြီးလား " လို့ .... Bill Gate ကို အင်တာဗျူး တခုမှာ မေးတော့ ဘေလ်ဂိတ်က ဒီလို ပြန်ဖြေတယ်..

" အဲ့ဒါတွေ ဘာမှ အရေးမကြီးပါဘူး ၊ ကိုယ်နဲ့လိုက်ဖက်တင်တယ်တဲ့ အိမ်ထောင်ဘက်ကောင်း တစ်စခုရဖို့သာ အရေးကြီးပါတယ် " တဲ့ ။

စီးပွားရေးသမားကြိး Warren Buffett ကလည်း ဒီလို ပြောခဲ့တယ်..

" စီးပွားရေး လုပ်ဖို့ ဘာအရင်းအနှီးမှ မလိုဘူး ၊ ထက်မြက်တဲ့ မိန်းမ တစ်ယောက်ပဲ လိုတယ် " တဲ့ ။

အမှန်တကယ်တော့ မိန်းမ ရွေးတာဟာ လူတစ်ယောက်ကို ရွေးတာ မဟုတ်ပါဘူး ၊ ဘဝနေထိုင်မှု တစ်ခုလုံးကို ရွေးချယ်လိုက်တာ ။

မိန်းမ တယောက်က..

" ရှေ့ မျိုးဆက်ရဲ့ ချမ်းသာမှု "

" ယခု မျိုးဆက်ရဲ့ ပျော်ရွှင်မှု "

" နောင် အနာဂတ်မျိုးဆက် " ကို ကိုယ်စားပြုတာ.. ။

မိန်းမကောင်း တစ်ယောက်ကို ရွေးချယ်နိုင်ခဲ့တဲ့ ယောကျ်ားလေးကတော့ ဆွေစဉ်မျိုးဆက် ၃ ခုလုံး ချမ်းသာစွာနဲ့ နေရလိမ့်မယ် ။ မိန်းမရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ရွေးချယ်လိုက်တဲ့ ယောကျ်ားနဲ့ အများကြီး သက်ဆိုင်ပါတယ် ။

ပညာရှိ ယောကျ်ားတစ်ယောက်ဟာ ကိုယ့်ရဲ့မိန်းမကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ နားလည်တယ် ။ ပညာရှိ မိန်းမကပဲ အိမ်ထောင်တခုကို ဘယ်လို ကိုင်တွယ်ထိန်းသိမ်းရမလဲ နားလည်တယ် ။

ပုခက်လွဲတဲ့ လက်တွေကပဲ တစ်အိမ်သားလုံးရဲ့ နေထိုင်မှု ပုံစံကို မြှင့်တင်ပေး သွားနိုင်တာ ။ မိန်းမတယောက်ရဲ့ စရိုက်က အသိပညာကို စုဆောင်းရင်း တည့်မတ် လာတာ ။

မိန်းမ တယောက်ရဲ့ အလှက ကိုယ့်ကိုယ်ကို တန်ဖိုးထားရင်း ပိုလှလာတာ ။ မိန်းမ တယောက်ရဲ့ ကျန်းမာရေးက အသေးစိတ် ဂရုစိုက်မှ တော်ကာ ကျတာ ။ မိန်းမ တယောက်ရဲ့ ဝိညဉ်က ဂီတတေးသွားကို ခံစားရင်း ဖြစ်ပေါ်လာတာ ။

မိန်းမ အယောက်တိုင်း အယောက်စီတိုင်းဟာ မိမိကိုယ်ကို ထိန်းသိမ်းပြုပြင်ပြီး ရင့်ကျက်လာ သင့်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သင်က သင့်ယောက်ျားရဲ့ အမြင့်ဆုံး အမှတ်နဲ့ သင့်ကလေးရဲ့ အစဦး အမှတ်ကို ဆုံးဖြတ်နိုင်စွမ်း ရှိလို့ပါပဲ ။

ဒီလိုမျိုး ပုခက်လွှဲတဲ့ လက်တွေက ကမ္ဘာကို ကိုင်လှုပ်နိုင်မယ့် မိန်းမသားတွေ အတွက် ရှယ်လိုက်ပါ ။

Crd

Post a Comment

0 Comments