စောင်ကျိုးနဲ ရည်းစားစာ

ဒီမယ်.. ကို အရမ်း Crush ရပါတဲ့ Crush လေးရယ်..

လိုင်းပေါ်မှာ မင်း ရှိနေပါ့မလား ဆိုတဲ့ အတွေးနဲ့ မင်းရဲ့ မီးစိမ်းလေးကို သိန်းငှက်လို မျက်လုံးနဲ့ ကြည့်နေရတာကို ဆင်ကြံကြံ ပြီး ကျားချောင်း ချောင်းနေတယ်လို့ တစ်ဖတ်သတ်ကြီး မြင်းလို ခွာနဲ့ မပေါက်လိုက်ပါနဲ့ကွာ ။ တကယ်တော့ ကိုယ်က မင်းတင်တဲ့ ဓါတ်ပုံလေး ကို တွေ့လိုက်ရတာနဲ့ ရင်ခုန်သံတွေက " တဂိန် ဂိန် " နဲ့ ခဲမှန်တဲ့ ခွေးလေးလို ဖြစ်နေရတာကို အကောက်ကြံတဲ့ ဝံပုလွေ ကြီးပါ လို့ မင်း မပြောသင့်ပါဘူး ။ တကယ်ဆို ကိုယ်က မင်းနဲ့တွေ့မှ ခွေးအကြီး လုံးလုံး ဖြစ်ခဲ့ရတာ ။

လွမ်းတယ် ။ အရမ်းကို လွမ်းတယ် ။ မင်းကို လွမ်းတဲ့ နေတိုင်းဆို ကိုယ့်မှာ လဒ ကြီး လို မှိုင်မှိုင်နေရတာ သိပ်ကို ခက်ပါတယ် ။

မင်း လိုင်းပေါ် ကို မတက် တဲ့ ရက်တွေ ဆို မင်းကို သစ်ကုလားအုတ် လို မျှော်နေရတာ လည်တံတောင် ရှည်လု နီးပါးဖြစ်နေပြီ ။ ကိုယ့်မှာ မင်းကို မျှော်ရသလောက် မင်းကတော့ ကိုယ်ပို့တဲ့ စာတွေဆို seen ဖြစ်ဖို့ ဆိုက လိပ် သွားသလောက် ကြာတယ် ။ reply ပြန်ရင်လည်း ခရုနဲ့ ပတ်ကျိ လို တစ်အားနှေးတယ် ။

ကိုယ် မင်း post တွေမှာ မန့် တဲ့ comment လေးတွေကို မင်း reply လေး ပြန်ရုံနဲ့ ကိုယ့်ဘဝ ကြီးက ဝက် ရွှံ့ လူးသလို ပျော်နေရတယ် ။ ဘယ်လောက်ထိ ပျော်လဲ ဆိုရင် ရင်ထဲ မှာ " တကျွိ ကျွိ " နဲ့ မြေကြွက်ကြီး လုံးလုံးကို ဖြစ်လို့ ။ ဒါတွေကို မင်းကတော့ မသိဘူးနော် ။

ကိုယ့်မှာ မင်းကို ချစ်တဲ့ အကြောင်းတွေ ဘယ်လို ချပြ ချပြ ငဒူငအ ကြီး လုပ်နေတာ မင်းမှာ ပုရွတ်ဆိတ် ဦးနှောက် လောက်တောင် မရှိဘူးလား ။ တကယ်ဆို ကိုယ်က မင်းဘေးမှာ တောက်တဲ့လို တွယ်ကပ်နေချင်တာကို မင်းသိသင့်တယ် ။

ကိုယ့်မှာ မင်းကို ချစ်တဲ့ စိတ်တခုထဲနဲ့ ကိုယ့်မာနနဲ့ သိက္ခာတွေကို စာကလေးချီး ပါ ချ သလို ခံ လိုက်ရပြီ ။ ကိုယ် . . မင်းကို တခါတခါ လွမ်းတိုင်း မျောက်မီးခဲ ဖင်ခု ထားသလို ပျာယာတွေ ခတ် ခတ် နေရတယ် ။ မင်း ကိုယ့်ကို ချေ , လိုက်တဲ့နေ့ ဆိုရင် ကျွဲတကောင်လို ဒေါသတွေ ထွက်ပြီး မြင်မြင်ရာ လိုက်ခွေ့မိတော့ တာပဲ ။

crush ရယ်.. ကိုယ့် အချစ်က ငါး တကောင်လို ညှီစော် မနံပါဘူး ။ အရမ်းကို ဖြူစင်တယ် ။ ကိုယ့်အသည်းလေးက ကြောင်လေး တကောင်လို အရမ်း ထိရှခံစား လွယ်တယ် ။ ပုတ်သင်ညိုလို တွေ့သမျှ လိုက်ပြီး ခေါင်းညိတ်နေတဲ့ သူလည်း ကိုယ်က မဟုတ်ရတာ အာမခံပါတယ် ။

