ဇနီးသည်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကိုမာဖြစ်နေရာမှ သတိပြန်လည်လာသော အမျိုးသား

ချစ်ခြင်းမေတ္တာ ဆိုတာ လူတွေရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်လောက်အောင် စွမ်းအားကြီးမားပါတယ်။ လူတစ်ယောက်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ သစ္စာရှိရှိ ချစ်နေဖို့က မလွယ်ပါဘူး။ ဒါပေမယ့် အချစ်က အတားအဆီးတွေ မှန်သမျှကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ဒီစုံတွဲလေးက သက်သေပြလိုက်ပါတယ်။

Laura Browing Grant က Pilates နည်းပြဆရာမ တစ်ယောက်ပါ။ သူမရဲ့အမျိုးသား Jonathan က ရေတပ်မှာ တာဝန်ထမ်းဆောင်ပါတယ်။ သူတို့နှစ်ယောက်က မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ နေကြပြီး 2012 ခုနှစ်က လက်ထပ်ခဲ့ကြပါတယ်။

Jonathan ဟာ မီးလောင်နေတဲ့ နေရာတစ်ခုကို ဆေးလက်ထောက်အဖြစ် ရောက်သွားပြီးနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘဝမှာ မထင်ထားတာတွေ ဖြစ်လာပါတော့တယ်။

Jonathan က တခြားသူတွေကို ကယ်ဖို့ကြိုးစားရင်းနဲ့ ဦးနှောက်ကို ထိခိုက်သွားပြီး ကိုမာဝင်သွားပါတယ်။ ဆရာဝန်တွေကတော့ မျှော်လင့်ချက်နည်းတယ်လို့ ပြောခဲ့ကြပေမယ့် လပေါင်းများစွာကြာအောင် Jonathan က သေလုမျောပါး ဖြစ်နေတာပါ။ ဒါပေမယ့် ဇနီးဖြစ်သူ ကိုတော့ ကျေးဇူးတင်ရမှာပါပဲ။

Joanathan သတိရလာခဲ့ပါတယ်။ သတိရလာတဲ့ အခါမှာတော့ သူ့ရောဂါက အကြောတွေ တုံ့ဆိုင်းသွားတဲ့ ရောဂါအဖြစ်ကို ပြောင်းသွားပါတယ်။ Jonathan ဟာ အရာရာကို အစကနေ ပြန်သင်ယူ ရပါတော့တယ်။ ဒါပေမယ့် Laura က အိပ်ယာက မထနိုင်တဲ့ ခင်ပွန်းသည်ဘေးကနေ မခွာခဲ့ပါဘူး။ သူမတတ်နိုင်သမျှ ပြုစုခဲ့ပါတယ်။

" အိပ်ယာထဲမှာလဲနေတဲ့ သူ့ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုက မမှန်ပါဘူး။ ဒါကြောင့် ကျွန်မ သူ့ခြေထောက်တွေကို နေ့တိုင်းနှိပ်ပေးတယ်။ Pilates မှာဆိုရင် ခြေထောက်ကနေစပြီး အထက်ကို တဖြည်းဖြည်း နှိပ်ပေးရပါတယ်" လို့ Laura က ပြောပါတယ်။

Laura က ခင်ပွန်းသည် စကားပြောနိုင်အောင် နေ့တိုင်း လေ့ကျင့်ပေးပါတယ်။ Jonathan က အကြိမ်များစွာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဒါပေမယ့် Laura က ပင်ပန်းကြောင်း၊ ဝမ်းနည်းကြောင်းကို ထုတ်မပြောပါဘူး။ အပြုံးနဲ့ပဲ သူ့ခင်ပွန်းကို အားတက်စေပါတယ်။ အခမဲ့ဆေးရုံမှာ ဆေးကုသကတည်းက Laura အိမ်မပြန်တော့ပါဘူး။ ဆေးရုံနဲ့နီးတဲ့ တိုက်ခန်းတစ်ခန်းမှာ ငှားနေပါတယ်။

