အိပ်နေရင်း live stream ပြီး ငွေရှာနိုင်တဲ့ ကောင်လေး

သင့်ရဲ့ စိတ်ကူးအိပ်မက်ထဲက အလုပ်က ဘာဖြစ်မလဲ။ တချို့တွေရဲ့ စိတ်ကူးအိပ်မက်ထဲက အလုပ်က ရယ်စရာကြီး ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ တချို့ကလည်း အိပ်နေရင်းနဲ့ ငွေရှာတဲ့ အလုပ်ကို ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ အိပ်နေရင်း ငွေရှာတဲ့ အလုပ်ကို ရရှိသွားသူကတော့ ဖိလစ်ပိုင်နိုင်ငံက ဆယ်ကျော်သက် ကောင်လေးပါ။ သူက အိပ်နေရင်းနဲ့ live streaming လုပ်ပြီး ငွေရှာတာ ဖြစ်ပါတယ်။

Euan Garcera ဆိုတဲ့ကောင်လေးက သူ့ရဲ့ ETS Gaming ဆိုတဲ့ social media channel မှာ game ဆော့ပြပြီး stream ပါတယ်။ တခြား gamer တွေလိုပဲ သူက game stream လုပ်ရင်း ငွေရှာချင်တဲ့ဆန္ဒ ရှိပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကိုဗစ်ကာလမှာ သူ့အမေက အလုပ်လက်မဲ့ ဖြစ်သွားလို့ပါ။

တစ်နှစ်ကျော် game stream လုပ်လိုက်တဲ့အခါ သူ့မှာ ဒေါ်လာ ၆၀ ရခဲ့ပါတယ်။ အဲဒီငွေပမာဏက မများပေမယ့် သူ့အတွက် လမ်းစ ဖြစ်ခဲ့ပါတယ်။ Game streaming လုပ်လို့ရတဲ့ငွေက သိပ်မများပေမယ့် အိပ်တာကို stream လုပ်တဲ့အချိန်မှာတော့ ငွေတွေက ပိုဝင်လာခဲ့ပါတယ်။

အိပ်ပြီး stream တဲ့အခါ သူ့မှာ follower တွေ ပိုတိုးလာပြီး ပိုက်ဆံရတဲ့ star တွေလည်း ပိုရလာပါတယ်။ သူစပြီး အိပ်လိုက်တာနဲ့ တစ်လကို ဝင်ငွေဒေါ်လာ ၁၂၀ ကနေ ဒေါ်လာ ၃၀၀ လောက်အထိ ရလာပါတော့တယ်။ သူ့ရဲ့ streaming ကို ဖုန်းနဲ့ တီဗွီနဲ့လုပ်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် လူအများက အံ့ဩခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက သူ့မှာ laptop လည်းမရှိသလို ကွန်ပျူတာလည်း မရှိပါဘူး။ သူ့ရဲ့ streaming ကို ဦးလေးဖြစ်သူက သတိထားမိ လာတဲ့အခါ ကွန်ပျူတာလေးတစ်လုံး ဝယ်ပေးခဲ့ပါတယ်။ သူ့ရဲ့ဦးလေး Michael က အမေရိကန်မှာ နေထိုင်ပြီး ကျောင်းစာလေ့လာဖို့နဲ့ streaming လုပ်ဖို့ ဒေါ်လာ ၄၀၀ ပေးပါတယ်။

အဲဒီအတွက် ဦးလေးကို အရမ်းကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။ ဦးလေးပေးတဲ့ ငွေပမာဏက သူ့ဘဝမှာကိုင်ဖူးတဲ့ အများဆုံးငွေပမာဏ ဖြစ်တာကြောင့် ငိုတောင်ငိုမိသွားကြောင်း၊ ကွန်ပျူတာကောင်းကောင်း တစ်လုံးရသွားကြောင့် ဆယ်ကျော်သက်လေးက ဖော်ပြထားပါတယ်။

သူက game streaming လည်း လုပ်သလို အိပ်နေတုန်းလည်း stream လုပ်ပါတယ်။ Asian Andy လို့ခေါ်တဲ့ streamer တစ်ယောက်က တစ်ညအိပ်ပြီး stream ရုံနဲ့ ဒေါ်လာ ၁၆၀၀၀ အထိရကြောင်း ဖော်ပြထားပါသေးတယ်။