ဒီစကားတွေက လိပ်လို ကိုယ့်ဘက်ကို ယက်ပြီး ပြောနေတာ မဟုတ်ရပါဘူး ။ ကြက်တူရွေး တကောင်လို စကား တတ်နေတာလည်း မဟုတ်ဘူး ။ မင်းရဲ့ စပါးကြီးမြွေလို ညို့ချက်တွေ ထဲမှာ ကိုယ် မိသွားခဲ့ရုံပါ ။

မင်းက ကိုယ်လိုက်လေ ပြေးလေ လုပ်နေတဲ့ ယုန် တကောင်လိုပဲ ။ မင်းဥပေက္ခာ ပြုထားတဲ့ ကိုယ့်အချစ်နဲ့ မျှော်လင့်ချက်တွေက သမင်မွေးရင်း ကျားစားရင်းပဲ ။ ဟုတ်တယ် ။ မင်းက သိပ်ကို အရှောင်တိမ်းကောင်းလွန်းတယ် ။ တော ရဲ့ အထာကို နပ်နေတဲ့ တောဘုရင် ခြေင်္သေ့ နဲ့လည်း တူတယ် ။

မင်းက ဘယ်လို ဖမ်းဖမ်း ဖမ်းမရတဲ့ ကြက်နဲ့လည်း တူတယ် ။ ကိုယ့်လက်ထဲ က ချလွှတ်ကနဲ ထွက်သွားတဲ့ ငရှည့်မြွေ လိုပဲ ။ အရမ်း အပုန်းကောင်းတဲ့ ငါးခူ ကြီးပဲ ။

မင်းကို ချစ်မိလို့ ကိုယ့်ကို လူတိုင်းက နွားလို့ ပြောကြတယ် ။ ဘယ်သူတွေ ဘာပဲ ပြောပြောပါ ကိုယ်က မင်းအတွက် ဆိုရင် မင်း သေဆုံးသွားရင်တောင် ကိုယ်က လိုက်သေပေးမဲ့ အောက်ချင်းငှက်လို မျိုးပါ ။

ကျီးကန်းက ဘဲဥကို ချီတယ် ပဲ ပြောပြောပါ ။ ကျွဲလို အသားမည်း မိတာ ကိုယ့်အပြစ်လား ။ တကယ်ဆို ဗျိုင်းလေး တကောင်လို ဖြူ စင်နုနယ်တဲ့ သူကို ချစ်မိတာ ကိုယ့်အမှားမှ မဟုတ်ပဲ ။ ကိုယ့် နှလုံးသား နှစ် ၁၀၀၀ လောက်နေမှ တခါလောက် ပေါ်တဲ့ ဇာမဏီ ငှက်လိုပါ ။

ကိုယ့်လို အချစ်စစ်နဲ့ ချစ်လာနိုင်မဲ့ သူမျိုးက ပိုလာဝက်ဝံ လို ရှားသွားပါပြီ ။ ကိုယ့်အချစ်တွေက ဆင်တစ်ကောင်လို ခွန်အားကြီးတယ်။ မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက ကျားသစ် တကောင်လို ဘယ်သူ လိုက်လိုက် မမှီစေရဘူး။

ကျေးဇူးပြုပြီး မင်း အချစ်တွေက ကိုယ့်အပေါ် ပင်ကွင်းငှက်တွေ နေတဲ့ ဒေသက ရေခဲတွေလို မအေးစက်ပါနဲ့တော့ ။ ကုလားအုတ်တွေ ကျက်စားတဲ့ သဲ ကန္တာရလို မင်း အချစ်တွေ ကိုယ့်အပေါ် ပူနွေးပေးပါတော့ ။ တကယ်တော့ ကိုယ်ဆိုတာ မင်းဘေးမှာ မင်းကို ဖွန်လာကြောင်တဲ့ သူတွေကို မရမက ကိုက်ချင်နေတဲ့ ခြင်တကောင်ရယ်ပါ ။ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲသလဲ ဆိုတာ သိနေတော့လည်း မင်းဘေးက သူတွေကို မိကျောင်းလို အစိမ်းလိုက် အသေကိုက်ချင်တာ ကိုယ့်အမှားတော့ မဟုတ်ပါဘူးနော် ။

crush ရယ်.. မင်းကြောင့် ကိုယ့်မှာ ဖွတ်ကြီး လုံးလုံး ဖြစ်ခဲ့ရပါပြီ ။ မင်းသာ ကိုယ့်ကို ပြန်မချစ်ရင် ဂေါ်ဇီလာတွေလို မျိုးတုံးရ ပါတော့မယ် ။ အခုဆို မင်းကြောင့် ကိုယ့်နှလုံးသားလေး ပျားအတုတ် ခံရတာထက် ပိုပြီး ကင်းထိုးတာထက် နာပါတယ် ။

ဒါ့ကြောင့် မင်းဘေးနားမှာ ခါချဉ်ကောင်တွေလို ဝိုင်းအုံနေတဲ့ သူတွေကို ခါချပြီး ကိုယ်နှလုံးသားကို သားပိုက်ကောင်လို မင်းရင်ခွင်ထဲ ထည့်ပြီး သိမ်းပိုက်လိုက်ပါတော့ ။

ခဲတံ

Post a Comment

0 Comments