Jonathan က စကားပြောလို့ မရတာကြောင့် စိတ်အလို မကျမှုတွေ ဖြစ်လာပါတယ်။ ဒီအချက်က Jonathan တစ်ယောက် Laura ကို ချစ်သေးရဲ့လားဆိုတာ သံသယဖြစ်စရာပဲနော်။ ဒါပေမယ့် တစ်နေ့မှာ ထူးထူးခြားခြားဖြစ်ရပ်နဲ့ ကြုံရပါတော့တယ်။ Lauraက Jonathan ဆီကို လာတဲ့အခါ Jonathan က သူမကို ပွေ့ဖက်ပြီး လည်ပင်းကို နမ်းလိုက်ပါတယ်။ Laura အတွက်တော့ အကောင်းဆုံး ဆုလာဘ်ပါပဲ။

မကြာမီမှာပဲ Jonathan ဟာ ခြေဟန်လက်ဟန် အမူအယာနဲ့အတူ " မင်းကို ချစ်တယ် " ဆိုတဲ့ စကားကို ကြိုးစားပြီး ပြောလာနိုင်ပါတယ်။ အခုတော့ Jonathan တစ်ယောက် ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေပါပြီ။ ကောင်းကောင်း နာလန်ထူနိုင်ဖို့တော့ အတော်ကြာ ကြိုးစားရဦးမှာပါ။

သူ့အတွက် အကူအညီတွေ လိုအပ်နေပေမယ့် အဆင်ပြေသွားမယ် ဆိုတာ သေချာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ချစ်ခြင်းမေတ္တာက အရာရာကို ကျော်ဖြတ်နိုင်လို့ပါပဲ။

Zombie (Lovemedia)

for zawgyi

ဇနီးသည္ရဲ႕ ခ်စ္ျခင္းေမတၱာေၾကာင့္ ကိုမာျဖစ္ေနရာမွ သတိျပန္လည္လာေသာ အမ်ိဳးသား

ခ်စ္ျခင္းေမတၱာ ဆိုတာလူေတြရဲ႕ကံၾကမၼာကို ေျပာင္းလဲပစ္ႏိုင္ေလာက္ေအာင္ စြမ္းအားႀကီးမားပါတယ္။ လူတစ္ေယာက္ကို ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ၊ က်န္းမာသည္ျဖစ္ေစ၊ မက်န္းမာသည္ျဖစ္ေစ သစၥာရွိရွိ ခ်စ္ေနဖို႔က မလြယ္ပါဘူး။ ဒါေပမယ့္ အခ်စ္က အတားအဆီးေတြ မွန္သမွ်ကို ေက်ာ္ျဖတ္ႏိုင္တယ္ဆိုတာ ဒီစုံတြဲေလးက သက္ေသျပလိုက္ပါတယ္။

Laura Browing Grant က Pilates နည္းျပဆရာမ တစ္ေယာက္ပါ။ သူမရဲ႕အမ်ိဳးသား Jonathan က ေရတပ္မွာ တာဝန္ထမ္းေဆာင္ပါတယ္။ သူတို႔ႏွစ္ေယာက္က ေျမာက္ကာ႐ိုလိုင္းနား ျပည္နယ္မွာ ေနၾကၿပီး 2012 ခုႏွစ္က လက္ထပ္ခဲ့ၾကပါတယ္။

Jonathan ဟာ မီးေလာင္ေနတဲ့ ေနရာတစ္ခုကို ေဆးလက္ေထာက္အျဖစ္ ေရာက္သြားၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ဘဝမွာ မထင္ထားတာေတြ ျဖစ္လာပါေတာ့တယ္။

Jonathan က တျခားသူေတြကို ကယ္ဖို႔ႀကိဳးစားရင္းနဲ႔ ဦးေႏွာက္ကို ထိခိုက္သြားၿပီး ကိုမာဝင္သြားပါတယ္။ ဆရာဝန္ေတြကေတာ့ ေမွ်ာ္လင့္ခ်က္နည္းတယ္လို႔ ေျပာခဲ့ၾကေပမယ့္ လေပါင္းမ်ားစြာၾကာေအာင္ Jonathan က ေသလုေမ်ာပါး ျဖစ္ေနတာပါ။ ဒါေပမယ့္ ဇနီးျဖစ္သူ ကိုေတာ့ ေက်းဇူးတင္ရမွာပါပဲ။