Zombie (Lovemedia)

for zawgyi

အိပ္ေနရင္း live stream ၿပီး ေငြရွာႏိုင္တဲ့ ေကာင္ေလး

သင့္ရဲ႕ စိတ္ကူးအိပ္မက္ထဲက အလုပ္က ဘာျဖစ္မလဲ။ တခ်ိဳ႕ေတြရဲ႕ စိတ္ကူးအိပ္မက္ထဲက အလုပ္က ရယ္စရာႀကီး ျဖစ္ခ်င္ျဖစ္ေနပါလိမ့္မယ္။ တခ်ိဳ႕ကလည္း အိပ္ေနရင္းနဲ႔ ေငြရွာတဲ့ အလုပ္ကို ရဖို႔ စိတ္ကူးယဥ္ၾကပါတယ္။ အိပ္ေနရင္း ေငြရွာတဲ့ အလုပ္ကို ရရွိသြားသူကေတာ့ ဖိလစ္ပိုင္ႏိုင္ငံက ဆယ္ေက်ာ္သက္ေကာင္ေလးပါ။ သူက အိပ္ေနရင္းနဲ႔ live streaming လုပ္ၿပီး ေငြရွာတာ ျဖစ္ပါတယ္။

Euan Garcera ဆိုတဲ့ေကာင္ေလးက သူ႔ရဲ႕ ETS Gaming ဆိုတဲ့ social media channel မွာ game ေဆာ့ျပၿပီး stream ပါတယ္။ တျခား gamer ေတြလိုပဲ သူက game stream လုပ္ရင္း ေငြရွာခ်င္တဲ့ဆႏၵ ရွိပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ကိုဗစ္ကာလမွာ သူ႔အေမက အလုပ္လက္မဲ့ ျဖစ္သြားလို႔ပါ။

တစ္ႏွစ္ေက်ာ္ game stream လုပ္လိုက္တဲ့အခါ သူ႔မွာ ေဒၚလာ ၆၀ ရခဲ့ပါတယ္။ အဲဒီေငြပမာဏက မမ်ားေပမယ့္ သူ႔အတြက္ လမ္းစ ျဖစ္ခဲ့ပါတယ္။ Game streaming လုပ္လို႔ရတဲ့ေငြက သိပ္မမ်ားေပမယ့္ အိပ္တာကို stream လုပ္တဲ့အခ်ိန္မွာေတာ့ ေငြေတြက ပိုဝင္လာခဲ့ပါတယ္။

အိပ္ၿပီး stream တဲ့အခါ သူ႔မွာ follower ေတြ ပိုတိုးလာၿပီး ပိုက္ဆံရတဲ့ star ေတြလည္း ပိုရလာပါတယ္။ သူစၿပီး အိပ္လိုက္တာနဲ႔ တစ္လကို ဝင္ေငြေဒၚလာ ၁၂၀ ကေန ေဒၚလာ ၃၀၀ ေလာက္အထိ ရလာပါေတာ့တယ္။ သူ႔ရဲ႕ streaming ကို ဖုန္းနဲ႔ တီဗြီနဲ႔လုပ္ခဲ့ၿပီး ေအာင္ျမင္ခဲ့တာေၾကာင့္ လူအမ်ားက အံ့ဩခဲ့ၾကပါတယ္။

အဲဒီအခ်ိန္တုန္းက သူ႔မွာ laptop လည္းမရွိသလို ကြန္ပ်ဴတာလည္း မရွိပါဘူး။ သူ႔ရဲ႕ streaming ကို ဦးေလးျဖစ္သူက သတိထားမိ လာတဲ့အခါ ကြန္ပ်ဴတာေလးတစ္လုံး ဝယ္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ဦးေလး Michael က အေမရိကန္မွာ ေနထိုင္ၿပီး ေက်ာင္းစာေလ့လာဖို႔နဲ႔ streaming လုပ္ဖို႔ ေဒၚလာ ၄၀၀ ေပးပါတယ္။

အဲဒီအတြက္ ဦးေလးကို အရမ္းေက်းဇူးတင္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဦးေလးေပးတဲ့ ေငြပမာဏက သူ႔ဘဝမွာကိုင္ဖူးတဲ့ အမ်ားဆုံးေငြပမာဏ ျဖစ္တာေၾကာင့္ ငိုေတာင္ငိုမိသြားေၾကာင္း၊ ကြန္ပ်ဴတာေကာင္းေကာင္း တစ္လုံးရသြားေၾကာင့္ ဆယ္ေက်ာ္သက္ေလးက ေဖာ္ျပထားပါတယ္။

သူက game streaming လည္း လုပ္သလို အိပ္ေနတုန္းလည္း stream လုပ္ပါတယ္။ Asian Andy လို႔ေခၚတဲ့ streamer တစ္ေယာက္က တစ္ညအိပ္ၿပီး stream ႐ုံနဲ႔ ေဒၚလာ ၁၆၀၀၀ အထိရေၾကာင္း ေဖာ္ျပထားပါေသးတယ္။

Zombie (Lovemedia)

Post a Comment

0 Comments