မိန်းမတစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါ အချစ်က အဓိက မကျတော့ဘူး

ကျမချစ်သူကို ကျမ ပြောခဲ့ဖူးတယ် ။ နောက် ၂ နှစ်လောက်နေရင် ငါလက်ထပ် ဖြစ်လိမ့်မယ် ။ ဒါပေမယ့် ငါလက်ထပ်တဲ့သူက နင်ဟုတ်ချင်မှ ဟုတ်လိမ့် မယ် ။ နောက် ၂ နှစ်လောက်နေရင် အဆင်ပြေတဲ့သူကို ငါ လက်ထပ်သွားမှာပဲ ဆိုပီးတော့ပေ့ါ။

ဒါကို ကြားကြားချင်းတော့ သူစိတ်ဆိုးတယ် ။ နောက်တော့ သူ လက်ခံသွားတယ် ။ ကျမ ဆိုလိုတာက မိန်းမတစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါ.. အချစ်က အဓိက မကျတော့ဘူး ။ ကိုယ်ချစ်တဲ့သူ ဆိုရင်တော့ ပိုကောင်းတာပေါ့ ။ ဒီလူကို တစ်သက်လုံး အားကိုးရတော့မှာ တစ်သက်တာ မှီခိုရတော့မှာ မဟုတ်လား ။

အချစ်က ထမင်းမကျွေးဘူး ။ ကိုယ် ထမင်း အငတ်ခံနိုင်တယ်ပဲထား.. ကိုယ့်ရင်သွေးလေးတွေကို ပြည့်စုံအောင် ဖန်တီးဖြည့်စွမ်းချင်တယ် ။ ကိုယ့်ကလေးကို သူများထက် အောက်မကျ စေချင်ဘူး ။

နောက်တစ်ခုက မိဘ။ မိဘ စိတ်ပူရတဲ့ သားသမီး မဖြစ်ချင်ဘူး ။ ငွေဆိုတာ ဒုတိယဘုရားသခင်လို့ ခံယူထားတယ် ။ ကိုယ့် မိသားစုအတွက် ပြည့်စုံအောင် ရှာဖွေပေးနိုင်တဲ့ ယောကျ်ားကို ယူထားမှ စီးပွားရေး မပူပန်ရဘဲ ကိုယ့် သားသမီး ကိုယ့်မိသားစုအတွက် နွေးထွေးမှု အပြည့်အဝပေးနိုင်မှာလို့ပဲ ခံယူထားတယ် ။

ဒီအတွက် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တယ်။ ကိုယ့် ချစ်သူနဲ့ တစ်သက်လုံး အတူနေချင်တယ် ဆိုရင် ချစ်သူက အားကိုးလောက်တဲ့ အရည်အချင်း ၊ ယုံကြည် လောက်တဲ့ စွမ်းရည်ရှိအောင် ကြိုးစားပေါ့ ။

တစ်သက်လုံး တစ်နှစ်စောင့်လည်း ကြိုးစားနေတယ် ဆိုတဲ့ အဆင့်ကတက်မလာ ။ နှစ်နှစ်စောင့်လည်း စုဆောင်းမှုက နတ္ထိ.. ။ မျက်နှာလေး လာဖူးရတဲ့ဘဝမှာ ပျော်နေရုံနဲ့တော့ တစ်သက်နီးမှာ မဟုတ်ဘူး ။

မိန်းမတစ်ယောက်အနေနဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့ နေရာမှ.. သစ္စာရှိမှာလား ၊ ကြင်နာတတ်လား ၊ နွေးထွေးတတ်လား ဆိုတာတွေအပြင် အားကိုးရမှာလားဆိုတဲ့ အချက်ကိုပါ ထည့်တွက်မှာ အသေအချာပဲ ။ ဒုံရင်း ဒုံရင်း မျက်နှာမော်ဖူးမယ့်ဘဝ ရတဲ့လစာလေးကို ချစ်သူနဲ့ မုန့်စားရတဲ့ ဘောနပ်စ်လေးကို ချစ်သူနဲ့ လျှောက်ဖြုန်းနေတဲ့ အဆင့်နဲ့ မှန်းလို့ကတော့ တစ်နေ့ ကျန်ရစ်ဖြစ်မှာပဲ ။

ဖြစ်ခဲ့ရင်လည်း ကိုယ်ညံ့လို့ အားကိုးထိုက်တဲ့ ယောကျ်ားဆီ ပါသွားတယ်လို့ပဲ ယူဆလိုက်တော့ ။ ယောကျ်ား ဆိုတာ မိန်းမမယူခင်တည်းက စီးတဲ့ ရေ ၊ ဆည်တဲ့ ကန်သင်းမူကို ကျင့်ရမှာပဲ မဟုတ်လား.. ။

Tha Zin Ko Ko

Post a Comment

0 Comments