Joanathan သတိရလာခဲ့ပါတယ္။ သတိရလာတဲ့ အခါမွာေတာ့ သူ႔ေရာဂါက အေၾကာေတြ တုံ႔ဆိုင္းသြားတဲ့ ေရာဂါအျဖစ္ကို ေျပာင္းသြားပါတယ္။ Jonathan ဟာ အရာရာကို အစကေန ျပန္သင္ယူ ရပါေတာ့တယ္။ ဒါေပမယ့္ Laura က အိပ္ယာက မထႏိုင္တဲ့ ခင္ပြန္းသည္ေဘးကေန မခြာခဲ့ပါဘူး။ သူမတတ္ႏိုင္သမွ် ျပဳစုခဲ့ပါတယ္။

" အိပ္ယာထဲမွာလဲေနတဲ့ သူ႔ခႏၶာကိုယ္ရဲ႕ ေသြးလည္ပတ္မႈက မမွန္ပါဘူး။ ဒါေၾကာင့္ ကြၽန္မ သူ႔ေျခေထာက္ေတြကို ေန႔တိုင္းႏွိပ္ေပးတယ္။ Pilates မွာဆိုရင္ ေျခေထာက္ကေနစၿပီး အထက္ကို တျဖည္းျဖည္း ႏွိပ္ေပးရပါတယ္" လို႔ Laura က ေျပာပါတယ္။

Laura က ခင္ပြန္းသည္ စကားေျပာႏိုင္ေအာင္ ေန႔တိုင္း ေလ့က်င့္ေပးပါတယ္။ Jonathan က အႀကိမ္မ်ားစြာ ခြဲစိတ္ကုသမႈ ခံယူခဲ့ပါတယ္။ ဒါေပမယ့္ Laura က ပင္ပန္းေၾကာင္း၊ ဝမ္းနည္းေၾကာင္းကို ထုတ္မေျပာပါဘူး။ အၿပဳံးနဲ႔ပဲ သူ႔ခင္ပြန္းကို အားတက္ေစပါတယ္။ အခမဲ့ေဆး႐ုံမွာ ေဆးကုသကတည္းက Laura အိမ္မျပန္ေတာ့ပါဘူး။ ေဆး႐ုံနဲ႔နီးတဲ့ တိုက္ခန္းတစ္ခန္းမွာ ငွားေနပါတယ္။

Jonathan က စကားေျပာလို႔ မရတာေၾကာင့္ စိတ္အလို မက်မႈေတြ ျဖစ္လာပါတယ္။ ဒီအခ်က္က Jonathan တစ္ေယာက္ Laura ကို ခ်စ္ေသးရဲ႕လားဆိုတာ သံသယျဖစ္စရာပဲေနာ္။ ဒါေပမယ့္ တစ္ေန႔မွာ ထူးထူးျခားျခားျဖစ္ရပ္နဲ႔ ႀကဳံရပါေတာ့တယ္။ Lauraက Jonathan ဆီကို လာတဲ့အခါ Jonathan က သူမကို ေပြ႕ဖက္ၿပီး လည္ပင္းကို နမ္းလိုက္ပါတယ္။ Laura အတြက္ေတာ့ အေကာင္းဆုံး ဆုလာဘ္ပါပဲ။

မၾကာမီမွာပဲ Jonathan ဟာ ေျခဟန္လက္ဟန္ အမူအယာနဲ႔အတူ " မင္းကို ခ်စ္တယ္ " ဆိုတဲ့ စကားကို ႀကိဳးစားၿပီး ေျပာလာႏိုင္ပါတယ္။ အခုေတာ့ Jonathan တစ္ေယာက္ ေဆး႐ုံကဆင္းၿပီး အိမ္ျပန္ေရာက္ေနပါၿပီ။ ေကာင္းေကာင္း နာလန္ထူႏိုင္ဖို႔ေတာ့ အေတာ္ၾကာ ႀကိဳးစားရဦးမွာပါ။ သူ႔အတြက္ အကူအညီေတြ လိုအပ္ေနေပမယ့္ အဆင္ေျပသြားမယ္ ဆိုတာ ေသခ်ာပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ခ်စ္ျခင္းေမတၱာက အရာရာကို ေက်ာ္ျဖတ္ႏိုင္လို႔ပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments